စွဲမက်ဖွယ် စပ်စပ်ထုံထုံမာလာရှမ်းကောကို စျေးနှုန်းသက်သာစွာသုံးဆောင်နိုင်မယ့် Spice Up ……..

Foodies တို့ရေ ဒီတစ်ခါမှာတော့ မယုံရဲလောက်အောင်စျေးတအားတန်တဲ့ မာလာရှမ်းကောဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ စျေးတအားတန်ရုံသာမက အရသာရဲ့အရည်အသွေးကလည်း ထိပ်တန်းဖြစ်တာကြောင့် Review ကောင်းတွေအများကြီးရရှိထားတဲ့ Spice Up ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ အရသာနဲ့စျေးနှုန်းကြောင့်သာမကဘဲ ဆိုင်အတွင်းပိုင်းရဲ့ရိုမန့်တစ်ဆန်တဲ့ အပြင်အဆင်တွေကြောင့်ပါ စားသုံးသူတွေအကြိုက်တွေ့နေတဲ့ Spice Up ရဲ့လိပ်စာကတော့ အမှတ်(၃၇) ၊သတိပဌာန်လမ်း ၊ တာမွေမြို့နယ်၊ရန်ကုန်ဖြစ်ပါတယ်။

 

ပုဇွန်နဲ့ဂဏန်းမာလာရှမ်းကောကို အစပ်အဟပ်တည့်စွာစားသုံးနိုင်သလို အစပ်အထုံကိုလည်းစိတ်ကြိုက်မှာယူလို့ရပါတယ်။ အသားအပြည့်ပါတဲ့ဂဏန်းကြီးတွေကို အရသာစိမ့်ဝင်အောင်ချက်ပြုတ်ထားတဲ့အတွက် ဂဏန်းသားအမျှင်လေးတွေဟာ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ စားရတာအလွန်အနှစ်အရသာရှိပါတယ်။ ပုဇွန်ကလည်းလတ်ဆတ်ပြီးနူးညံ့တာကြောင့်  ဝါးလိုက်တာနဲ့စီးစီးလေးခံစားရစေပါတယ်။ မာလာရှမ်းကောပွဲတိုင်းမှာ အသားလုံးတွေ ၊ ကြက်အူချောင်းတွေ ၊ အပ်မှိုတွေလည်း အများကြီးပါဝင်ပါတယ်။ တစ်ပွဲချင်းစီမှာယူသုံးဆောင်လို့ရသလို Gram နဲ့လည်းစိတ်ကြိုက်ရွေးချယ်သုံးဆောင်နိုင်ပါတယ်။ စျေးနှုန်းသက်သာတယ်ဆိုပေမယ့် အရသာကိုတော့လုံးဝလျှော့မတွက်လိုက်နဲ့နော် ။ ချဉ်ငံစပ်ထုံအရသာကို လျှာဖျားနဲ့ခွဲမသွားနိုင်ဘဲ တရစပ်စားသုံးချင်လာအောင် စွဲညို့ထားနိုင်မှာပဲဖြစ်ပါတယ်။ 

အာလူးချောင်းကြော်ကိုမှ အစပ်အရသာသုံးဆောင်ရတာကြိုက်တဲ့ Foodies တွေအတွက်လည်း မာလာအာလူးချောင်းကြော်ရရှိနိုင်သေးတယ်နော်။ အနှစ်အရသာအပြည့်အဝခံစားနိုင်ပြီး ချိုချဉ်ငံစပ်ထုံအရသာစုံတဲ့ သင်္ဘောသီးထောင်းနဲ့ ပြောင်းဖူးထောင်းတွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ ဒါတွေအပြင်တခြားအရသာထူးခြားတဲ့ Menu တွေလည်းရှိသေးတယ်ဆိုတော့ မြန်မြန်သာသွားစားကြည့်လိုက်တော့နော် Foodies တို့ရေ ။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည()နာရီအထိပဲဖြစ်ပါတယ်။

 

Image Source : www.facebook.com/spiceup

Leave A Comment

Your email address will not be published. Required fields are marked *