(၁)လအတွင်းဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်အသစ်လေးများအကြောင်း

စားသောက်ဆိုင်အသစ်ဆိုတာနဲ့ လက်တွေ့သွားရောက်စားသောက်ဖို့ ဆိုင်းပြင်နေကြတဲ့ အစားတစ်လိုင်းတို့ရေ … လတ်တလောအတွင်းမှာကို စားသောက်ဆိုင်အသစ်တွေ တော်တော်များများထပ်တိုးလာတာကို သတိထားမိကြလိမ့်မယ်ထင်ပါနော်။ ရန်ကုန်ရွှေမြို့ကြီးဟာလည်း စည်ကားတိုးတက်မှုတွေနဲ့အတူ နေရာအနှံ့အပြားမှာ စားသောက်ဆိုင်တွေဖွင့်လှစ်လာတဲ့အတွက် ရန်ကုန်မြို့ကအစားတစ်လိုင်းတို့အတွက်ကတော့ ဝမ်းမြောက်စရာ ရွှေခေတ်ပါပဲနော်။ အက်မင်လည်းသိပ်အများကြီးမကြွယ်ပေမယ့် စူးစမ်းမိသမျှလက်လှမ်းမီသလောက် (၁)လအတွင်းလောက်မှာ အသစ်ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်အသစ်လေးတွေအကြောင်းပြောပြပေးမယ်နော်။

  • Hello Xing Guo

ဒီဆိုင်လေးကတော့ ဇွန်လ(၂၀)ကျော်လောက်ကမှဖွင့်ထားတဲ့ဆိုင်လေးပါ။ မာလာရှမ်းကောအရမ်းတန်ပြီး အရသာဂွတ်ရှယ်လို့လတ်တလောရေပန်းစားနေတဲ့ဆိုင်လေးပါ။ မနက်(၇)နာရီကနေ (၁၁)နာရီအထိကို ရှမ်းစာ၊ ဦးနှောက်ခေါက်ဆွဲ ၊ မြီးရှည်တွေရနိုင်ပြီး နေ့လည်(၁၁)နာရီကနေ ည(၉)နာရီအထိ မာလာရှမ်းကော ၊ မာလာပုဇွန်နဲ့ မာလာအာလူးကြော်တွေရနိုင်မှာဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၃၃) ၊ လမ်းသစ်လမ်း ၊ ကမ်းနားဘလောက် ၊ လမ်းမတော်မြို့နယ်ဖြစ်ပါတယ်။

  • YPPN – Yum Zab & Roast

ဒီဆိုင်လေးကတော့ ဇွန်လ(၂၄)ရက်လောက်က စဖွင့်ထားတာဖြစ်ပြီး ဘယ်ဆိုင်နဲ့မှမတူတဲ့ စဉ့်အိုးထဲထည့်ကင်တဲ့ ယိုးဒယားကြက်ကင် နူးနူးအိအိလေးကြောင့် နာမည်ကြီးနေတဲ့ဆိုင်လေးပါ။ တခြားယိုးဒယားအစားအစာတော်တော်များများလည်းရနိုင်ပါသေးတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၁၂၂) ၊ ဦးချစ်မောင်လမ်းနှင့်အရှေ့လမ်းဟောင်းထောင့် ၊ ဗဟန်းမြို့နယ်ဖြစ်ပါတယ်။

  • Foo-D Drinks & Eatery

ဒီဆိုင်လေးကတော့ WYTU လှိုင်သာယာကျောင်းရဲ့အလွမ်းပြေလေးလို့တောင် ပြောလို့ရပါတယ်။ WYTU ရဲ့ Signature လို့နာမည်တွင်နေတဲ့ WYTU ကျောင်းမှာရောင်းတဲ့ အသားစုံပေါက်စီလေးကြောင့် တော်တော်လေးလူကြိုက်များနေတဲ့ဆိုင်လေးပါ။ ဟမ်ဘာဂါ ၊ ဟော့ဒေါ့ ၊ ဝက်စုံစိ ၊ ပုဇွန်ကော်ကြော်စတဲ့ WYTU ကျောင်း Canteen မှာရောင်းချတဲ့ Menu တော်တော်များများလည်း ရနိုင်ဦးမှာဖြစ်ပါတယ်။ ဇွန်လ(၁၁)ရက်နေ့ကဖွင့်လှစ်ခဲ့တဲ့ Foo-D ရဲ့ဆိုင်လိပ်စာကတော့ အမှတ်(၁၈) ၊ အရှေ့ကုန်းလမ်း ၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။

  • Fresh & Spicy

မာလာရှမ်းကောဆိုင်အသစ်သစ်တွေ များများစားစားပေါ်ထွက်နေတဲ့ကြားထဲကမှ မာလာရှမ်းကောချစ်သူတွေရင်ကို ထပ်မံထိုးဖောက်ဦးမယ့် ဆိုင်အသစ်လေးပါ။ မာလာရှမ်းကောအပြင် BBQ တွေလည်းရနိုင်ဦးမှာဖြစ်ပါတယ်။ ဇူလိုင်လ(၅)ရက်နေ့ကမှ ပူပူနွေးနွေးဖွင့်လှစ်ထားတာဖြစ်ပေမယ့် မက်လောက်စရာ ဆိုင်ဖွင့်ပွဲ Promotion တွေကြောင့် စိတ်ဝင်စားမှုများနေတဲ့ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့လိပ်စာကတော့ လှည်းတန်းဘူတာရှေ့ ခုံးကျော်တံတားအောက် ၊ ဗဟိုလမ်းမပေါ် ၊ လှည်းတန်းမှတ်တိုင်အနီး မှာဖြစ်ပါတယ်။

ကဲ… အစားတစ်လိုင်းတို့ရေ စားသောက်ဆိုင်အသစ်တွေအကြောင်းလည်း သိသွားပြီဆိုတော့ မြန်မြန်သာသွားစားကြည့်လိုက်တော့နော်။

Leave A Comment

Your email address will not be published. Required fields are marked *