အိအိဆိမ့်ဆိမ့်အရသာပေးစွမ်းပြီး ကလေးလူကြီးမရွေးကြိုက်နှစ်သက်တဲ့ အာလူးကတ်သလိတ်ပြုလုပ်နည်း

ပိတ်ရက်လေးတွေရောက်တိုင်း ဘာလုပ်စားရင်ကောင်းမလဲဆိုပြီး အမြဲစဉ်းစားနေတတ်တဲ့အစားတစ်လိုင်းတို့အတွက် Foodies Navi ကနေအာလူးကတ်သလိတ်ကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ အာလူးကတ်သလိတ်ကို အဆာပြေသရေစာအနေနဲ့ပဲစားစား ၊ ထမင်းနဲ့တွဲဖက်ပြီး ဟင်းတစ်အမယ်နေနဲ့ပဲစားစား အိအိဆိမ့်ဆိမ့်လေးနဲ့အရသာရှိလှတာကြောင့် ကလေးလူကြီးမရွေးကြိုက်တဲ့ အစားအစာလေးပါနော်။

အာလူးကတ်သလိတ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ –

  • -အာလူး(၅၀)သား
  • –ကြက်သားမှုန့် ထမင်းစားဇွန်း(၂)ဇွန်း
  • -ဆား ထမင်းစားဇွန်း(၁)ဇွန်း
  • -ငရုတ်ကောင်း ထမင်းစားဇွန်း(၁)ဇွန်း
  • -ကြက်ဥ(၂)လုံး
  • – ပဲဆီ (၂၀)ကျပ်သား

ပြုလုပ်ပုံကတော့ အာလူးတွေကို နူးအိနေတဲ့အထိပြုတ်ပြီး အခွံနွှာပြီးညက်အောင်ထောင်းပါ။ အာလူးထောင်းတဲ့အခါ ကြက်သားမှုန့် ၊ ဆား ၊ ငရုတ်ကောင်းမှုန့်တွေထည့်ပြီး အရသာစိမ့်ဝင်နှံ့သွားအောင်ထောင်းပါ။ ညက်သွားရင်တော့ ငါးဖယ်ပြားလေးတွေလိုပြုလုပ်ပေးထားပါ။ ဆီပူအောင်တည်ထားပြီး ကြက်ဥကိုခေါက်ထားပေးပါ။ ဆီပူလာပြီဆိုရင်တော့ အာလူးပြားလေးတွေကို ကြက်ဥအရည်လေးတွေထဲနှစ်ပြီး ဆီပူထဲမှာထည့်ကြော်ပေးပါ ။ အပေါ်ယံသားလေးတွေနီမြန်းလာပြီဆိုရင်တော့ အရသာရှိတဲ့အာလူးကတ်သလိတ်ဆိမ့်ဆိမ့်လေး စားလို့ရပါပြီနော်။

အာလူးကတ်သလိတ်နဲ့တို့စားဖို့အတွက် မန်ကျည်းရည်ပျစ်ပျစ်လေးထဲမှာ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ငံပြာရည် ၊ ဆားအနည်းငယ်တို့ကိုရောထည့်ပြီး အချဉ်ရည်ပြုလုပ်ပေးလို့ရပါတယ်နော်။

Leave A Comment

Your email address will not be published. Required fields are marked *