ဘယ်လောက်စားစားရိုးအီမသွားတဲ့ ဝက်သုံးထပ်သားကြော်လေးလုပ်စားကြမယ်…

တရုတ်စားသောက်ဆိုင်တွေမှာ သွားရောက်သုံးဆောင်တိုင်း မပါမဖြစ်မှာစားတတ်ကြတဲ့ အစားအစာကတော့ ဝက်သုံးထပ်သားကြော်ပဲဖြစ်ပါတယ်။ လွယ်လွယ်ကူကူမကြေညက်နိုင်တာကြောင့် အားပါးတရဝါးစားရတဲ့ အခေါက်ရဲ့ ကြွပ်ရွရွအရသာ ၊ ဝက်သားစားတော့မှသာ ခံစားရရှိနိုင်တဲ့ဝက်အဆီရဲ့  အရသာဆိမ့်ဆိမ့်လေးတွေနဲ့အသားရဲ့နူးညံ့အိစက်တဲ့အရသာတွေကိုတစ်ပြိုင်တည်းခံစားရရှိစေတာကြောင့်မအီတအီလေးနဲ့အရမ်းစားလို့ကောင်းပါတယ်။ ဝက်သားကြိုက်သူတွေအတွက်တော့ ဘယ်လောက်စားစားရိုးအီမသွားဘဲ စပါယ်ရှယ်ခံတွင်းတွေ့စေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒီလိုဝက်သုံးထပ်သားကြော်တွေကို ဆိုင်မှာသွားဝယ်စားမှ အရသာကောင်းမွန်တာမဟုတ်ပါဘူး။ အိမ်မှာကိုယ်တိုင်လုပ်စားချင်တယ်ဆိုရင်လည်း ဆိုင်မှာရောင်းချတဲ့ဝက်သုံးထပ်သားကြော်တွေရဲ့ အရသာအတိုင်းရရှိစေနိုင်မယ့် နည်းလမ်းကောင်းလေးရှိပါတယ်။

ဝက်သုံးထပ်သားကြော်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

  • ဝက်သုံးထပ်သား(၅၀)သား
  • ရှာလကာရည် ထမင်းစားဇွန်း()ဇွန်း
  • ဆား ထမင်းစားဇွန်း()ဇွန်း
  • ပဲငံပြာရည် ထမင်းစားဇွန်း()ဇွန်း

ပထမဦးဆုံး အိုးတစ်လုံးထဲမှာ ရေတစ်ဝက်လောက်ထည့်ပြီး ဆူအောင်တည်ထားပါ။ ဆူနေတဲ့ရေနွေးထဲကို ဆား ၊ ရှာလကာရည် ၊ ပဲငံပြာရည်တွေကို ဖော်ပြထားတဲ့ပမာဏရဲ့ တစ်ဝက်စီထည့်ပြီး ဝက်သုံးထပ်သားအခေါက်ကိုထည့်ပြုတ်ပါ။ ()မိနစ်ခန့်ပြုတ်ပြီးရင်တော့ သုံးထပ်သားကိုတစ်ဖက်ပြန်လှန်ပြီး ()မိနစ်ခန့်ထပ်ပြုတ်ပြီး ဆယ်ယူထားပါ။ သုံးထပ်သားတွေအေးသွားတဲ့အချိန်မှာတော့ အခေါက်သားပေါ်ကို ခရင်းနဲ့ပေါက်ပြီး ခုနကကျန်တဲ့ ရှာလကာရည် ၊ ဆား ၊ ပဲငံပြာရည်တွေကို သုံးမျိုးလုံးရောပြီး လိမ်းပေးကာခရင်းနဲ့ထပ်ပေါက်ရပါမယ်။ ပြီးရင်တော့ နေပူပူထဲမှာ ()နာရီလောက်လှန်းထားပေးပါ။ ခြောက်သွားရင်တော့ဓားနဲ့မွှမ်းပြီး ပန်းကန်ထဲကို အခေါက်ဘက်ကနေထည့်ပြီး အခေါက်မြုပ်တဲ့အထိဆီထည့်ပြီး ()နာရီခန့်စိမ်ထားပါ။ကြော်ခါနီးရင်တော့သုံးထပ်သားကိုကျန်တစ်ဖက်ပြန်လှည့်ပြီးဆီထဲမှာခဏစိမ်ထားပါ။

ပြီးရင်တော့ ဆီဆူနေတဲ့ဒယ်အိုးထဲမှာ အခေါက်ပါတဲ့အခြမ်းကို အောက်ဘက်ကထားပြီး ပုံမှန်မီးအရှိန်နဲ့ကြော်ပေးပါ။ ဝါပြီးကြွပ်လာရင်တော့ ကျန်တစ်ဖက်ကိုပြန်လှည့်ပြီး ကြော်ပေးပါ။ တစ်တုံးလုံးကြွပ်လာပြီဆိုရင်တော့ ဆယ်ယူပြီးအအေးခံထားလို့ရပါပြီ။

ဝက်သုံးထပ်သားကြော်နဲ့လိုက်ဖက်တဲ့ အချဉ်ရည်စပ်နည်းလေးကတော့ မန်ကျည်းရည်ပျစ်ပျစ်လေးထဲမှာ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ကိုထောင်းထည့်ပြီး ငံပြာရည်နဲ့ဆားအနည်းငယ် ရောစပ်ပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ အရမ်းကိုလိုက်ဖက်ကောင်းမွန်တဲ့ ဝက်သုံးထပ်သားကြော်လေးနဲ့ အချဉ်ရည်လေးကို တွဲဖက်စားသုံးလို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *