ချဉ်ချဉ်စပ်စပ်ရှူးရှူးရှဲရှဲ သင်္ဘောသီးထောင်းလေးကို အလွယ်တကူလုပ်စားနိုင်စေဖို့..

ချဉ်ချဉ်စပ်စပ်ရှူးရှူးရှဲရှဲ အရသာလေးတွေကိုမှကြိုက်နှစ်သက်တဲ့ အစားတစ်လိုင်းတို့အတွက် Foodies Navi ကနေ အိမ်မှာတင်အလွယ်တကူ လုပ်စားလို့ရမယ့် ယိုးဒယားသင်္ဘောသီးထောင်းပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ သင်္ဘောသီးကလွဲပြီး ကျန်ပါဝင်ပစ္စည်းတွေအကုန်လုံးဟာ မီးဖိုချောင်သုံးပစ္စည်းလေးတွေဖြစ်တာကြောင့် အလုပ်ရှုပ်သက်သာပြီး အလွယ်တကူပျော်ပျော်ပါးပါးလုပ်စားလို့ကောင်းမယ့် နည်းလမ်းကောင်းလေးပဲဖြစ်ပါတယ်။

သင်္ဘောသီးထောင်း()ယောက်စာ ပြုလုပ်နိုင်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့

  • အနေတော်အရွယ်သင်္ဘောသီးတစ်ခြမ်း
  • ကြက်သွန်ဖြူ ()မွှာ
  • ပဲသီး(ကြိုက်သလောက်ထည့်ပါ)
  • မုန်လာဥနီ (ကြိုက်သလောက်ထည့်ပါ)
  • ငါးပိစိမ်းစား လက်()ဆစ်ခန့်
  • ပျားရည်ထမင်းစားဇွန်း()ဇွန်း
  • ထန်းလျက်ခဲ()ခဲ
  • ငံပြာရည်ထမင်းစားဇွန်း()ဇွန်း
  • မြေပဲ(ကြိုက်သလောက်ထည့်ပါ)
  • ပုဇွန်ခြောက် (ကြိုက်သလောက်ထည့်ပါ)
  • ငရုတ်သီးစိမ်း(ကြိုက်သလောက်ထည့်ပါ)
  • သံပုရာသီး()လုံး

ပထမဦးဆုံး သင်္ဘောသီးကိုအခွံနွှာပြီး အသီးခြစ်တဲ့ခြစ်လေးနဲ့ အချောင်းလေးတွေရအောင်ခြစ်ပါ။ မုန်လာဥနီကိုလည်း ထိုနည်းအတိုင်းခြစ်ထားပါ။ ပြီးရင်တော့ မြေ(သို့)သံငရုတ်ဆုံထဲကို ကြက်သွန်ဖြူအခွံနွှာပြီးသား ၊ ထန်းလျက်ခဲနဲ့ ငရုတ်သီးစိမ်းတွေကို မညက်တညက်လေး အရင်ရောထောင်းပါ။ ပြီးရင်တော့ မုန်လာဥနဲ့ပဲသီးကိုရောထောင်းပါ။ မုန်လာဥနဲ့ပဲသီးကို ကြေရုံလေးထောင်းပြီးပြီဆိုရင်တော့ ငရုတ်ဆုံထဲကို သင်္ဘောသီးခြစ်ထားတာတွေ၊ ငါးပိစိမ်းစား ၊ ပျားရည် ၊ ငံပြာရည် ၊ ပုဇွန်ခြောက်တွေကိုပေါင်းထည့်ကာ သံပုရာသီး()လုံးညှစ်ထည့်ပြီး သမသွားအောင်ထောင်းပေးပါ။ အချိုအချဉ်အငံအပေါ့ကို စိတ်တိုင်းကျပြင်ဆင်ပြီးပြီဆိုရင်တော့ ရှူးရှူးရှဲရှဲယိုးဒယားသင်္ဘောသီးထောင်းလေးကို ရရှိနိုင်ပါပြီနော်။ ကဲဒါဆိုရင်တော့ အချိန်ကုန်ငွေကုန်ခံ ဆိုင်မှာသွားစားစရာမလိုတော့ဘဲ အိမ်မှာတင်ချဉ်ချဉ်စပ်စပ်ရှူးရှူးရှဲရှဲ သင်္ဘောသီးထောင်းလေးကို အလွယ်တကူလုပ်စားလို့ရပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *