အရသာထူးကဲမှုနဲ့ စျေးချိုသာချက်ကတော့ လုံးဝလက်လန်တဲ့ Spicy Sticks….

တုတ်ထိုးဟော့ပေါ့တွေ facebook ပေါ်မှာပလူပျံနေတဲ့အချိန်မှာ Foodies Navi ကနေတုတ်ထိုးဟော့ပေါ့ဆိုရင် ရှယ်တန်ပြီးရှယ်ကောင်းတဲ့ Spicy Sticks ဆိုတဲ့ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ လှည်းတန်းအနီးတစ်ဝိုက်ကို ဖြတ်သန်းသွားလာနေသူတွေအကုန်နီးပါးသိတဲ့ ဆိုင်လေးဖြစ်ပေမယ့် မသိသေးတဲ့အစားတစ်လိုင်းတို့အတွက် Spicy Sticks တုတ်ထိုးဟော့ပေါ့အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့   လှည်းတန်း()လမ်းမှာတစ်ဆိုင် ၊ လှည်းတန်းလမ်းမ(KFC ဘေး) , ပထမထပ်မှာ()ဆိုင် ဖွင့်လှစ်ထားတာဆိုတော့ လမ်းကြုံတဲ့ဆိုင်ကို ဝင်စားနိုင်မှာပဲဖြစ်ပါတယ်။

Spicy Stick မှာ မာလာအရသာ အချို/အစပ်ဟင်းရည်()အိုးကို (၁၅၀၀)ကျပ်ကစတင်ရရှိနိုင်ပြီး ဒီဟင်းရည်အိုးလေးထဲမှာ ()ချောင်းကို ၁၀၀/၁၅၀/၂၀၀ ကျပ်တန်တုတ်ထိုးလေးတွေကို စိတ်ကြိုက်ရွေးချယ်ထည့်ပြီး စားသုံးရမှာဖြစ်ပါတယ်။  စျေးနှုန်းတန်လို့ လျှော့တော့မတွက်လိုက်နဲ့နော်။ ရေဘဝဲလက် ၊ အသားလုံး ၊ ကြက်သား ၊ ဝက်သား ၊ ပုဇွန် ၊ ကင်းမွန် ၊ အရွက်စုံစတဲ့ လတ်လတ်ဆတ်ဆတ်တုတ်ထိုးတွေကို ပေးရတဲ့စျေးနဲ့မမျှတလောက်အောင် အရသာရှိစွာသုံးဆောင်နိုင်မှာပါ။ မာလာဟင်းရည်အိုးထဲက မာလာအရသာတွေစိမ့်ဝင်နေတဲ့ အသားနဲ့အရွက်တွေကို မြည်းစမ်းကြည့်ရုံနဲ့ လျှာပေါ်မခွာနိုင်အောင် မနားတမ်းအမုန်းဆွဲချင်စိတ်တွေ ဖြစ်ပေါ်လာစေမှာ အသေအချာပါပဲနော်။

တုတ်ထိုးဟော့ပေါ့နဲ့တိုးစားဖို့အတွက် အချဉ်ရည်ကိုလည်း ကိုယ်တိုင်စပ်လို့ရတာကြောင့် ကိုယ့်အာခံတွင်းနဲ့ကွက်တိကျစေဖို့ ကိုယ်တိုင်ဖန်တီးပြီး လိုက်ဖက်ညီစွာသုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ပေးရတဲ့စျေးနှုန်းနဲ့မလိုက်ဖက်လောက်အောင် အရသာထူးခြားမှုနဲ့ စျေးချိုသာချက်ကတော့ လက်လန်တယ်နော်။ Budget အခြေအနေအကဲခတ်နေစရာမလိုတာကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် ရှယ်စားချင်ကြတဲ့အစားတစ်လိုင်းတို့အတွက် လုံးဝကွက်တိနော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည()နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source: www.facebook.com/spicysticks

Leave A Comment

Your email address will not be published. Required fields are marked *