ချဉ်ချဉ်စပ်စပ်ကြိုက်သူတွေအတွက် အရသာလည်းကောင်းစျေးနှုန်းလည်းချိုသာတဲ့ Spicy Taste….

ပါဝင်တဲ့ပမာဏများပြားပြီး  ? ?  စျေးနှုန်းလည်းအရမ်းတန် အရသာလည်းအရမ်းရှိတာကြောင့်  ? ?  Review ကောင်းတွေအများကြီးရထားတဲ့ မာလာရှမ်းကောဆိုင်လေးအကြောင်းကို Foodies Navi ကနေပြောပြပေးချင်ပါတယ်။ ?? ??   ဒီဆိုင်လေးကတော့ မြောက်ဥက္ကလာပမြို့နယ် ၊ ကန်သာယာစင်တာ ပထမထပ်မှာရှိတဲ့ The Spicy Taste ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်။  ? ?  ဒီဆိုင်လေးမှာတော့  ? ?  မာလာရှမ်းကောအပြင်  ? ? ?  ဂုံးချဉ်စပ် ၊ ဂဏန်းမာလာချဉ်စပ် ၊ ကင်းမွန်ချဉ်စပ် ၊ ကြက်ခြေထောက်ချဉ်စပ်ဟင်းရည် ၊ ဖျော်ရည်မျိုးစုံစတာတွေကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ ? ?

 

အခုတလောလူကြိုက်အရမ်းများနေတဲ့  ? ?  စပ်စပ်ထုံထုံမာလာရှမ်းကောကို  ? ? ?  အသားလုံး ၊ အရွက်အသီးစုံစုံလင်လင်နဲ့စိုစိုပြေပြေလေး ချက်ပြုတ်ထားတာကြောင့်  ? ?  အစပ်အဟပ်တည့်ပြီး  ? ?  လျှာထိပ်ဖျားမှာအထုံအရသာလေး စွဲကျန်ရစ်နေတာကြောင့် Spicy Taste ရဲ့ မာလာရှမ်းကောကိုထပ်ကာတလဲလဲစားချင်လာအောင်  ? ?   ခံတွင်းရဲ့ဆန္ဒကိုစွဲညို့ထားစေနိုင်ပါတယ်။ ? ?   အသားလုံးတွေအများကြီးပါဝင်ပြီး အသားလုံးကိုဖိကိုက်လိုက်လို့ ယိုစိမ့်ပေါက်ထွက်လာတဲ့အရသာရည်လေးတွေကိုလည်း   ? ?  လျှာပေါ်မှာဝဲပျံနေစေပါတယ်။  ? ?  မာလာရှမ်းကောကိုတစ်ပွဲချင်းမှာစားလို့ရသလို ကိုယ်ကြိုက်တဲ့အမည်တွေရွေးချယ်ပြီး ကျသလောက်ရှင်းစနစ်နဲ့လည်း သုံးဆောင်နိုင်ပါတယ်။ ?? ??

? ?  ကြေးအိုးပွဲတိုင်းမှာလည်း လတ်ဆတ်တဲ့အသားတွေ  ? ?   ၊ ဟင်းသီးဟင်းရွက်တွေကိုသာ  ? ?  အသုံးပြုထားတာကြောင့် သန့်ရှင်းလတ်ဆတ်နေပြီး အရသာဖန်တီးထားမှုဟာလည်း အပိုအလိုမရှိဘဲစားဖူးသူတိုင်း စိတ်ကြိုက်တွေ့စေမယ့်  ? ?  အရသာမျိုးဖြစ်ပါတယ်။ ဂုံးချဉ်စပ် ၊ ဂဏန်းမာလာချဉ်စပ် ၊ ကင်းမွန်ချဉ်စပ်တွေဟာလည်း ပင်လယ်အငွေ့အသက်တွေခံစားရရှိလောက်အောင် လတ်ဆတ်ကောင်းမွန်ပြီး အချဉ်အစပ်ကိုမှခံတွင်းတွေ့ပါတယ်ဆိုတဲ့  ? ?  စားသုံးသူတွေအတွက်လုံးဝအဆင်ပြေစေမှာပါ။  ?? ??  ဆိုင်ဖွင့်ချိန်ကတော့    မနက်()နာရီကနေ ည()နာရီအထိပဲဖြစ်ပါတယ်။

 

Image Source : www.facebook.com/thespicytaste

Leave A Comment

Your email address will not be published. Required fields are marked *