စားနေကျဟော့ပေါ့တွေခဏနားထားပြီး ထိုင်းမြေအိုးဟော့ပေါ့သွားစားရအောင်

မိုးတွင်းအေးအေးလေးမှာ ချဉ်ချဉ်စပ်စပ်ဟော့ပေါ့လေးစားရတာလည်း ဖီးလ်တစ်မျိုးပါပဲ။ ဒါပေမယ့် ပုံမှန်စားနေကျဟော့ပေါ့တွေပဲ စားမယ်ဆိုရင်တော့အရမ်းရိုးတယ်။ စားနေကျဟော့ပေါ့ဆိုင်တွေကနေခွဲထွက်ပြီး မြေအိုးဟော့ပေါ့လေးကိုပြောင်းစားကြည့်ရအောင်။ အက်မင်မိတ်ဆက်ပေးမယ့်ဆိုင်လေးကတော့ မြေအိုးဟော့ပေါ့ကိုမှ ထိုင်းစတိုင်အရသာလေးကိုခံစားရင်း ပင်လယ်စာနဲ့အသားစုံစုံလင်လင်ပါတဲ့ မြေအိုးဟော့ပေါ့အပြင် ထိုင်းစာကောင်းကောင်းလေးတွေပါရနိုင်မယ့် ” Vitamin Thai ” ဆိုတဲ့ဆိုင်လေးပါ။ ပါရမီလမ်းနဲ့ဗဟိုလမ်းထောင့်မှာ တည်ရှိတာပါ။

ဒီဆိုင်လေးမှာနာမည်ကြီးတာကတော့ ထိုင်းမြေအိုးဟော့ပေါ့ပါ။ (၃)ယောက်လောက်အပြတ်ဆွဲလို့ရတဲ့မြေအိုးထဲမှာ ပုဇွန် ၊ ကင်းမွန် ၊ ကြက်သား ၊ ဝက်သား ၊ ကြက်ဥ ၊ အရွက်စုံဗန်းလေးတွေရောထည့်လိုက်မယ်ဆို ဟင်းရည်အရသာတွေက အသားနဲ့အရွက်တွေကြားထဲစီးမျောပေါင်းစပ်ပြီး အရသာစိမ့်ထွက်မှုရှယ်ကောင်းပြီး တစ်အိုးလုံးကိုမော့သောက်ချင်လာအောင် အရသာကောင်းမွန်ချက်က ရှယ်ပဲနော်။ မြေအိုးဟော့ပေါ့ရဲ့ဈေးနှုန်းက(၁၂၀၀၀)ကျပ်။ နူးအိချိုမြနေတဲ့ ချဉ်ချဉ်စပ်စပ်ငါးသံပုရာပေါင်းကလည်း ခံတွင်းရှင်းပြီး စားလိုက်တာနဲ့စိတ်ကိုလန်းဆန်းသွားရောပဲ။ ဟင်းရည်ပူပူလေးမှုတ်သောက်ရင်လည်း ဟင်းရည်ရဲ့ချဉ်စပ်ချိုအရသာလေးနဲ့ ဟင်းအခတ်တွေရဲ့မွှေးပျံ့မှုတွေကို အရသာကိုနှစ်ဆတိုးသွားစေပါတယ်။ ဈေးနှုန်းက(၁သောင်း)ပါ။ ထိုင်းစာတွေစားပြီး အချိုတည်းဖို့ဆိုရင် သူမပါရင်လုံးဝမပြည့်စုံတာကတော့ ကောက်ညှင်းသရက်သီးအုန်းနို့ဆမ်းပါပဲ။ ကောက်ညှင်းနဲ့အုန်းနို့ရဲ့ အရသာဆိမ့်ဆိမ့်လေးကို စိန်တစ်လုံးသရက်သီးရဲ့ ချိုမွှေးတဲ့အရသာနဲ့ပေါင်းလိုက်တော့ စားလို့ကောင်းနေရောပဲ။ ဈေးနှုန်းက(၃၀၀၀)ပါ။ တခြားထိုင်းစာရှယ်တွေလည်း အများကြီးကျန်သေးတယ်နော်။

ဒီဆိုင်လေးကတော့ ထိုင်းအစားအစာတွေရဲ့အရသာထူးကဲမှုတွေနဲ့ ဆွဲဆောင်နိုင်သလို ဆိုင်အပြင်အဆင်ရဲ့ ဆန်းပြားမှုတွေကလည်း တကယ်ကိုဖမ်းစားနိုင်တော့ အစားအသောက်လေးတွေစားရင်း ဓာတ်လှလှလေးလည်းဖမ်းလို့ရတာပေါ့နော်။ ဆိုင်နဲ့အနီးအနားဆိုလည်း Delivery Free ရသေးတယ်နော်။ ” 09761883239 ” ကိုဖုန်းဆက်လိုက်ရုံပါပဲ။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိဖြစ်ပါတယ်။

Image Source : www.facebook.com/vitaminthai

Leave A Comment

Your email address will not be published. Required fields are marked *