အရသာတွေအာခံတွင်းထဲဝဲပျံသွားသလို ? လျှာဖျားမှာတသသ စွဲကျန်ရစ်နေစေမယ့် Steak

စနေ ၊ တနင်္ဂနွေအားလပ် ညချမ်းအချိန်လေးတွေမှာ လေညင်းလေးခံရင်း Steak ကောင်းကောင်းလေးကိုသုံးဆောင်လိုသူတွေအတွက် ? ? Foodies Navi ကနေ Steak on the Street ဆိုတဲ့ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။  ? ?  ဒီဆိုင်လေးရဲ့ ထူးခြားချက်ကတော့ ခမ်းခမ်းနားနားဆိုင်ကြီးမှာ ဟိတ်ကြီးဟန်ကြီးနဲ့မဟုတ်ဘဲ ရွှေတောင်ကြားလမ်း ၊ ISY ကျောင်းထိပ်က ပလက်ဖောင်းပေါ်မှာ ထင်းရှူးသားနဲ့ပြုလုပ်ထားတဲ့ ခုံလေးတွေပေါ်ထိုင်ရင်း Steak တွေကိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးသုံးဆောင်နိုင်မယ့်ဆိုင်လေးပါ။

 

 

ဒီဆိုင်လေးမှာတော့  ? ? အမဲသားမိုးခိုသား ၊ ဝက်ဂုတ်သားတွေနဲ့ ကြက်သားတွေကို အကောင်းဆုံးအရသာရရှိနိုင်စေဖို့ ၄၈ နာရီကြာအောင်နှပ်ထားပြီး လတ်လတ်ဆတ်ဆတ်ကင်ပေးတာကြောင့် အရသာထူးကဲသာလွန်မှုကတော့  ?‍♀️ ?‍♀️ အထွေအထူးပြောပြနေစရာမလိုအောင် Reviews ကောင်းကောင်းတွေအများကြီး ရရှိထားတာဖြစ်ပါတယ်။ Reviews တွေနဲ့အညီ အသားလေးတွေကလည်း ထူထူလေးလှီးထားပြီး စားကြည့်လိုက်ရုံနဲ့ ?  ? အိစက်နူးညံ့တဲ့ အရသာတွေအာခံတွင်းထဲဝဲပျံသွားသလို  ? ? လျှာဖျားမှာတသသ စွဲကျန်ရစ်နေစေမယ့်အရသာမျိုးပါ။ ဝန်ဆောင်မှုကလည်း အထူးကောင်းမွန်တယ်ဆိုတော့ ဘာလိုသေးလဲနော်။

စျေးနှုန်းတွေကလည်း ၃၀၀၀ကျပ် ကနေ ၅၀၀၀ကျပ်ဝန်းကျင်လောက်ဆိုတော့ ?  ပေးရတဲ့တန်ဖိုးနဲ့လိုက်ဖက်ညီတဲ့ Steak အရသာကို ရရှိနိုင်မှာအသေအချာပါပဲ။ ဆိုင်ဖွင့်ချိန်ကတော့ ⏰ ⏰  ညနေ()နာရီကနေ ည()နာရီအထိပဲဖြစ်ပါတယ်။ စနေနဲ့တနင်္ဂနွေနေ့တွေမှာပဲဖွင့်တာဆိုရင်ကြားရက်တွေမှာ စားချင်လာရင်တော့ သွားရည်တွေထိန်းထားရမှာပေါ့နော်။ ? ?

 

 

Image Source: www.facebook.com/steakonthestreet

Leave A Comment

Your email address will not be published. Required fields are marked *