Starbucks coffee တစ်ခွက် ဘယ်နှစ်ကျပ်လဲ??

International franchise တစ်ခုဖြစ်တဲ့ Starbucks coffee မြန်မာပြည်ကိုရောက်လာတော့မယ်ဆိုတော့ ဒီကလူတွေတော်တော်ကိုစိတ်ဝင်စားကြတာကိုတွေ့ရသလို အက်မင်တစ်ယောက်လဲ တော်တော်စိတ်ဝင်စားမိပါတယ်။ အသိချင်ဆုံးကတော့ သူတို့ကော်ဖီကိုတစ်ခွက်ဘယ်လောက်နဲ့ရောင်းမလဲဆိုတာပါပဲ။

အစားတစ်လိုင်းလေးတွေလဲ သူတို့ဘယ်လိုကော်ဖီတွေကို ဘယ်လိုစျေးနှုန်းနဲ့ရောင်းကြမလဲဆိုတာကို သိချင်ကြမယ်လို့ထင်ပါတယ်။ ပထမဆုံးကော်ဖီတစ်ခွက်ဘယ်လောက်လဲလို့ပြောတော့ သောက်ဖူးသူတွေကတော့သိပြီးသားဆိုပေမယ့် အားလုံးနားလည်လွယ်အောင် ထပ်ပြီးတော့ရှင်းပြချင်ပါတယ်။ ဒီကလ္ဘက်ရည်ဆိုင်တွေလိုကော်ဖီတစ်ခွက်လဘက်ရည်တစ်ခွက်လို့မပြီးသွားပဲ ရိုးရိုးကော်ဖီတောင်မှ size ရွေးရသေးတာဖြစ်ပြီး အမျိုးအစားကအရမ်းကိုစုံတာမို့လို့ အခုဒီစာထဲမှာတော့ ဉပမာအနေနဲ့ “Latte small size” ကိုပဲစံအဖြစ်ထားပြီးပြောသွားပါ့မယ်နော်။

Starbucks ဟာ နိုင်ငံတကာမှာဆိုင်ခွဲတွေအများကြီးရှိသလို အာရှမှာဆိုရင်လဲ နိုင်ငံတော်တော်များများကိုရောက်နေပါပြီ။ သိပ်မကြာခင်မှာ မြန်မာပြည်မှာလဲဖွင့်တော့မယ်ဆိုတော့ အာရှမှာ လာအိုကလွဲရင် Starbucks မရှိတဲ့နိုင်ငံဆိုတာမရှိတော့ဘူးဖြစ်လာမှာပါ။ Starbucks ဟာ ကော်ဖီ chain ဆိုင်တွေထဲမှာ အရောင်းရဆုံးနံပါတ် ၁ နေရာကိုယူထားနိုင်တဲ့ brand တစ်ခုဖြစ်တာကြောင့်စျေးကလဲမသေးလှပါဘူး။နိုင်ငံနဲ့အလိုက်သူတို့ရောင်းတဲ့စျေးနှုန်းတွေကလဲကွာခြားတာကြောင့်သူတို့ရဲ့စျေးနှုန်းကိုတော့ဘယ်လောက်ဆိုပြီးယတိပြတ်ပြောလို့မရပါဘူး။

ဒါပေမယ့်အမေရိက၊ဉရောပနဲ့အာရှနိုင်ငံတွေမှာလက်ရှိရောင်းချနေတဲ့စျေးနှုန်းတွေကိုယှဉ်ကြည့်ပြီးတော့ဒီမှာဘယ်လောက်နှုန်းနဲ့ရောင်းချမလဲဆိုတာကိုအကြမ်းဖျင်းခန့်မှန်းကြည့်ကြရအောင်နော်။

Latte small size တစ်ခွက်စျေးနှုန်းများ

US – 2.75 $

UK – 2.88 $

New Zealand – 3.06 $

Japan – 3.56 $

France – 4.36 $

Singapore – 4.71 $

South Korea – 5.03 $

Philippines – 6.45 $

China – 7.18 $

Malaysia – 7.23 $

India – 7.99 $

Thailand – 8.04 $

Vietnam – 8.18 $

Indonesia – 8.21 $

Russia – 12.32 $

အပေါ်က list ကိုကြည့်လိုက်ရင် အာရှနိုင်ငံတွေက တခြားနိုင်ငံတွေထက် ၂/၃ ဆပိုပြီးစျေးကြီးနေတာကိုတွေ့ရမှာပါ။ ကိုယ်တွေနဲ့အနီးဆုံး ထိုင်းမှာကိုပဲ Latte တစ်ခွက်ကို ၈ဒေါ်လာကျော်ပေးသောက်နေရတော့ မြန်မာမှာလဲ အနည်းနဲ့အများတော့ ဂျင်းထည့်ခံရမယ်လို့ထင်ပါတယ်။? အဲ့တော့ ထိုင်းစျေးအတိုင်းတွက်တယ်ဆိုရင်ပဲ မြန်မာကျပ် တစ်သောင်းတစ်ထောင်လောက်ကျနေပါပြီ။ အဲ့မှာမှ service charge, tax ဆိုတဲ့ ဂျင်းတွေထပ်ပါမယ်ဆိုရင်တော့ Latte small တစ်ခွက်ကို တစ်သောင်းခွဲလောက်တောင်ကျသွားမလားပဲ။ ?

သိပ်ကြောက်သွားလား မမြဝင်း ? ခုပြောခဲ့တာ Latte small အတွက်စျေးပါနော်။ ကော်ဖီဆိုရင်တော့ ဒီထက်စျေးသက်သာမှာမို့လို့ ခုနှစ်ထောင်ကျပ်လောက်နဲ့ရနိုင်ချေရှိပါတယ်။ ဒီစျေးနှုန်းတွေက ခန့်မှန်းစျေးနှုန်းတွေသာဖြစ်တဲ့အတွက် ၁၀၀% တော့ အာမမခံနိုင်ပါဘူး။ ဒါပေမယ့် ဒီနှုန်းထားပတ်ဝန်းကျင်ပဲဖြစ်မယ်လို့ အက်မင်ကတော့ထင်ပါတယ်။ (ငှယ် စကားကိုဘယ်လိုပြောနေတာတုန်း ??)

ဘာပဲပြောပြော နိုင်ငံတကာက brand တစ်ခုအနေနဲ့ သူ့စျေးလေးနဲ့သူကတော့ ရှိနေမှာဖြစ်ပေမယ့် တကယ့် Starbucks ချစ်သူတွေအတွက်ကတော့ စျေးကိုမကြည့်ပဲ ဒီကော်ဖီလေး ဒီနိုင်ငံမှာသောက်ရရင်ကိုကျေနပ်ကြမယ်လို့ထင်ပါတယ်နော်…..

Leave A Comment

Your email address will not be published. Required fields are marked *