လေတဖြူးဖြူးလေးနဲ့လွင့်မျောရင်း အကောင်းဆုံးစိတ်ထွက်ပေါက်တွေဖန်တီးနိုင်မယ့် V Hangout

ရန်ကုန်မြို့ကြီးရဲ့ မွန်းကျပ်လှတဲ့ပတ်ဝန်းကျင်ကြီးထဲ  ? ကျောင်းသွားရုံးသွားရင်း နစ်မျောအချိန်ကုန်နေရတာများပြီဆိုတော့ ? သဘာဝရဲ့အနှစ်သာရနဲ့ စိတ်လွတ်လပ်မှုတွေ တအားကိုပျောက်ဆုံးလာပါပြီ။ လူနေထူထပ်လှတဲ့ရန်ကုန်မြို့ကြီးမှာ စိတ်လက်အပန်းဖြေဖို့နေရာရှားတယ်လို့တော့ မညည်းညူလိုက်နဲ့နော်။ ဝေးဝေးပြေးနေစရာမလိုဘဲ ?? ??‍♀️  ဗိုလ်တထောင်ကမ်းနားမှာတင် အစားအသောက်ကောင်းကောင်းလေးတွေသုံးဆောင်ရင်း ညစ်နွမ်းမှုတွေကို လွှင့်ထုတ်ပစ်နိုင်မယ့် ? အိုအေစစ်လေးတစ်နေရာကို Foodies Navi ကနေလမ်းတို့ပေးချင်ပါတယ်။

ဒီနေရာလေးကတော့ ရေပေါ်ဟိုတယ်လို့လူသိများပြီးသား Vintage Luxury Yatch Hotel ရဲ့ရှေ့မှာ ဖွင့်လှစ်ပေးထားတဲ့ V Hangout ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ် ။ လေတဖြူးဖြူးအေးအေးလေးတိုက်ခတ်ခံရင်း ငြိမ့်ချင်ရင်တော့အပေါ်ထပ်မှာထိုင်နိုင်သလို  လှိုင်းလုံးလေးတွေရဲ့ ရိုက်ခတ်သံလေးတွေနဲ့ငြိမ့်ချင်ရင်တော့ အောက်ထပ်မှာထိုင်လို့ရပါတယ်။ အက်မင်ကတော့ လေတဖြူးဖြူးလေးနဲ့လွင့်ချင်လို့ အပေါ်ထပ်မှာပဲထိုင်ဖြစ်ခဲ့တယ်။ ထိုင်ခုံဘေးလက်ရန်းလေးကနေ ရန်ကုန်မြစ်ကြီးရဲ့  ရှုမောဖွယ်အလှတရားတွေကိုကြည့်ရှုရင်း သဘာဝရဲ့အာဟာရလေထုကြီးကိုတဝကြီးရှူရှိုက်လိုက်တာ လူကိုလန်းဆန်းသွားတာပဲ။ လှိုင်းသံရဲ့ရဲ့လေးတွေနဲ့အတူတူ လွင့်ပျံနေတဲ့သီချင်းသံတွေကို လိုက်ပါစီးမျောနေရင်း  Cocktail  ? ? လေးနဲ့စဖွင့်လိုက်တော့ တော်တော်ဖိုင်းသွားတယ်။

အက်မင်သောက်ဖြစ်တဲ့ Coktail ? ? လေးတွေက Vodka  တောင်သလဲသီး  Blue Curacao တွေကိုအချိုးကျရောစပ်ပြီးဖန်တီးပေးထားတဲ့ ချိုချဉ်လေးနဲ့ ရင်ထဲအေးစိမ့်သွားစေတဲ့ Bomb Pop ရယ်၊ Vodka , egg white , Gin, Lime , တောင်သလဲသီးတွေကိုရောစပ်ထားတဲ့ Pink Gargen ရယ် နှစ်ခုလုံးကအရသာအရမ်းကြီးမကွာပေမယ့် Pink Gargen ကအချဉ်နည်းနည်းပိုစူးတော့ သောက်ရတာပိုခံတွင်းရှင်းသွားသလိုပဲ။ အရောင်လေးကလည်း အက်မင့်အကြိုက်ပန်းရောင်လေးဆိုတော့  ? အာ့တာလေးကိုပိုကြွေမိတယ်။

ဒီဆိုင်လေးမှာ BBQ လည်းရှယ်ကောင်းတယ်ကြားမိလို့ ? ? Grill Prawn စားကြည့်လိုက်တာပင်လယ်ထဲကဖမ်းလာတဲ့ ပုဇွန်တွေကိုချက်ချင်းကင်စားလိုက်ရသလို ? ? လတ်ဆတ်ချိုမြနေတာပဲ Tiger Prawn ရေငန်ပုဇွန်ကိုသုံးထားတော့ ရေချိုပုဇွန်တွေလိုဖွယ်ဖွယ်ကြီး ဖြစ်မနေဘဲ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ အသားလွှာလေးတွေက မွမွလေးဖြစ်နေရော အမြီးအောက်ပိုင်းလေးချန်ပြီး အခွံနွှာပေးထားတော့ ပိုလို့တောင်အဆင်ပြေသေး Sauce လေးနဲ့တို့ပြီးတန်းစားလိုက်ရုံပဲ ။

