အိအိစက်စက်ဖက်ထုပ်လေးတွေကို အရသာအစုံစုံနဲ့ ပုံစံအမျိုးမျိုးသုံးဆောင်ရမယ့် ဖက်ထုပ်ဟောက်စ်

အခုလိုမိုးအေးအေးလေးထဲမှာ ပူပူနွေးနွေးဖက်ထုပ်အိအိလေးစားလိုက်ရရင် ဘယ်လောက်တောင်အရသာရှိလိုက်မလဲ အစားတစ်လိုင်းတို့ရေ။ခံတွင်းထဲကနေ  လည်ချောင်းဝတစ်လျှောက်လုံး ပူနွေးမှုတွေက ဝမ်းဗိုက်ထဲထိစီးဝင်ပြီး နွေးနွေးထွေးထွေးလေးနဲ့ ဗိုက်ဆာပြေသွားစေတာလည်း ဖက်ထုပ်ပါပဲနော်။ အပေါ်ယံအသားတွေကအိဖတ်နေသလို အတွင်းလွှာထဲကအသားတွေကို တမြေ့မြေ့အရသာခံရတာလည်း ဖက်ထုပ်စားရခြင်းရဲ့ ဖီးလ်တစ်မျိုးပါပဲနော်။ အက်မင်ပြောလိုက်လို့ ဖက်ထုပ်စားချင်စိတ်ချက်ချင်းပေါက်သွားပြီဆိုရင်တော့  ဖက်ထုပ်မျိုးစုံကိုရရှိနိုင်မယ့်” ဖက်ထုပ်ဟောက်စ် ” နဲ့ အစားတစ်လိုင်းတို့ကို မိတ်ဆက်ပေးလိုက်မယ်နော်။

ဖက်ထုပ်ဟောက်စ်ဆိုတဲ့နာမည်အတိုင်း ကူချိုင်ဝက်သားဖက်ထုပ်အိုးကပ်ကြော်/ပြုတ် ၊ ဂေါ်ဖီထုပ်ကြက်သားဖက်ထုပ်ကြော်/ပြုတ် ၊ သက်သက်လွတ်အိုးကပ်ဖက်ထုပ်ကြော်ပြုတ် ၊ ပင်လယ်စာအိုးကပ်ဖက်ထုပ်ကြော်/ပြုတ် ၊ တုံယမ်းအရသာကြက်သားအိုးကပ်ဖက်ထုပ်ကြော် ၊ ချိစ်အရသာဝက်သားဖက်ထုပ်အိုးကပ်ကြော် ၊(၅)ရောင်ခြယ်ရသာစုံ ဖက်ထုပ်အိုးကပ်ကြော် ၊ ဖက်ထုပ်ဆီချက်ချဉ်စပ် ၊ ဝက်သား/ကြက်သားဖက်ထုပ်ပေါင်း ၊ ဖက်ထုပ်ရေညှိဟင်းရည်နဲ့ XO ဆော့ ၊ ရသာချိုဖက်ထုပ်အကြွပ်ကြော်စတဲ့ ဖက်ထုပ်မျိုးကွဲအစုံစုံကို အရသာအဖုံဖုံနဲ့သုံးဆောင်ရမှာဖြစ်ပါတယ်။

ဖက်ထုပ်သားလေးက အိစက်နေသလို ကြော်ထားရင်လည်းမွမွလေးမို့ စားလို့ကောင်းမှကောင်းပဲ ။ X O ဆော့ကလည်းကိုယ်တိုင်လုပ်ထားတာမို့ တော်တော်လေးထူးခြားသလို တွဲဖက်စားရတာလည်းလိုက်ဖက်တယ်။ ဖက်ထုပ်တွေအပြင် ကြက်ခြေထောက်ရေခူသုပ် ၊ ကြက်ပေါင်းဂျုံခေါက်ဆွဲ ၊ ဝက်ကလီစာအစုံသုပ် ၊ ကြက်ပေါင်းရည်စတဲ့ အရသာထူးခြားတဲ့အစားအစာတွေ အများကြီးလည်းရသေးတယ်။ ဈေးနှုန်းတွေကလည်း (၁၅၀၀)ကျပ် ~ (၃၀၀၀)ကျပ်လောက်ပဲဆိုတော့ စားရတဲ့အရသာနဲ့ တော်တော်လေးတန်တယ်ပြောရမယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၄၀) ၊ ပဒုမ္မာပန်းခြံအနောက်လမ်းနှင့် စမ်းချောင်းလမ်းထောင့်အနီး ၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။

 

Image Source: www.facebook.com/hpe’htou’house

 

Leave A Comment

Your email address will not be published. Required fields are marked *