ရောသမမွှေပြီးထောင်းထားတဲ့ ချဉ်ငံစပ်အထောင်းအရသာလေးတွေကို သုံးဆောင်ချင်ရင်တော့……..

ရောသမမွှေပြီးထောင်းရတဲ့အစားအစာတွေကို လူကြိုက်များလာတဲ့အချိန်မှာ Foodies Navi ကနေ ချဉ်ငံစပ်အထောင်းတွေကိုရရှိနိုင်တဲ့ ဆိုင်ကောင်းကောင်းလေးကို လက်တို့ပေးချင်ပါတယ်နော်။ ဒီလိုရှယ်ထောင်းထားတဲ့အစားအစာတွေကို ရရှိနိုင်တဲ့ဆိုင်လေးကတော့ အမှတ်(၇၃၁) (၂၈)လမ်း ၊ (၇၁)လမ်းနှင့်(၇၂)လမ်းကြား ၊ မန္တလေးမြို့မှာရှိတဲ့ Tum Laii ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်။ အစားအသောက်မှာဆိုနာမည်ကျော်တဲ့ မန္တလေးမြို့မှာ Review ကောင်းကောင်းလေးတွေရရှိထားတဲ့ ဆိုင်လေးဖြစ်တာကြောင့်သွားစားကြည့်ဖို့ သတင်းကောင်းလေးပါးပါရစေ။

 

Tum Lain မှာတော့ လတ်လတ်ဆတ်ဆတ်ပုဇွန်အစိမ်းတွေကို ချဉ်ချဉ်စပ်စပ်လေးထောင်းထားတဲ့ ပုဇွန်အစိမ်းလာအိုထောင်း ၊ အသားအပြည့်ပါတဲ့ဂဏန်းကြီးတွေကို အနှစ်လေးတွေနဲ့ထောင်းထားတဲ့ ပန်းဂဏန်းလာအိုထောင်း ၊ ဆန်မှုန့်ရဲ့မွှေးစိမ့်တဲ့အရသာ အူတိုင်ရဲ့နူးညံ့မှုနဲ့ ရှောက်ရွက်လေးဖြူးထားတဲ့အရသာကို ခံစားနိုင်မယ့် Esan Style ဝက်အူတိုင်သုပ် ၊ ပုဇွန် ဂဏန်း ဂုံးတွေကို Special Seafood Sauce နဲ့တွဲဖက်သုံးဆောင်နိုင်မယ့် ဂဏန်းအကိတ်ပေါင်း ၊ ပဲပင်ပေါက် ငရုတ်သီးမှုန့် မြေပဲဆံ ပုဇွန်တွေအစုံပါဝင်တဲ့ ဖက်ထိုင်း ၊ ဥသုံးမျိုးဖြစ်တဲ့ ကြက်ဥ ၊ ဆေးဘဲဥ ၊ ဘဲဥအငံတွေကိုသုံးမျိုးရောထောင်းထားတဲ့ သုံးမျိုးအထောင်း ၊ ဝက်ခေါက်ကင်ပင်စိမ်းထမင်း ၊ ပုဇွန်ကြက်သွန်ဖြူငရုတ်သီးစိမ်းကြော် ၊ ကြက်ဥဗုံးကွဲထမင်းစတဲ့ အစားအစာတွေကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။

ထူးကဲတဲ့အရသာဖော်စပ်မှုတွေနဲ့အတူ သန့်သန့်ရှင်းရှင်းပြင်ဆင်ထားတာကြောင့် အရသာကတော့ဆွေမျိုးမေ့သွားမှာအသေအချာပါပဲ။ ချိုချဉ်ငံစပ်ထုံအရသာစုံကို ရောပြွမ်းဝင်ရောက်သွားအောင်ထောင်းထားတာကြောင့် ရှူးရှူးရှဲရှဲလေးနဲ့ လျှာခံတွင်းကိုထိမိသွားစေနိုင်မှာပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည()နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source : www.facebook.com/tumlaiiatmandalay

Leave A Comment

Your email address will not be published. Required fields are marked *