လျှာဂျွမ်းပြန်သွားစေမယ့် မန္တလေးက ဝက်သားပွဲပြင်

ရွှေမန်းသူရွှေမန်းသားအစားတစ်လိုင်းတွေနဲ့ မန်းမြေကိုအလည်အပတ်သွားရင်း ဘာစားရမလဲဆိုပြီး အကြံအိုက်နေတတ်တဲ့အစားတစ်လိုင်းတို့အတွက် တကယ်စားလို့ကောင်းတဲ့ ဆိုင်လေးအကြောင်းပြောပြပေးချင်ပါတယ်။ ဝက်သားဆိုခေါင်းအစအမြီးအဆုံး ရှယ်ကြိုက်တာပါဆိုတဲ့ ဝက်သားချစ်သူတွေတော့ တကယ့်ကိုစွဲမက်သွားစေမယ့်ဆိုင်လေးပါ။ ဒီဆိုင်လေးကတော့ (၃၂)လမ်း ၊ (၇၃)လမ်းနှင့်(၇၄)လမ်းကြား ၊ မန္တလေးမြို့က “သိန်းနိုင်”ဝက်သားပွဲပြင်ဆိုတဲ့ဆိုင်လေးပါ။

အစားတစ်လိုင်းတို့စိတ်ကြိုက်အသားကိုရွေးချယ်လှီးပေးပြီး အချဉ်ရည် ၊ ငရုတ်သီး ၊ ကြက်သွန်ဖြူတွေရောထည့်ပြီး အစပ်အဟပ်တည့်အောင် ပြင်ပေးတာဖြစ်ပါတယ်။ ဝက်သားကိုပုံစံတစ်မျိုးလေးနဲ့ စားရတော့ခံတွင်းရှယ်လိုက်သွားမှာနော်။ အသားတွေထဲမှာလည်း အရသာချိုငံမျှတပြီး ဝါးစားလိုက်တိုင်း အရသာဓာတ်တွေကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။ အသားလေးတွေကလည်း အရမ်းနူးပြဲပြဲဖြစ်မနေဘဲ အိအိဖတ်ဖတ်လေးဆိုတော့ စားလို့ကောင်းမှကောင်းပဲ။

ဝက်သားပွဲပြင်ပေးတာကလည်း ဘာမှပြောစရာမလိုအောင် အစပ်အဟပ်တည့်ချက်ပဲ။ လမ်းဘေးဆိုင်လေးဖြစ်ပေမယ့် သန့်ရှင်းလတ်ဆတ်မှုကစိတ်ချရတော့ အိမ်မှာလုပ်စားရသလိုပဲ ။ ဟင်းရည်ကလည်းအဖြူထည်လေးပေမယ့် တရွှတ်ရွှတ်သောက်လိုက်တိုင်း ဝက်သားပွဲပြင်လေးနဲ့လိုက်နေရောပဲ။ ဝက်သားလေးစားလိုက် ဟင်းရည်လေးသောက်လိုက်နဲ့စားရင် ပိုလို့တောင်မြိန်သေး။ ပွဲကြီးကို(၄၀၀၀)ကျပ် ၊ ပွဲသေးကို(၂၀၀၀)ကျပ်ပေးရပြီး တစ်ပွဲဆိုအများကြီးပဲရယ်။ ထမင်းနဲ့တွဲစားရင်လည်း ထမင်းမြိန်စေမယ့်ဟင်းတစ်မယ်ပါပဲနော်။ လပြည့်နေ့တွေတော့ ဆိုင်ပိတ်တယ်နော်။

 

Image Source: www.facebook.com/deliciousfoodsvisited

Leave A Comment

Your email address will not be published. Required fields are marked *