လျှာပေါ်တင်လိုက်ရုံနဲ့ မလွတ်တမ်းဝါးစားချင်စိတ်တွေ ??? တစ်ဟုန်ထိုးဖြစ်ပေါ်လာစေမယ့်……..

တရုတ်သိုင်းကားလေးတွေကြည့်တိုင်း  ? ? ?  သူတို့တွေအားရပါးရစားနေကြတဲ့ ရှောက်လုံးပေါင်းလေးတွေကို Foodies တို့တွေ့ဖူးကြမယ်ထင်ပါတယ်။ ? ? ?  အဲ့ဒီရှောက်လုံးပေါင်းလေးတွေက အခုဆိုရင်တီဗွီထဲကနေခုန်ထွက်လာပါပြီ။ ? ? ?  တရုတ်သိုင်းကားတွေမှာစားနေကြတဲ့ ရှောက်လုံးပေါင်းလေးတွေကို တီဗွီထဲကနေထိုင်ကြည့်နေစရာမလိုဘဲ ရန်ကုန်မှာတင်ဝယ်ယူစားသုံးလို့ရပါပြီနော်။  ? ? ?  ဒီတခါမှာတော့ Foodie Navi ကနေရှောက်လုံးပေါင်းလေးတွေရရှိနိုင်တဲ့ Xin Yang Yang ဆိုတဲ့ဆိုင်လေးနဲ့ Foodies တို့ကိုမိတ်ဆက်ပေးချင်ပါတယ်။ ရှောက်လုံးပေါင်းလေးတွေကိုစိတ်ဝင်စားတဲ့ Foodies တို့အတွက်  ?  ဆိုင်ရဲ့လိပ်စာလေးတွေကတော့– ? ? ? ? ?

  1. -No (4) , Nyaung Tone Road , Corner of Biho Road , Sanchaung Township , Yangon.
  2. -No (20) , Aung Zeta Road , Kayak Kone , Yankin Township , Yangon .
  3. -Pyay Road Ocean , St.John City Mall , 3rd Floor Food Court , Yangon .

Xin Yang Yang မှာတော့ ? ? ? ? ? ? ? ? ?  Pork Xiaolongbao , Steamed Vegetable & Pork Dumpling , Mixed Vegetable & Meat Pot Stickers , Fried Pork Chop , Pork Chop with Bean Sauce , Sasame Buns , Red Bean Buns , Custards Buns , Shrimp Shiamai , Pork Chop Fried Rice ,  Shrimp Pork Fried Rice , Pork Chop Rice , Deep Fried Chicken Rice , Kung Par Chicken Rice , Meat pot တွေကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ ထိုင်ဝမ်လက်ရာစစ်စစ်အတိုင်း အရည်အသွေးမြင့်ကုန်ကြမ်းတွေကို အသုံးပြုပြီးအဆင့်တန်းမှီမှီပြုလုပ်ထားကို စားကြည့်ဖူးရုံနဲ့သိရှိနိုင်မှာပဲဖြစ်ပါတယ်။ ? ? ?

လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေ  ? ? ? ? ? ?  အသားတွေနဲ့စီမံပြုလုပ်ထားတာကြောင့် သန့်သန့်ရှင်းရှင်းနဲ့စိတ်ချယုံကြည်စွာ  ? ? ?  စားသုံးနိုင်မှာပဲဖြစ်ပါတယ်။ ရှောက်လုံးပေါင်းနဲ့ပေါက်စီရဲ့ အပြင်ဘက်အသားလေးတွေဟာ နူးညံ့အိစက်နေပြီး  ? ? ?  အတွင်းမှာထည့်သွင်းထားတဲ့ အသား ၊ ပဲ စတာတွေကလည်း နူးနူးနပ်နပ်ကလေးနဲ့ အရသာဆွတ်ဖြန်းနေပုံက ? ? ?  လျှာပေါ်ရောက်သွားတဲ့အခါတိုင်း မလွတ်တမ်းဝါးစားချင်စိတ်တွေ တစ်ဟုန်ထိုးဖြစ်ပေါ်လာစေမှာအသေအချာပါပဲ။ ? ? ?  ထူးကဲတဲ့အရသာတွေကို  ♨️  ♨️ ♨️  ပူပူနွေးနွေးလေးခံစားရစေမှာဖြစ်ပြီး ခန္ဓာကိုယ်တွင်းက အကြောပေါင်းတစ်ထောင်တောင် စိမ့်ထွက်သွားစေလောက်အောင်  ? ? ?   အရသာခံအာရုံတွေက နှိုးဆွပေးနိုင်မှာဖြစ်ပါတယ်။  ? ? ?  မိသားစုနဲ့ပဲဖြစ်ဖြစ် ချစ်သူခင်သူတွေနဲ့ပဲဖြစ်ဖြစ် အရသာကောင်းကောင်းကို အတူမျှဝေခံစားဖို့ ဆန္ဒရှိတဲ့သူတိုင်း သွားစားသင့်တဲ့ဆိုင်လေးဖြစ်ပါတယ်။ ? ? ?

 

Image Source : www.facebook.com/xiyangyang,Xiaolongbao

Leave A Comment

Your email address will not be published. Required fields are marked *