ထိုင်းရိုးရာအစားအစာတွေနဲ့ Hai Nan စတိုင်အစားအစာဆန်းတွေကို ထူးထူးခြားခြားသုံးဆောင်နိုင်စေဖို့…….

စားသောက်ဆိုင်ကောင်းကောင်းတွေကို  ? ? ?    မျက်ခြေမပျက်စောင့်ကြည်နေတတ်တဲ့ အစားဝါသနာရှင် Foodies တွေအတွက် Foodies Navi ကနေ  ? ? ? ? ? ?   ထိုင်းရိုးရာအစားအစာကောင်းကောင်းလေးတွေနဲ့ Hai Nan စတိုင်တရုတ်အစားအစာတွေကို ရရှိနိုင်တဲ့ Swe Thai ဆိုတဲ့ဆိုင်လေးအကြောင်းကိုပြောပြပေးချင်ပါတယ်။ ? ? ?   ထူးခြားတဲ့အရသာဆန်းလေးတွေနဲ့  ? ? ?   ပြင်ဆင်ပုံဆန်းပြားမှုတွေကြောင့် အခုတလောမှာလူပြောများနေတဲ့ဆိုင်လေးဖြစ်ပါတယ်။  ? ? ?   အစားအသောက်စိတ်ဝင်စားတဲ့ Foodies တော်တော်များများသိပြီးသားဖြစ်ပေမယ့် မသိသေးတဲ့ Foodies တွေကို  ?? ?? ??   လက်တို့နိုင်ဖို့အတွက်  ဆိုင်လေးရဲ့လိပ်စာကတော့  ? ? ? ? ?   အမှတ်(၃၄) ၊တက္ကသိုလ်ရိပ်သာလမ်းသစ်၊ဗဟန်းမြို့နယ်၊ရန်ကုန်ဖြစ်ပါတယ်။

Swe Thai ဆိုင်လေးကိုတော့ ကြည့်လိုက်ရုံနဲ့ထိုင်းဆိုင်မှန်းသိသာစေအောင် ထိုင်းရိုးရာစတိုင်ဆောက်လုပ်ထားပြီးတော့  ?   အတွင်းဘက်မှာလည်း ထိုင်းရိုးရာယဉ်ကျေးမှုပစ္စည်းလေးတွေနဲ့ ရုပ်ထုလေးတွေကိုထားရှိထားတာကြောင့်  ? ? ?   ထိုင်းရိုးရာအငွေ့အသက်တွေကို အပြည့်အဝခံစားရရှိစေနိုင်မှာဖြစ်ပါတယ်။   ? ? ?   ချိုချဉ်ငန်စပ်ထုံအရသာစုံတဲ့ အကင်မျိုးစုံ ၊ ထိုင်းရိုးရာဟင်းလျာမျိုးစုံရရှိနိုင်တဲ့အပြင် ထူးထူးခြားခြားရှားပါးတဲ့ Hai Nan စတိုင်ဟင်းလျာဆန်းလေးတွေကိုလည်း  ? ? ? ? ? ? ?    စိတ်ဝင်စားစွာနဲ့မြည်းစမ်းခံစားနိုင်မှာဖြစ်ပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့  ? ? ? ? ? ?  ဟင်းသီးဟင်းရွက်နဲ့  ? ? ? ? ?   အသားငါးတွေကိုသာ အသုံးပြုပြီးပြင်ဆင်ချက်ပြုတ်ထားတာကြောင့် စိတ်ချယုံကြည်စွာအရသာရှိရှိသုံးဆောင်နိုင်မှာဖြစ်ပါတယ်။  ? ? ?   ကျယ်ဝန်းတဲ့နေရာထိုင်ခင်းတွေနဲ့  ခမ်းနားတဲ့ဆိုင်အပြင်အဆင်တွေကြောင့်   ? ? ? ?  Special Dinner , Birthday Party , Staff Party တွေပြုလုပ်ချင်ရင်လည်း အဆင်ပြေနိုင်မယ့်ဆိုင်ကောင်းလေးတစ်ခုပါ ။   ? ? ?   ဆိုင်အပြင်ဘက်မှာလည်း Special Room ပြုလုပ်ထားတာကြောင့် VIP ဧည့်သည်တွေကိုကျွေးမွေးချင်ရင်လည်း လုံးဝအဆင်ပြေစေမှာပါ။  ?? ?? ??  ဆိုင်ဖွင့်ချိန်ကတော့ နေ့စဉ်     မနက်(၁၀)နာရီကနေ ည(၁၁)နာရီအထိဖြစ်ပါတယ်။ မိသားစုနဲ့ပဲဖြစ်ဖြစ်  ?‍?‍?‍?  ၊ ချစ်သူခင်သူတွေနဲ့ပဲဖြစ်ဖြစ်?‍? ? ? အရသာထူးထူးခြားခြားတွေကို တူတူမြည်းစမ်းခံစားချင်သူတွေအတွက် ကွက်တိဖြစ်စေမယ့်ဆိုင်လေးပါနော်။ ? ? ?

 

 

Image Source : www.facebook.com/swethai

Leave A Comment

Your email address will not be published. Required fields are marked *