Coffee နဲ့ Toast ကောင်းကောင်းလေးတွေကြိုက်ရင်တော့ Ya Kun ကို ဒိုးလိုက်တော့နော်

မြန်မာပလာဇာ ၊ လှည်းတန်းစင်တာ ၊ Junction Square ၊ City Mall St.John ၊ ဗိုလ်ချုပ်ဈေး ၊ Capital Hyper Market ၊ ရန်ကုန်အင်တာနေရှင်နယ်ဆိုင်ခွဲနဲ့ မင်္ဂလာမန္တလေးတွေမှာ ဆိုင်ခွဲတွေအများကြီးဖွင့်လှစ်ထားပြီး အစားတစ်လိုင်းတို့ရဲ့ရင်ထဲ နေရာအပြည့်ယူထားနိုင်တဲ့ Ya Kun Cafe Myanmar နဲ့ Foodies Navi ကနေမိတ်ဆက်ပေးချင်ပါတယ်။ Ya Kun ကတော့ စင်ကာပူစတိုင် Coffee နဲ့ Toast တွေကို မြန်မာခံတွင်းနဲ့အလိုက်ဖက်ဆုံး ဖန်တီးပြုလုပ်ရောင်းချပေးနေတဲ့ဆိုင်လေးဖြစ်ပါတယ်။

Yakun မှာတော့ ကရားနဲ့ထောပတ်ဆိမ့်ဆိမ့်လေးတွေထည့်ပြီး နူးနူးညံ့ညံ့လေးပြုလုပ်ပေးထားပြီး Coffee လေးနဲ့တွဲဖက်လိုက်ရင် တကယ့်ကိုလိုက်ဖက်ကောင်းမွန်တဲ့  Kaya Butter Steamed Bread ၊ ရင်ကိုအေးမြပြီးစိတ်ကြည်လင်လန်းဆန်းစေမယ့် Coconut Cooler ,  Lychee Crush , Lime Soda ၊ အသီးအရွက်နဲ့ကြက်သားတွေကို ချိုချိုချဉ်ချဉ်လေးချက်ပြုတ်ပေးထားတဲ့ ကြက်ချိုချဉ် ၊ Ya Kun ရဲ့နာမည်အကြီးဆုံး ကြက်သားရဲ့အနှစ်အရသာတွေ စိမ့်ဝင်အောင်ချက်ထားတဲ့ စင်ကာပူကြက်ဆီထမင်း ၊ အုန်းနို့နံ့သင်းသင်းလေးနဲ့ ချိုဆိမ့်ဆိမ့်လေးစားသုံးရမယ့် မလေးရှားပင်လယ်စာအုန်းနို့ခေါက်ဆွဲ ၊  Frostyz ၊ Puffs စတဲ့ စားသောက်ဖွယ်ရာအစုံအလင်ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

ဆိုင်အပြင်အဆင်တွေက သပ်ရပ်ခန့်ညားလှတာကြောင့် ကိုယ်တိုင်ကိုယ်ကျသွားစားရင်မိုက်သလို ဧည့်သည်တွေကိုလိုက်ဧည့်ခံဖို့အတွက်လည်း လုံးဝမျက်နှာမငယ်ရမယ့်ဆိုင်လေးပါ။ အဆာပြေပဲစားစား ၊ အဝပဲတွယ်တွယ် ရှယ်စားလို့ကောင်းစေမှာအသေအချာပါပဲ။ ဆိုင်ခွဲတွေလည်းအများကြီးရှိတယ်ဆိုတော့ အစားတစ်လိုင်းတို့နဲ့နီးတဲ့နေရာလေးကိုသာ ခြေဉီးလှည့်လိုက်ပါတော့နော်။

 

Image Soure : www.facebook.com/yakun

 

Leave A Comment

Your email address will not be published. Required fields are marked *