တွဲဖက်စားလို့အကောင်းဆုံး ကိုရီးယားကင်ချီပြုလုပ်နည်း

ကိုရီးယားဇာတ်ကားတွေထဲမှာ ထမင်းနဲ့နယ်ဖတ်ပြီး အားရပါးရစားသုံးကြတဲ့ ကိုရီးယားကင်ချီလေးကိုကြည့်ရင်း သွားရည်ကျဖူးကြဘ=လိမ့်မယ်ဖင်ပါတယ်။ ကင်ချီဟာ ဟင်းမရှိတဲ့အခါမျိုးမှာ ထမင်းနဲ့တွဲဖက်စားဖို့အဆင်ပြေသလို ၊ ခေါက်ဆွဲမျိုးစုံနဲ့ဆိုရင်လည်း အချဉ်အနေနဲ့အတွဲညီစွာ သုံးဆောင်နိုင်တာကြောင့် အိမ်မှာတင်အလွယ်တကူပြုလုပ်လို့ရတဲ့ ကိုရီးယားကင်ချီပြုလုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။

ကိုရီယားကင်ချီပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -မုန်ညင်းဖြူထုပ်
  • -မုန်လာဥဖြူ/နီ (၁)ဥစီ
  • -ကြက်သွန်မြိတ်
  • -ဂျုံမှုန့်/ကောက်ညင်းဆန်
  • -သကြား
  • -ဆား
  • -ငရုတ်သီးမှုန့်

ပထမဦးဆုံး မုန်ညင်းထုပ်ကိုဆားနဲ့နယ်ပြီး (၂)နာရီခန့်စိမ့်ထားပြီး ရေပြောင်အောင်ဆေးပါ။ မုန်လာဥဖြူ/နီ ၊ ကြက်သွန်မြိတ်တို့ကို အချောင်းလေးတွေရအောင် လှီးထားပါ။ ဂျုံမှုန့်/ကောက်ညင်းဆန်ကို ညက်အောင်ထောင်းပြီး ရေနဲ့ရောကျိုပါ။ ကျိုထားတဲ့ ဂျုံမှုန့်/ကောက်ညင်းဆန်အရည်ထဲကို ငရုတ်သီး ၊ ဆား ၊ သကြားတို့ကို ရောမွှေထားပါ။ ရောမွှေလို့ရတဲ့ ငရုတ်ဆီအရောင်အနှစ်တွေကို လှီးဖြတ်ထားတဲ့အသီးအနှံတွေနဲ့ သမအောင်ရောမွှေပါ။ ပြီးရင်တော့ မုန်ညင်းထုပ်ကို အနေတော်အရွယ်လေးတွေလှီးပြီး ခုနကရောမွှေထားတာတွေနဲ့ရောပြီး သမအောင်နယ်ပေးပါ။ အရသာအပေါ့အငံကိုမြည်းကြည့်ပြီး လိုအပ်သလိုပြင်ဆင်လို့ရပါတယ်။ အရသာစိတ်တိုင်းကျသွားပြီဆိုရင်တော့ လေလုံတဲ့ဘူးလေးထဲထည့်ပြီး (၂)ရက်ကြာအောင် သိုလှောင်ထားမယ်ဆိုရင်တော့ အရသာရှိလှတဲ့ တွဲဖက်စားလို့အကောင်းဆုံး ကိုရီးယားကင်ချီကို အသင့်စားသုံးလို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *