အပြားကြီးပြီးရှယ်ထူတဲ့ ကိုရီးယားဝက်သားကင်ကို အဝတွယ်ချင်သူတွေအတွက်

ဘာပဲသွားသွား ဝက်သားမှဝက်သားပဲစားတတ်တဲ့ ဝက်သားကြိုက်သူတွေကို ဝက်သားကင်ကြီးအဝအပြဲစားဆိုင်မယ့် ကိုရီးယားဝက်သားကင်အဝစားဆိုင်လေးအကြောင်းပြောပြပေးမယ်နော်။ ဝက်သားတစ်မျိုးတည်းသီးသန့် ဘူဖေးဆိုတော့ ဝက်သားရဲ့အရသာက စားနေကျပုံစံတွေကနေ လုံးဝကွဲထွက်ပြီး အရသာအရောင်အဆင်းအနံ့တွေပါ ရှယ်ကောင်းတဲ့အသားကို လက်တွေ့မြင်တွေ့ခံစားရမယ့်ဆိုင်လေးပါ။ ဒီဆိုင်လေးကတော့ ဦးရေခဲမုန့်ဟင်းခါးလမ်းထိပ်က ” Willys Korea BBQ ” ပါ။

ဝက်သားဆိုရင် ခေါင်းအစအမြီးအဆုံးအကုန်လုံးကိုကြိုက်တာပါဆိုတဲ့ အစားတစ်လိုင်းတို့အတွက် (၉၈၀၀)ကျပ်တည်းနဲ့ ကိုရီးယားဝက်သားကင်ကို တစ်ဝတစ်ပြဲကြီးစားနိုင်မှာပါ။ ဝက်သားတွေကလည်း အိစက်နူးညံ့ချက်ကကမ်းကုန်ပဲ။ အမြင်နဲ့တင်ကို ဝါးစားပစ်ချင်လာအောင် အပြည့်အဝဆွဲဆောင်ထားနိုင်တယ်။ ပါးပါးလေးတွေမဟုတ်ဘဲ အထူကြီးတွေဆိုတော့ တစ်လုံးတစ်လုံးခြဝါးလိုက်ရလို့ကတော့ လျှာပေါ်အရသာစိမ့်ထွက်ပြီး ရှယ်တွေကောင်းဦးမှာမြင်ယောင်သေးတယ်။ ဆိုင်မှာချပေးထားတဲ့ စိမ်းစိမ်းစိုစိုဆလပ်ရွက်လေးထဲ ဝက်သားကင်လေးကိုထည့်မြုပ် ၊ အပေါ်ယံကနေ ကင်ချီလေးအုံပြီးအပီဝါးပြီး အရသာခံလိုက်ရရင်ဖြင့် အာဂပါးစပ်လူဖြစ်ရကျိုးနပ်ရချည်သေးရဲ့။

ဝက်သားချည်းသီးသန့်(၉၈၀၀)ဆိုတော့ အနည်းငယ်ဈေးများတယ်လို့တော့ပြောလို့ရတယ်။ ဒါပေမယ့် အက်မင်တို့လို ဝက်သားဆိုတာနဲ့အိပ်မက်မက်နေရာကနေ နိုးထလာတတ်တဲ့သူတွေအတွက်ကတော့ ရှယ်တန်တယ်ပြောရမယ်။ BBQ ဆိုင်တွေသွားတိုင်းလည်း ဝက်သားချည်းပဲလှိမ့်စားနေတတ်တော့ ဒီလိုဝက်သားချည်းရှယ်ပြင်ဆင်ထားတဲ့ဆိုင်လေးရှိတာ တော်တော်ကြီးကံကောင်းတယ်ရယ်။ တခြား ကိုရီးယားဟင်းပွဲတွေလည်းရနိုင်သေးပေမယ့် ဝက်သားကင်လောက်ကိုအရသာမတွေ့လှဘူး။ မင်မင်နဲ့ဘဝတူဝက်သားခရေဇီလေးတွေ သွားစားနိုင်ဖို့အတွက် Willys ရဲ့လိပ်စာကတော့ ဦးရေခဲလမ်းထိပ် ၊ အောင်ရိပ်သာလမ်း ၊ မရမ်းကုန်းမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည(၁၁)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source: www.facebook.com/willyskoreabbq

Leave A Comment

Your email address will not be published. Required fields are marked *