မန္တလေးမြို့မှာအေးအေးဆေးဆေးအပန်းဖြေရင်း အရသာရှိတဲ့အစားသောက်တွေသုံးဆောင်ချင်ရင်တော့…

မန္တလေးမြိုကိုအလည်ပတ်သွားလို့ပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားဧည့်သည်တွေကိုမန္တလေးမြို့အလှအပတွေလိုက်ပြတဲ့အခါမှာပဲဖြစ်ဖြစ် စားသောက်ဆိုင်ကောင်းကောင်းမှာတည်ခင်းဧည့်ခံကျွေးမွေးချင်ရင်တော့ ၂၂လမ်းx၆၃လမ်းထောင့်က Spice Gardenကို သတိရလိုက်ပါ…..

နေ့လည်နေခင်းမှာ စိတ်အေးလက်အေး ကော်ဖီသောက်ရင်းအလုပ်လုပ်ချင်တာပဲဖြစ်ဖြစ်၊ လုပ်ငန်းကိစ္စစကားပြောရင်း အေးအေးဆေးဆေးစားသောက်ချင်တယ်ဆိုရင်တော့ Spice Garden ကိုသွားဖို့အကြံပေးချင်တယ်နော်။ အေးချမ်းသောဝန်းကျင်၊ သက်တောင့်သက်သာနေရာထိုင်ခင်းနှင့် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့အတွက် ဧည့်သည်တွေအနားယူလို့ကောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်။  ဒီဆိုင်လေးမှာဆိုရင် Northern and Southern Indian cuisine (အိန္ဒိယအစားအစာ)တွေကိုရရှိနိုင်ပါတယ်။ ဝန်ဆောင်မှုအနေနဲ့ (breakfast, lunch, dinner, drinks and coffee ) ရရှိနိုင်ပါတယ်။ ဆိုင်ပုံစံလေးက နှစ်ထပ်ဖြစ်ပြီး အောက်ထပ်မှာအစားအစာမှာယူသုံးဆောင်နိုင်သလို အပေါ်ထပ်မှာလည်း ( overlooking) အနေနဲ့ရေကူးကန်နှင့်အလှတရားတွေကိုအပေါ်ကနေခံစားရင်း အစားအစာတွေကိုသုံးဆောင်လို့ရပါတယ်။ အပြင်ဘက်မှာလည်းလေညင်းခံရင် အရသာရှိလှတဲ့အစားအစာတွေကို သုံးဆောင်လို့ရအောင်စီစဉ်ပေးထားပါတယ်။ Pool ရှိတဲ့အတွက်ညပိုင်း Dinner Party ပွဲလိုကျင်းပလို့ရသလို လေညင်းခံရင်းအရသာရှိတဲ့အစားအစာတွေကိုသုံးဆောင်လို့ရတဲ့နေရာလေးဖြစ်ပါတယ်။

 

 

 

ဒီဆိုင်မှာရရှိနိုင်တဲ့အစားအစာတွေက ကြက်သားနှင့်ငါးကိုအဓိကရရှိနိုင်ပြီး Seafood and Vegetarian dishes တွေကိုလည်းရရှိနိုင်ပါတယ်။ အရသာရှိပြီးသန့်ရှင်းလတ်ဆတ်တဲ့အစားအစားတွေရရှိနိုင်တဲ့ မန္တလေးမှာတစ်ခုတည်းသော Indian-Myanmar fine dining restaurant ဖြစ်ပါတယ်။ အိန္ဒိယအစားအစားနှင့်မြန်မာအစားအစာ ကြိုက်နှစ်သက်သူတွေအတွက်ခံတွင်းတွေ့စေမယ့်ဆိုင်လေးဖြစ်ပါတယ်။ မန္တလေးမြို့တော်ကြီးကိုအလည်ရောက်လို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအေးအေးဆေးဆေးလုပ်ချင်ရင်းပဲဖြစ်ဖြစ်၊ မိသားစုစားသောက်ဝိုင်းလေးတစ်ခုဖန်တီးချင်ရင်ပဲဖြစ်ဖြစ် ၂၂လမ်းx၆၃လမ်းထောင့်မှာရှိတဲ့ Spice Garden မှာဆိုအေးအေးဆေးဆေးစားသောက်အပန်းဖြေလို့ရတဲ့အတွက် သွားရောက်စားသောက်ဖို့အကြံပေးချင်ပါတယ်။

SPICE GARDEN Website Link : www.hotelredcanal.com

SPICE GARDEN Facebook Page : www.facebook.com/Spice-Garden-Restaurant

 

 

 

Leave A Comment

Your email address will not be published. Required fields are marked *