V Hangout မှာစားဖြစ်တဲ့အထဲ  Chicken BBQ Salad နဲ့ Fish Ball with Quail Egg baby Corn Soup ကိုတော့အက်မင်အခိုက်ဆုံးပဲ။ Chicken BBQ Salad လေးကတော့ မွမွလေးကင်ထားတဲ့ကြက်သားတုံးလေးတွေကို ဆန်လှော်မှုန့် ၊ ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ စပါးလင် ၊ Chili Sauce လေးတွေသုံးပြီး ထိုင်းစတိုင်ချိုချဉ်စပ်လေးသုပ်ပေးထားတာ။ သုပ်ထားတဲ့ထဲက ကြက်သားတုံးလေးတွေကိုဝါးကြည့်လိုက်တိုင်း ချိုချဉ်စပ်အရသာအရည်လေးတွေ လျှာပေါ်ယိုစိမ့်ထွက်လာပြီး လျှာဖျားလေးမှာ ပူပူစပ်စပ်လေးကျန်နေခဲ့တဲ့အရသာလေးက ရှိန်းတိန်းတိန်းလေးနဲ့ တော်တော်လေးခံတွင်းတွေ့တယ်။

Fish Ball with Quail Egg baby Corn Soup ကတော့ ထိုင်ဝမ်မုန်ညင်းရဲ့ ချိုဆိမ့်တဲ့အရသာတွေ အဓိကလွှမ်းခြုံနေပြီး ငါးဖယ်လုံး ၊ ကြက်သားလုံး ၊ ငုံးဥတွေအများကြီးနဲ့ Baby Corn ရဲ့အရသာဆိမ့်ဆိမ့်လေးတွေပါ ဟင်းရည်ထဲပျော်ဝင်နေတော့ တရွှတ်ရွှတ်နဲ့သောက်လို့ကိုမဝနိုင်ဘူးရယ် ? ? Soup ထဲပါတဲ့ငါးဖယ်လုံးလေးတွေကိုတော့ အက်မင်အကြိုက်ဆုံးပဲ အိအိစက်စက်လေးနဲ့ ကိုက်ဝါးလိုက်တိုင်းအရသာအရည်လေးတွေ ပေါက်ပေါက်ထွက်လာတာက တော်တော်လေးကျေနပ်ဖို့ကောင်းတယ် ?

Grill Fish ကတော့အစိမ်းလိုက်ကင်ပေးတာမဟုတ်ဘဲ အရင်ကြော်ပြီးခဲပတ်လေးနဲ့ပြန်ကင်ပေးထားတော့ ငါးရဲ့အပေါ်ယံအသားလွှာလေးတွေက တင်းတင်းလေးနဲ့စားရတာပိုပြီးအရသာရှိတယ်။ အတွင်းအသားလွှာတွေထဲက အရသာစိမ့်ဝင်နေအောင် ကင်ပေးထားတော့ ငါးတစ်ကောင်လုံးက ချိုစပ်အရသာလေးနဲ့ လျှာပေါ်စွဲနေရောပဲ ? ?

Red Chicken BBQ ကတော့ Ready-made လေးကိုပဲကင်ပေးထားပေမယ့် မွမွလေးနဲ့ချိုချိုစပ်စပ်လေးဆိုတော့ Cocktail နဲ့တော်တော်လေးလိုက်ဖက်တယ်။

ဆေးဘဲဥသုပ်ကိုတော့ အက်မင်သိပ်သဘောမတွေ့လှဘူး ။ အက်မင်ကဆေးဘဲဥသုပ်စားရင် ဆေးဘဲဥကိုနည်းနည်းပဲထည့်စားတတ်တာ အကျင့်ပါနေလို့လားတော့မသိ  အဆာပလာတွေထက် ဆေးဘဲဥကိုများများပိုသုံးပေးထားတော့ အရသာသိပ်မဝင်သလိုပဲ ။

V Hangout မှာပြင်ဆင်ချက်ပြုတ်ပေးတဲ့ စားသောက်ဖွယ်ရာတွေကို အချိုမှုန့်လုံးဝမသုံးဘဲ သကြား ၊ ကြက်သားမှုန့် ၊Chinese Wine တွေကိုအဓိကထားပြီး သန့်သန့်ရှင်းရှင်း ပြင်ဆင်ချက်ပြုတ်ပေးတော့ ကျန်းမာရေးအတွက်လုံးဝစိတ်ချရတယ်။ ဈေးနှုန်းတွေကလည်း ထောင်ဂဏန်းတွေလောက်ပဲဆိုတော့ ဈေးသက်သက်သာသာလေးနဲ့ အရသာရှိတဲ့စားဖွယ်ရာတွေကို တဝကြီးသုံးဆောင်လို့ရသလို Beer , Cocktail တွေသောက်ပြီးတော့လည်း လေတဖြူးဖြူးလေးထဲ လွင့်မျောလို့ရသေးတယ်နော်။ သွားလာရလွယ်ကူအဆင်ပြေတာမို့ ကျောင်းပြန်ရုံးပြန်ဝင်လို့ကောင်းသလို ညနေ(၄)ခွဲကတည်းကစဖွင့်တာဆိုတော့ နေဝင်ဆည်းဆာကြည့်ရင်း ဓာတ်ဖမ်းလို့လည်းကောင်းတယ်နော် ?? ကဲ Stress တွေပိပြီးစိတ်ထွက်ပေါက်ကို ရှာဖွေနေရင်တော့ ညစ်နွမ်းမှုတွေပြေပျောက်ပြီး စိတ်ပေါ့ပါးလန်းဆန်းစေမယ့် V Hangout ရှိတယ်နော်။

Leave A Comment

Your email address will not be published. Required fields are marked *