တစ်ပတ်မှာတစ်ရက် တစ်ရက်မှာတစ်ည ရှယ်တန်တဲ့(၆၃၀၀)ကျပ်တန်ဘူဖေးလေး စားလို့ရနေပြီနော်

ဘူဖေးဆိုမှအနားကပ်တတ်တဲ့ အစားတစ်လိုင်းတွေအတွက် (၆၃၀၀)ကျပ်တည်းနဲ့ အဝစားနိုင်မယ့်ဆိုင်လေးကို ညွှန်းပေးချင်ပါတယ်။ အဝစားဆိုတာနဲ့ အကင်တွေ ၊ ဟော့ပေါ့တွေကို ပြေးမမြင်လိုက်နဲ့နော်။ မင်မင်ညွှန်းပေးမယ့် ဘူဖေးဆိုင်လေးမှာက တစ်မျိုးတည်းသီးသန့်အဝစားရမှာမျိုးမဟုတ်ဘဲ လူတိုင်းကြိုက်နှစ်သက်တဲ့ အစားအစာတွေကို စိတ်တိုင်းကျအဝစားနိုင်မယ့်ဆိုင်လေးပါ။ ဆိုင်နာမည်လေးကတော့- ” Tokyo Tomato ” ပါ။

ဘူဖေးအစုံမှာဘာတွေလဲဆိုရင် စပါကတီ ၊ ဂျပန်ကြက်ကြော် ၊ ဖက်ထုပ်ကြော် ၊ မုန့်ဟင်းခါး ၊ Pork Steak ၊ Chicken Steak ၊ Sandwich ၊ Sushi ၊ Curry  စတဲ့ အစားတစ်လိုင်းတွေအသည်းစွဲကြိုက်တာတွေချည်းပဲရယ်။ အစားအသောက်တွေအတွက် ဖန်တီးပေးထားတဲ့ ဆော့စ်အမျိုးအစားတင် (၆)မျိုးလောက်ရှိတယ်ရယ်။ Drink တွေအနေနဲ့ကတော့ Tokyo Tomato ရဲ့ Signature လေးဖြစ်တဲ့ Drip Coffee လေးကအမိုက်ဆုံးပါပဲ။  Coffee မကြိုက်လို့ Green Tea လေးပဲသောက်မယ်ဆိုလည်း ဂွတ်ပြန်ရော။ Juice တွေပဲကြိုက်ပါတယ်ဆိုရင်လည်း Juice တွေရနိုင်သေးတယ်နော်။ အရသာပိုင်းကတော့ လုံးဝပြောနေစရာမလိုအောင်ကောင်းတယ်။ (၆၃၀၀)ကျပ်ပေးရတာနဲ့တော့ ရှယ်အကြီးကြီးတန်တဲ့ဆိုင်လေးပါ။ များများစားနိုင်သူတွေအတွက် အရမ်းတန်သလို ဖြည်းဖြည်းနဲ့နည်းနည်းစားရင်လည်း တန်နေသေးတယ်မို့ ဘယ်ဘော်ဒါနဲ့သွားသွားအဆင်ပြေနိုင်မှာ။

ဒီလိုအရမ်းမိုက်တော့ (၆၃၀၀)တန်ဘူဖေးက နေ့တိုင်းတော့မရနိုင်ဘူးရယ်။ တစ်ပတ်မှာမှ ဗုဒ္ဓဟူးနေ့တစ်ရက် ၊ ဗုဒ္ဓဟူးနေ့မှာမှ ညနေ(၅)နာရီကနေ (၉)နာရီအထိပဲဆိုတော့ကာ အချိန်အနေအထားသိပ်စဉ်းစားနေလို့တော့မရဘူးရယ်။ တစ်ပတ်မှာတစ်ရက်သွားစားဖြစ်ရင်တောင် ရှယ်တန်လွန်းနေတာမို့ ဗုဒ္ဓဟူးနေ့လေးကိုတော့ မေ့ထားလို့မဖြစ်ဘူးနော်။ ” Tokyo Tomato ” ကတော့ အင်းစိန်လမ်းမပေါ် ၊ စံရိပ်ငြိမ်ဂမုန်းပွင့် အပေါ်ဆုံးထပ်မှာဖြစ်ပါတယ်။

 

Image Source: www.facebook.com

Leave A Comment

Your email address will not be published. Required fields are marked *