ရန်ကုန်မြို့ရဲ့အကောင်းဆုံး စီချွမ်းစတိုင်ဟင်းလျာတွေရရှိနိုင်မယ့် Uncle MC

စီချွမ်းစတိုင်မာလာရှမ်းကောကို အသဲခိုက်သွားပြီးနောက်ပိုင်း အစားတစ်လိုင်းတို့ရင်ကို တောက်လျှောက်ရိုက်ခတ်လာတာကတော့ စီးချွမ်းစတိုင်ဟင်းလျာတွေကိုပဲဖြစ်ပါတယ်။ လေးလေးပင်ပင်နဲ့ထိထိမိမိရှိလှတဲ့ စီချွမ်းစတိုင်ဟင်းအရသာတွေကြောင့် နေရာတော်တော်ယူလာတဲ့ စီချွမ်းစားသောက်ဆိုင်တွေထဲက Review ကောင်းတွေအများကြီးရရှိထားတဲ့ Uncle.MC ဆိုတဲ့ဆိုင်လေးနဲ့ Foodies Navi ကနေမိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးရဲ့လိပ်စာကတော့ အမှတ်(၄) ၊ ကန်လမ်း ၊ လှိုင်မြို့နယ် ၊ ရန်ကုန်ဖြစ်ပါတယ်။

Uncle MC မှာလက်မလွတ်တမ်းစားကြည့်သင့်တာကတော့ စီချွမ်းရိုးရာထဲက အကောင်းဆုံးအစားအစာဖြစ်တဲ့ ရေနွေးငွေ့ကျောက်အိုးငါးဟင်းလျာပဲဖြစ်ပါတယ်။ ကျောက်အိုးကိုအသုံးပြုကာ ကောက်ရိုးခမောက်နဲ့ချက်ပြုတ်ပြင်ဆင်ထားပြီး ဟင်းခက်မဆလာမျိုးစုံထည့်သွင်းထားတာကြောင့် ညှီနံ့ပျောက်ကင်းပြီး အနံ့အရသာအထူးကောင်းမွန်ပါတယ်။ ငါးအသားလွှာလေးရဲ့ ချိုမြတဲ့အရသာပျောက်မသွားဘဲ မွှေးပျံ့တဲ့ချဉ်ငံစပ်အရသာတွေပါ ထပ်ပေါင်းထားတာကြောင့် စားပြီးရင်ထပ်ထပ်စားချင်နေမှာ အသေအချာပါပဲ။  ငါးဟင်းလျာသာမကဘဲ အမဲသား ၊ ဝက်သား ၊ ပုဇွန် ၊ ဂဏန်းတွေကိုလည်း ကြံမဆိုင်အရသာ ၊ မာလာအရသာ ၊ သဘာဝအရသာ ၊ မွှေးစပ်အရသာဆိုပြီးရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရွှေရောင်ပိန်းဥ ၊ အပ်စပ်မွှေး ၊ ဝက်ဦးနှာက်မာလာ ၊ ဝက်ဂုတ်သားမွှေးကြော် ၊ သုံးရောင်ခြယ်ဆေးဘဲဥ ၊ ပုဇွန်ခြောက်စပ် ၊ ရုံးပတီသီးသုပ် ၊ ဝက်နံရိုးမွှေးစပ် ၊ ဗမာကြက်မွှေးစပ်စတဲ့ အရသာထူးခြားကောင်းမွန်တဲ့ ဟင်းလျာဆန်းတွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။

ဟင်းလျာတွေရဲ့အရသာကတော့ စားဖူးသူတိုင်းသြချရလောက်အောင် ထူးခြားကောင်းမွန်လွန်းတာကြောင့် တစ်ခါစားဖူးရုံနဲ့ထပ်ခါတလဲလဲစားချင်နေမှာ အသေအချာပါပဲ။ မွေးနေ့ပွဲ ၊ Gathering ၊  အထိမ်းအမှတ်ပွဲ ၊ Staff Party တွေအတွက်လည်း စိတ်တိုင်းကျပြင်ဆင်ဆောင်ရွက်ပေးပါတယ်နော်။ ကားပါကင်ကျယ်ဝန်းသလို ဆိုင်အပြင်အဆင်တွေကလည်း သပ်ရပ်ခန့်ညားလှတာကြောင့် စိတ်အေးချမ်းစွာသုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

Image Source : www.facebook.com/unclemc

Leave A Comment

Your email address will not be published. Required fields are marked *