ထမင်းလိပ်ကို အလှမစားဘဲ အဝစားနိုင်စေဖို့ အိမ်မှာပဲလုပ်စားကြရအောင်

စီးစီးပိုင်ပိုင်ရှမ်းဆန်လေးတွေရဲ့ ? အရသာဆိမ့်ဆိမ့်လေးတွေကို လတ်ဆတ်တဲ့အသီးအရွက်တွေ ? ? ၊ ကြက်ဥချောင်းချိုချိုလေးတွေနဲ့ပေါင်းစပ်ပြီး ရေညှိဖတ်လေးနဲ့လုံးဖက်ထားကာ ချဉ်ဆိမ့်ဆိမ့်မိယောနိစ်လေးတင်ပြီး အာခံတွင်းထဲအပြည့်ထည့်ဝါးရတဲ့အရသာဟာ အရသာခံအာရုံကိုနှိုးဆွပေးနေသလို ? ? အစွဲကြီးစွဲစေတာကြောင့် ? ?  ထမင်းလိပ်ကို တော်တော်များများကြိုက်ကြတာဖြစ်ပါတယ်။ ထမင်းလိပ်တွေကို အလွယ်တကူဝယ်စားလို့ရပေမယ့် ? တစ်လုပ်စာလောက်ကို ၅၀၀ကျပ်လောက်ပေးနေရတော့ ? ? ဝယ်စားရတာမတန်ဘူးရယ်။ အဝစားချင်တဲ့ကိုယ်တွေအတွက်ဆို ? ဆင်ပါးစပ်နှမ်းပက်သလိုပါပဲ ? ? ကိုယ်တွေလိုဘဝတူတွေကို ကိုယ်ချင်းစာလို့  အိမ်မှာပဲပိုက်ဆံသက်သက်သာသာနဲ့ ထမင်းလိပ်အဝလုပ်စားနိုင်မယ့် နည်းလမ်းလေးကိုပြောပြပေးချင်ပါတယ်။

ထမင်းလိပ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ရှမ်းဆန် (နို့ဆီဗူး၁လုံး)
  • -ရေညှိဖတ်အပြားကြီး (၁၀)ချပ်
  • -CP ကြက်ဥချောင်းအထုပ်ပြီးတစ်ထုပ်
  • -ကြက်ဥ (၂)လုံး
  • -သခွားသီး အနေတော်အရွယ် (၁)လုံး
  • -ဆလပ်ရွက် (၁၀)ရွက်
  • -မုန်လာဥနီ (၂)လုံး
  • -မိယောနိစ် (၁)ဘူး
  • -အသားမှုန့် အနည်းငယ်

ပြုလုပ်ပုံကတော့ ရှမ်းဆန်ကိုပေါင်းအိုးထဲမှာ ရေလက်နှစ်လုံးတင်ထည့်ပြီး အရင်ဆုံးတည်ထားပါ။ ရှမ်းဆန်တည်ထားတဲ့အချိန်မှာတော့ ကြက်ဥ(၂)လုံးကိုခေါက်ပြီးကြော်ထားပါ။ CP ကြက်ဥချောင်းကို အိုးမကပ်တဲ့ဒယ်အိုးထဲမှာ ဆီအနည်းငယ်သာထည့်ပြီး လှိမ့်ကြော်ပေးပါ။ ကြက်ဥချောင်းလေးတွေနီလာပြီး ဆိုရင်တော့ ဆယ်ထားလို့ရပါပြီ။ မုန်လာဥနီကိုအခွံခွာပြီး အရှည်လိုက်(၅)စိတ်စီစိပ်ထားပါ။ သခွားသီးကိုလည်း အခွံခွာပြီးထောင်လိုက် (၅)စိတ်စီစိပ်ထားပါ။ ဆလပ်ရွက်ကိုလည်း သန့်စင်ပြီးရေစစ်ထားပါ။

ရှမ်းထမင်းကျက်သွားပြီဆိုရင်တော့ နယ်လို့ရနိုင်မယ့်အနေအထားလောက်ထိ အအေးခံထားပြီး အရသာအနည်းငယ်လေးသွားအောင် ကြက်သားမှုန့်အနည်းငယ်နဲ့ သမအောင်နယ်ပေးပါ။ ပြီးရင်တော့ ထမင်းလိပ်ပြုလုပ်တဲ့ဝါးပြားလေးပေါ်မှာ ရေညှိဖတ်လေးကိုခင်းပြီး ထမင်းသင့်တင့်သလောက်ကိုဖြန့်တင်ပါ။ ထမင်းပေါ်မှာတော့ ကြက်ဥကြော် ၊ ကြက်ဥချောင်း ၊ ဆလပ်ရွက် ၊ လှီးထားတဲ့ သခွားသီး ၊ မုန်လာဥနီ ၊ ကိုအစီအရီလေးတွေ ညီညီလေးတင်ပြီး ဝါးပြားလေးကိုအသုံးပြုကာ ဘယ်မှညာ/ညာမှဘယ် ကိုယ်အားသန်ရာဘက်ကို လိပ်ပေးပါ။  ထမင်းလိပ်အရှည်လိုက်လေးတွေရသွားပြီဆိုရင်တော့ တစ်လုပ်စာထမင်းလိပ်အရွယ်လေးတွေ ရရှိစေဖို့အတွက်အဝိုင်းလေးတွေရအောင် လှီးပေးပါ။ ပြီးရင်တော့ မိယောနိစ်တွေကို ထမင်းလိပ်တစ်ခုချင်းစီပေါ်မှာ လိုက်တင်ပေးပါ။

ဒါဆိုရင်တော့ အရသာပြီးပြည့်စုံတဲ့ ထမင်းလိပ်လေးတွေကို အားပါးတရ အသင့်စားသုံးလို့ရပါပြီနော် ။ အဆာခံတဲ့အစားအစာလေးလည်းဖြစ်တာကြောင့် ထမင်းအစားထိုးစားသုံးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်နော်။

Leave A Comment

Your email address will not be published. Required fields are marked *