ထားဝယ်မုန့်လတ်သောက်(မုန့်ဖတ်သုပ်) နာမည်ကြီးနေတဲ့ Three Seasons Food House

ခရီးသွားလာမှုတိုးတက်မြင့်မားလာတာနဲ့အမျှ ခရီးသွားလာရင်းနဲ့ ဒေသတစ်ခုစီရဲ့အစားအသောက်တွေကို မြည်းစမ်းကြည့်ရင်းကနေ အရသာကိုစွဲမက်သွားပြီး ထပ်ခါထပ်ခါစားချင်နေတဲ့ အစားအသောက်တွေရှိကြလိမ့်မယ်ထင်ပါတယ်နော်။ ဒီတစ်ခါမှာတော့ အခုတလောတအားခေတ်စားနေတဲ့ ထားဝယ်ရိုးရာအစားအစာတွေကို ထားဝယ်ဒေသမှာသွားစားနေရသလို ထားဝယ်ရိုးရာလက်ရာစစ်စစ်ကို စားသုံးနိုင်ပြီး ထားဝယ်ဒေသရဲ့စားသောက်ကုန်တွေကိုပါ ဝယ်ယူနိုင်မယ့် Three Seasons Food House အကြောင်းကို မျှဝေပေးချင်ပါတယ်နော်။

ဒီဆိုင်လေးမှာတော့ ထားဝယ်အလည်သွားသူတိုင်း မဖြစ်မနေစားတတ်ကြတဲ့  ချိုချိုချဉ်ချဉ်ရှူးရှူးရှဲရှဲ အရည်ရွှတ်ရွှတ်လေးနဲ့ စားတိုင်းမဝနိုင်တဲ့ မုန့်ဖတ်သုပ်( ထားဝယ်အခေါ် မုလတ်သောက် )ကတော့ လူကြိုက်အများဆုံးပါပဲ။ ပင်လယ်စာလတ်လတ်ဆတ်ဆတ်လေးတွေနဲ့ အိအိဖတ်ဖတ်ကတ်ကြေးဖတ်တွေကို ဖြူရော်ရော်လေးကြော်ပေးထားတာကြောင့် တနင်္လာရီတိုင်းဒေသကြီးဘက်မှာ နာမည်အကြီးဆုံးအစားအစာတစ်ခုဖြစ်တဲ့ ကတ်ကြေးကိုက် ၊ နူးညံ့တဲ့ငှက်ပျောပင်ဖတ်များများလေးနဲ့ ထားဝယ်လက်ရာစစ်ကို သုံးဆောင်ရမယ့် မုန့်ဟင်းခါး(ထားဝယ်အခေါ် မုဟန်းခါး အပြင် ထားဝယ်ရိုးရာအချိုပွဲတွေ ၊ တရုတ်အစားအစာ ၊ ယိုးဒယားအစားအစာနဲ့ ပင်လယ်စာစုံစုံလင်လင်ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

ပင်လယ်စာကြိုက်သူတွေအတွက် ထားဝယ်ဒေသကထွက် စားသောက်ကုန်များဖြစ်တဲ့ ငါးမုန့် ၊ ငါးခြောက် ၊ ဂုံးခြောက်တွေကိုလည်း ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။ ဆိုင်ရဲ့အပြင်အဆင်တွေက သပ်ရပ်သလို အစားအသောက်ပြင်ဆင်ရာမှာလည်း သန့်ရှင်းသေသပ်လှတာကြောင့် စားသုံးသူတွေကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်မှာပါ။ Three Seasons Food House ရဲ့လိပ်စာကတော့ အမှတ်(၇၃) ၊ ဗျိုင်းရေအိုးစင်လမ်း( နား ၊ နှာခေါင်း ဆေးရုံဘေး ) တာမွေမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၈)နာရီကနေ ည(၈)နာရီအထိပဲဖြစ်ပါတယ်။

 

Image Soure : www.facebook.com/threeseasonsfoodhouse

Leave A Comment

Your email address will not be published. Required fields are marked *