ကိုရီးယားအငွေ့အသက်တွေ ခံစားရရှိနိုင်စေဖို့ တော့ပိုကီလုပ်စားကြရအောင်

ကိုရီးယားဒရမ်မာကားတွေ မြန်မာနိုင်ငံမှာခေတ်စားလာတာနဲ့အမျှ ကိုရီးယားရိုးရာအစားအစာတွေကိုလည်း ရောင်းချလာကြသလို ဝယ်ယူစားသုံးပြီး ကြိုက်နှစ်သက်သူများလည်းရှိလာပါပြီ။ ဒီထဲကမှ တော့ပိုကီကတော့ မြန်မာခံတွင်းနဲ့ပနံသင့်သလို လူကြိုက်များတာကြောင့် Foodies Navi ကနေ တော့ပိုကီပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ကိုရီးယားရိုးရာအစားအစာဆိုပေမယ့် လုပ်စားရတာအရမ်းလွယ်ကူပြီး ဆိုင်လက်ရာအတိုင်း ကွက်တိရရှိနိုင်တာကြောင့်  ပေါ့ပေါ့ပါးပါးလုပ်စားလို့ကောင်းတဲ့အစားအစာလေးဖြစ်ပါတယ်။

တော့ပိုကီပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

  • ဆန်မှုန့်()ထုပ်
  • ကိုရီယားငရုတ်သီးဆော့စ် (ထမင်းစားဇွန်း ၄ ဇွန်း)
  • ပဲငံပြာရည်(အနောက်)
  • ဂေါ်ဖီထုပ် (အနည်းငယ်)
  • မုန်လာဥအနီ (အနည်းငယ်)
  • ကြက်သွန်နီ ()လုံး
  • ကြက်သွန်မြိတ် ()စည်း
  • နှမ်း (အနည်းငယ်)
  • -CP ကြက်ဉချောင်း ()ချောင်း
  • ဆား (အနည်းငယ်)
  • ဟင်းချိုမှုန့် (အနည်းငယ်)
  • ငရုတ်သီးအလှော်မှုန့် (အနည်းငယ်)
  • ကြက်ဥ ()လုံး

တော့ပိုကီပြုလုပ်ပုံကတော့ပထမဦးဆုံးမုန်လာဥအနီကိုအကွင်းလေးတွေလှီးထားပြီးဂေါ်ဖီထုပ်ကိုတော့အနေတော်အရွယ်လေးတွေလှီးထားပါ။ကြက်သွန်အနီကိုလည်းမထူမပါးလေးလှီးထားပြီးကြက်သွန်မြိတ်ကိုလည်းခပ်ပါးပါးလေးလှီးထားပါ။ကြက်ဥတစ်လုံးကိုလည်းပြုတ်ထားပါ။

ပြီးရင်တော့ ငရုတ်သီးဆော့စ်တွေကို ဇလုံလေးတစ်ခုထဲမှာထည့်ပြီး ဆား ၊ ဟင်းချိုမှုန့် ၊ ငရုတ်သီးအလှော်မှုန့် အနည်းငယ်စီကိုပါရောထည့်ကာ သမအောင်မွှေပါ။

ဆန်မှုန့်တစ်ထုပ်ကိုတော့ ရေအနည်းငယ်ရောစပ်ပြီးနယ်ပေးပါ။ တော့ပိုကီအချောင်းလေးတွေရဖို့အတွက် လက်ညှိုးအရွယ်ပုံစံလေးတွေပြုလုပ်ပြီး ပွက်ပွက်ဆူနေတဲ့ရေနွေးထဲမှာ (၁၀)မိနစ်ခန့်ထည့်ပြုတ်ပါ။တော့ပိုကီအချောင်းလေးတွေရေပေါ်ပေါ်လာပြီဆိုရင်တော့ဆယ်ယူထားလို့ရပါပြီ။

ဒယ်အိုးထဲမှာဆီအနည်းငယ်ထည့်ပြီးကြက်သွန်နီမထူမပါးလေးတွေကိုထည့်ပြီးရဲလာတဲ့အထိကြော်ပေးပါ။ဂေါ်ဖီနဲ့မုန်လာဥအနီကိုလည်းအဲ့ဒီဒယ်အိုးထဲကိုရောထည့်ပြီးနွမ်းသွားတဲ့အထိချက်ပေးပါ။ပြီးရင်တော့ပဲငံပြာရည်နဲ့ရေအနည်းငယ်ရောထည့်ပြီးရေဆူပွက်လာရင်တော့ခုနကဖျော်ထားတဲ့ငရုတ်သီးဆော့စ်ရောထည့်ပြီး ()မိနစ်ခန့်မွှေပေးပါ။ မွှေပြီးရင်တော့ ကြက်ဥချောင်းလေးတွေလှီးထည့်ပြီး ကြက်ဥပြုတ်နဲ့ တော့ပိုကီအချောင်းလေးတွေကိုထည့်ပြီး ()မိနစ်လောက်မွှေပေးပါ။ဒါဆိုရင်တော့အရသာထူးကဲကိုရီးယားရိုးရာတော့ပိုကီလေးကိုရရှိပါပြီ။တော့ပိုကီလေးပေါ်မှာနှမ်းအနည်းငယ်နဲ့ကြက်သွန်မြိတ်လေးတွေတင်ပြီးသုံးဆောင်မယ်ဆိုရင်တော့ကိုရီးယားအငွေ့အသက်တွေပါအပြတ်အသတ်ရရှိသွားစေနိုင်မှာအသေအချာပါပဲနော်။

Leave A Comment

Your email address will not be published. Required fields are marked *