ဂျပန်စားသောက်ဆိုင်ကောင်းကောင်းလေးသိချင်ပါသလား?

ကဲဒီတစ်ခါ Consumer တွေအတွက်ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဖွင့်တာလည်းသိပ်မကြာသေးပေမဲ့ ဆိုင်လေးကသန့်သန့်ရှင်းရှင်းလေးနဲ့ဖြစ်တဲ့အတွက် စားသုံးသူတွေကိုပထမဆုံးစိတ်ကျေနပ်မှုဖြစ်စေပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ ဝန်ထမ်းတွေကယဥ်ကျေးသိမ်မွေ့တာပါ။ အခုလို Service ကောင်းကောင်းပေးတဲ့အတွက် စားသုံးသူတွေလည်းစိတ်ကျေနပ်မှုရရှိပြီး satisfied ဖြစ်တာပေါ့။ ဒီဆိုင်လေးကလေး ရုံးကဝန်ထမ်းတွေနဲ့ Staff party ပဲလုပ်လုပ်၊ ကျောင်းပြီးကတည်းပြန်မဆုံဖြစ်ခဲ့တဲ့ငယ်သူငယ်ချင်းတွေ Reunion ပွဲပဲလုပ်လုပ်၊ မိသားစုလိုက်ပဲသွားစားစား ဂျပန်အစားအစာတွေနဲ့ပျော်ရွှင်ပွဲရာ party ပွဲလေးတစ်ခုကိုဖန်တီးလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ Japanese Food နဲ့ပက်သတ်တဲ့ Menu တော်တော်စုံစုံလင်လင်ရှိပါတယ်။ ကဲဒါဆိုစားသုံးသူတွေလည်းသိချင်နေကြပြီလို့ထင်ပါတယ်။ ဒီစားသောက်ဆိုင်လေးကတော့ Yamagawa Japanese Restaurant ဆိုင်လေးပဲဖြစ်ပါတယ်။ သိတဲ့လူလည်းရှိသလိုမသိသေးတဲ့သူတွေလည်းရှိမှာပါ။ ဒါဆိုဒီဆိုင်လေးက ဘယ်နေမှာရှိတယ်ဆိုတဲ့ Location လေးကိုတစ်ချက်ညွှန်ပေးမယ်နော်။ အမှတ်(၁၆၄၁၆၈), အထက်ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်။ ဖုန်းနံပါတ်ကတော့-09-429068216 ဖြစ်ပါတယ်။ မနက် ၁၀နာရီလောက်ဆိုဖွင့်ပါတယ်။

  

  

ညဆိုရင် ၁၁ နာရီလောက်အထိဖွင့်တဲ့အတွက် တစ်ခါတစ်လေအိမ်ထဲမှာပျင်းနေရင်ပဲဖြစ်ဖြစ်၊ ဗိုက်ဆာလို့ပဲဖြစ်ဖြစ် သွားစားလို့ရတယ်နော်။ သူ့ရဲ့ Official Page ထဲမှာဝင်ကြည့်ကြည့်မယ်ဆိုရင် ဆိုင်ရဲ့အပြင်အဆင်လေးနဲ့ ဖန်တီးထားတဲ့ Menu တွေကအခုချက်ချင်းဂျပန်နိုင်ငံကိုရောက်ရှိသွားသလားအောက်မေ့စေပါတယ်။ ဂျပန်အစားအစားကြိုက်တဲ့ သူတွေအတွက်တကယ့်ခံတွင်းတွေ့စေပြီး ဆိုင်နားကမခွာနိုင်မှာအမှန်ပဲနော်။

 

သန့်ရှင်းလတ်ဆတ်တဲ့ Yamagawa Japanese Restaurant ဆိုင်လေးမှာရရှိနိုင်တဲ့ Menu အချို့ကိုဖော်ပြပေးထားပါတယ်။ အစားအစာတွေကိုကြည့်ရုံနဲ့ ဂျပန်အစားအစာကြိုက်သူတွေအခုချက်ချင်းသွားစားချင်စိတ်ဖြစ်ပေါ်စေပါတယ်။

  

    

ဒီဆိုင်လေးရဲ့ Official Facebook Page လေးမှာလည်းအစားအစာတွေနဲ့ ဆိုင်လေးရဲ့အကြောင်းကိုဝင်ရောက်လေ့လာကြည့်လို့ရပါတယ်။ Local  အတွင်းမှာရှိတဲ့ အစားအစာအကောင်းတွေရရှိနိုင်တဲ့ဆိုင်တွေကိုလမ်းညွှန်ပေးမှာဖြစ်တဲ့အတွက်အစားအစာကောင်းတွေကိုမှစားချင်တဲ့စားသုံးသူတွေနောက်ထပ် ဘယ်ဆိုင်တွေမှာဘယ်လိုအစားအစာတွေရရှိနိုင်သလဲဆိုတာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Yamagawa Japanese Restaurant Facebook Page : www.facebook.com/Yamagawa-Japanese-Restaurant

 

Leave A Comment

Your email address will not be published. Required fields are marked *