စားနေပေမယ့် ဝိတ်မတက်လာစေဖို့ ကူညီပေးနိုင်မယ့် အစားအစာပုံစံ

အလှအပရေးရာကို ဦးစားပေးလာတဲ့ခေတ်ကြီးထဲမှာ အမျိုးသမီးရောအမျိုးသားပါ ရှိရင်းစွဲခန္ဓာကိုယ်အလေးချိန်ထက် ပိုတိုးလာမှာကို အလွန်စိုးရိမ်လာကြပါတယ်။ ဝိတ်တက်စေတဲ့အကြောင်းအရင်းတွေအများကြီးရှိပေမယ့် အဓိကအားဖြင့်တော့ အစားအသောက်ကြောင့်ဖြစ်တာများပါတယ်။ အစားအသောက်ဆိုတာလည်း လူတိုင်းတက်မက်တဲ့အရာဆိုတော့ ဆင်ခြင်ဖို့ကအလွန်ကိုခဲယဉ်းလှပါတယ်။ ဒါကြောင့် အစားများများစားပေမယ့် ဝိတ်မလာစေမယ့်နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

ရေသောက်တဲ့အချိန်ပြောင်းလဲပါ

ရှေးရိုးစွဲအယူအရ ထမင်းစားတဲ့အချိန်မျိုးမှာ လည်ချောင်းမှာအစာမနင်စေဖို့အတွက် ရေသောက်ပေးတတ်ကြပါတယ်။ အစာခြေဖျက်မှုမတိုင်ခင် ရေသောက်ပေးလိုက်တာဟာ အစာတွေကိုမကြေညက်စေဘဲ ပွတက်လာစေတာကြောင့် ပုံမှန်အစာခြေဖျက်မှုကို အဟန့်အတားဖြစ်စေပြီး ဝမ်းဗိုက်ပိုပူလာကာ ကိုယ်အလေးချိန်တက်လာစေပါတယ်။ ရေသောက်သင့်တဲ့အချိန်တွေကတော့ မနက်အိမ်ယာထချိန်နဲ့ ညအိပ်ယာမဝင်ခင်အချိန်တွေမှာ များများသောက်ပေးသင့်ပြီး ထမင်း/ဗိုက်ပြည့်စေတဲ့အစားအစာတွေမစားခင် အနည်းဆုံး(၁၅)မိနစ်အလိုလောက်မှာ ရေကြိုသောက်ပေးသင့်ပါတယ်နော်။ ဒီလိုသောက်ပေးခြင်းကြောင့် အစားအလွန်အကျွံစားဖြစ်တာလည်း ခုခံပေးနိုင်ပါတယ်နော်။

သံပုရာရည်သောက်ပေးပါ

ဝက်သားဒုတ်ထိုး ၊ ဒံပေါက် ၊ ဆီကြော်စာ ၊ ဆီချက်ခေါက်ဆွဲတို့လို အဆီအဆိမ့်များပြီး ကယ်လိုရီတွေအများကြီးတက်စေတဲ့ အစားအစာတွေဟာ ကိုယ်အလေးချိန်တက်လာစေဖို့ အားအပေးဆုံးပါပဲ။  ဒီလိုအစားအစာတွေစားပြီးတိုင်းမှာ သံပုရာသီးကို အစိပ်လေးတွေစိတ်ပြီး တစ်စိပ်ချင်းစီ ခံတွင်းထဲကိုညှစ်ထည့်ပြီး သောက်ပေးပါ(တစ်စိတ်ချင်းစီသောက်တဲ့အတွက် အချဉ်စူးရှမှုကို သက်သာစေတဲ့အတွက်ပါ) ။ သံပုရာသီးမှာပါဝင်တဲ့ Acid ဓာတ်က ကယ်လိုရီဓာတ်တွေကို လောင်ကျွမ်းစေနိုင်ပြီး ဝိတ်မတက်လာစေဖို့အတွက် ဟန့်တားပေးနိုင်ပါတယ်။

အသီးအရွက်တွေတွဲစားပေးပါ

အသားငါးတွေကိုသာ ကြိုက်နှစ်သက်ကြပေမယ့် အသီးအရွက်ဆိုရင်တော့ ဖယ်စားတတ်တဲ့သူများပါတယ်။ အသီးအရွက်နဲ့အသားငါးကို တွဲဖက်မစားဘဲ အသားချည်းစားနေမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေချို့တဲ့ပြီး ကယ်လိုရီဓာတ်တွေပဲပိုများကာ ဝိတ်တက်စေဖို့ လမ်းစဖြစ်လာနိုင်ပါတယ်။

အသီးဖျော်ရည်ပြောင်းသောက်ပါ

Instant အချိုရည်တွေပေါများလာတာနဲ့အမျှ သဘာဝအသီးတွေကိုသောက်သုံးဖို့ မေ့လျော့လာတတ်ကြပါတယ်။ အရံသင့်သောက်သုံးလို့ရတဲ့ အချိုရည်တော်တော်များများဟာ ကျန်းမာရေးနဲ့မညီညွတ်ဘဲ အချိုဓာတ်ဦးစားပေးထားတာကြောင့် ကိုယ်အလေးချိန်တက်စေပါတယ်။ ဒါကြောင့် သဘာဝအသီးဖျော်ရည်လေးတွေကို သောက်သုံးပြီးအချိုဓာတ်ကို ဖြည့်တင်းပေးလို့ရပါတယ်။

ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ပေးမယ်ဆိုရင် ရှိရင်းစွဲခန္ဓာကိုယ်အလေးချိန်ထက် ပိုမသွားစေအောင် ထိန်းပေးထားနိုင်မှာပဲဖြစ်ပါတယ်။

Leave A Comment

Your email address will not be published. Required fields are marked *