ချဉ်ငံစပ်အရသာတွေ လွှမ်းထုံနေတဲ့ ကင်းမွန်အစာသွတ်နည်း

ကင်းမွန်ခပ်ကြီးကြီးတွေလည်း ဈေးထဲမှာခပ်ပေါပေါမြင်တွေ့နေရပြီ ဆိုတော့ကာ ကင်းမွန်အစာသွတ်လေးလုပ်စားဖို့ စိတ်အားထက်သန်လာခဲ့ပြီပေါ့ ? ကင်းမွန်ကြီးလေ အစာသွတ်စားလို့ကောင်းလေဆိုတော့ ကင်းမွန်ကြီးကြီးလေးမြင်တိုင်း အစာသွတ်စားလိုက်ရမှ ? ဒီတော့ရာသီစာလေးလည်းဖြစ်အောင် ဆောင်းလေအေးအေးလေးကြား ပူပူဟစပ်စပ်လေးလည်း ခံစားရလေအောင် ချဉ်ငံစပ်အရသာပေါ်ထွက်လာအောင် အစာသွတ်ကြည့်ရအောင် ။ ကင်းမွန်အစာသွတ်ရဲ့အရသာကတော့ စားဖူးသူတိုင်းတမ်းတမ်းတတဖြစ်စေတတ်တာမို့ ချဉ်ငံစပ်အရသာလျော်ညီအောင် အရသာစပ်ဖို့တော့ လိုပါတယ်နော်။

ကင်းမွန်အစာသွတ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ကင်းမွန်ကြီးကြီး(၅)ကောင်
  • -ကြက်သား(၁၅)ကျပ်သား
  • -နံနံပင်(၅)ပင်
  • -ကြက်သွန်နီ(၃)လုံး
  • -ကြက်သွန်ဖြူ(၅)မွှာ
  • -ငရုတ်သီးစိမ်း(၅)တောင့်

ပြုလုပ်ပုံကတော့-

(၁)-ကင်းမွန်ကို ခေါင်းဖြုတ် ၊ အတွင်းရောအပြင်ပါ သန့်စင်အောင်ဆေးပြီး ကြက်သားမှုန့် ၊ ဆားအနည်းငယ်နဲ့ အရသာဝင်အောင် နယ်ထားပေးပါ။

(၂)-ကြက်သားကိုနုတ်နုတ်စင်း ၊ ကြက်သွန်နီနဲ့ နံနံပင်ရောကြိတ်ကာ ၊ ငံပြာရည် ၊ ကြက်သားမှုန့်အနည်းငယ်ထည့်ကာ အကုန်ရောနယ်ပေးပါ။

(၃)-နယ်ထားတဲ့ အစာတွေကို ကင်းမွန်ထဲကိုသိပ်ပေးပါ။ ဖြုတ်ထားတဲ့ ကင်းမွန်ခေါင်းကို လက်တံအောက်ဘက်အခြမ်းကနေ အစာသွတ်ထားတဲ့ ကင်းမွန်အဝကို ဆို့ထားပေးပါ။

(၄)-ပေါင်းအိုးဇကာပေါက်ပေါ်တင်ပြီး အောက်ကအိုးထဲရေထည့်ကာ ရေနွေးငွေ့နဲ့ပေါင်းပေးပါ။

(၅)-ကင်းမွန်အသားတင်းလာပြီး ကျက်သွားပြီဆိုရင်တော့ ကင်းမွန်တွေကို ပန်းကန်ပြားတစ်ချပ်ထဲမှာ  ဆယ်ယူထားပါ။

(၆)-ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ရောထောင်းပြီး သံပုရာညှစ်ကာဆော့စ်ပြုလုပ်ပေးပါ။

(၇)-ဆော့စ်ကိုတော့ ဆယ်ယူထားတဲ့ ကင်းမွန်တွေပေါ်လောင်းချပေးပါ။

ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာတွေလွှမ်းထုံနေတဲ့ ကင်းမွန်အစာသွတ်ချဉ်ငံစပ်လေးကို ရရှိပါပြီနော်။

 

Image Source:  www.facebook.com

Leave A Comment

Your email address will not be published. Required fields are marked *