အသားကင်၊ တရုတ်အစားအစာနဲ့ကြေးအိုး ကောင်းကောင်းစားချင်ပါသလား?

လှပတဲ့စမ်းချောင်းလမ်းမကြီးကိုကြည့်ရင်း သန့်ရှင်းလတ်ဆတ်ပြီးအရသာကောင်းတဲ့ အသားကင်၊ တရုတ်အစားအစာနဲ့ကြေးအိုး သောက်ချင်ရင် Win Star Restaurant ရှိတယ်နော်။ ဒါမှမဟုတ် အအေးခန်းထဲမှာအေးအေးဆေးဆေး သူငယ်ချင်းတွေနဲ့ relax လုပ်ချင်ရင်လဲရတယ်နော်။ ဝန်ဆောင်မှုပိုင်းလည်းအရမ်းကောင်းပြီး အစားအစာတွေကလည်းသန့်ရှင်းလတ်ဆတ်တဲ့အတွက်ကြောင့် စားသုံးသူတွေစိတ်ချမ်းသာမှုရရှိစေမှာအမှန်ပဲနော်။ Win Star Restaurant  ကိုစမ်းချောင်းလမ်းမပေါ်မှာဖွင့်ထားတာဖြစ်ပါတယ်။ ဒီဆိုင်လေးက အစားအစာရော၊ဝန်ဆောင်မှုရော အရမ်းကိုကောင်းတဲ့အတွက် စားသုံးသူတွေအရမ်းများပြီး လူအရမ်းစည်းတဲ့ဆိုင်လေးဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုအနေနဲ့ကတော့ Win Star Restaurant ဆိုင်လေးကို ၁၉လမ်း Chinatown အနီးမှာလည်းတစ်ဆိုင်ဖွင့်လှစ်ထားပါတယ်။

 

Win Star Restaurant and beer station ဖြစ်တဲ့အတွက်ကြောင့် barbecue နဲ့အခြားအစားအစာတွေကိုလည်းရရှိနိုင်ပါတယ်။ Grilled potatoes, quail eggs, corn, fish , meat and vegetables အမျိုးမျိုးရရှိနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။ ဘီယာနဲ့မြည်လို့ရတဲ့အမြည်းတွေကိုကြည့်မယ်ဆိုရင်တကယ့်ကိုစားချင်စရာလေးတွေဖြစ်ပါတယ်။

ရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲသွားသွား၊ သူငယ်ချင်းအပေါင်းသင်းတွေနဲ့ပဲထိုင်ထိုင်၊ မိသားစု Family Night Out ပဲလုပ်လုပ် အစားအစာအစုံအလင်ရရှိနိုင်ပြီး အကင်အမျိုးမျိုးရရှိနိုင်တဲ့ဆိုင်လေးဖြစ်တဲ့အတွက် အစားအစာချစ်မြတ်နိုးသူတွေအတွက်တကယ်ကို ခံတွင်းတွေ့၊အကြိုက်တွေ့စေမယ့်နေရာလေးဖြစ်ပါတယ်။ မရောက်ဖူးသေးဘူးဆိုရင်လည်း သွားစားစေချင်တယ်နော် တကယ့်အရသာရှိတဲ့ဆိုင်လေးမို့ဖိတ်ခေါ်ချင်ပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိတဲ့အစားအစာတွေစားသုံးရင် ပျော်ရွှင်သောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Win Star Restaurant Facebook Page : www.facebook.com/WinStarRestaurant

 

Leave A Comment

Your email address will not be published. Required fields are marked *