အရသာရှိတဲ့မြန်မာအစားအစာနှင့်အချိုမုန့်မျိုးစုံစားချင်ရင်တော့….

Asian Fusion and Burmese စတဲ့ဟင်းလျားတွေကိုရရှိနိုင်တဲ့ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကိုအစားအစာချစ်မြတ်နိုးသူတွေသိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။ မသိသေးဘူးဆိုရင် သွားစားစေချင်တယ်နော်။ အဲ့ဆိုင်လေးမှာဆိုရင်မြန်မာအစားအစာနှင့်မြန်မာ့ရိုးရာအချိုမုန့်မျိုးစုံရရှိနိုင်ပါတယ်။ ဒီဆိုင်လေးကတော့ Vestige Souvenir and Restaurant ဆိုင်လေးဖြစ်ပြီး  (192 Kabar Aye Pagoda Road | Level 3, Myanmar Plaza, Yangon) မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။

Myanmar Plaza ကိုရောက်တဲ့အချိန်တိုင်း သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိတဲ့မြန်မာ့အစားအစာနှင့်အချို့မုန့်မျိုးစုံကိုစားချင်ရင် Vestige Souvenir and Restaurant သွားစားကြည့်စေချင်တယ်နော်။ တကယ့်အရသာရှိတဲ့အစားအစာတွေကိုရရှိနိုင်တဲ့ဆိုင်လေးဆိုတာ Menu တွေကိုကြည့်ရင်အစားအစာကိုချစ်မြတ်နိုးသူတွေ သဘောကျစေမှာဖြစ်ပါတယ်။ ပြီးတော့ဒီဆိုင်လေးရဲ့ထူးခြားချက်က  မြန်မာ့မှုစစ်စစ်လက်ရာမြောက်ပစ္စည်းတွေနဲ့ဆိုင်လေးကိုခမ်းနားစွာတန်ဆာဆင်ထားတဲ့အတွက်၊မြန်မာမှုပြုအမှတ်တရပစ္စည်းတွေစုစည်းထားတဲ့နေရာလေးဖြစ်တဲ့အတွက်ညီမတို့မြန်မာလူမျိုးတွေအတွက်အမှတ်တရဖြစ်စေသလို၊နိုင်ငံခြားသားတွေအတွက်လည်းဗဟုသုတရရှိစေမယ့်နေရာလေးဖြစ်ပါတယ်။

 

ကုမ္ပဏီမိတ်ဆုံစားပွဲပဲလုပ်လုပ်၊ နိုင်ငံခြားသားဧည့်သည်တွေကို မြန်မာ့အစားအစာနှင့်မြန်မာမှုပြုပစ္စည်းတွေဧည့်ခံကျွေးမွေးချင်ရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ Shopping ထွက်ရင်ပဲလာစားစား တကယ့်ကိုစိတ်ကျေနပ်မှုရရှိနိုင်တဲ့ဆိုင်ဖြစ်ပါတယ်။ နေရာ၊ အစားအစာနှင့် ဝန်ထမ်းတွေရဲ့ဝန်ဆောင်မှုကလည်းကောင်းတဲ့အတွက် စိတ်ကျေနပ်မှုရရှိနိုင်တဲ့အစာစားချိန်လေးတစ်ခုဖန်တီးနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိတဲ့အစားအစာများကိုစားသုံးရင် ကျန်းမာပျော်ရွှင်သောဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Vestige Souvenir and Restaurant Facebook Page : www.facebook.com/vestigecafe

 

Leave A Comment

Your email address will not be published. Required fields are marked *