ရှမ်းထမင်းချဉ်လေးလုပ်စားပြီး ခံတွင်းအသစ်လေးရှာဖွေကြမယ်

ထမင်း ၊ ဟင်းတွေချည်းနေ့တိုင်းချက်စားနေရတော့ ထမင်းစားရမှာတောင်ရိုးအီလာသလိုပဲနော် ။ သွားရည်စာတွေစားပြန်တော့လည်း ဝမ်းဗိုက်ကမတင်းတိမ်နိုင်ဘဲ ခဏခဏဆာလာပြန်ရော။ ဒီတော့အပြောင်းအလဲလေးဖြစ်ပြီး ခံတွင်းလည်းတွေ့သွားစေမယ့် ရှမ်းထမင်းချဉ်လေးလုပ်စားကြရအောင်။ လုပ်နည်းလေးကလည်း အရမ်းလွယ်ကူပြီး အချိန်ကုန်လည်းတအားသက်သာတဲ့အတွက် အောက်မှာပြောပြမယ့်နည်းလမ်းလေးတွေကြည့်ပြီး တစ်ခါလောက်လုပ်စားကြည့်လိုက်ပါဦးနော်။

ရှမ်းထမင်းချဉ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ရှမ်းဆန်ပျော့ နို့ဆီဗူး(၁)ဗူး
  • -ပဲဆီ ထမင်းစားဇွန်း(၂)ဇွန်း
  • -ဆား အနည်းငယ်
  • -ကြက်သားမှုန့်အနည်းငယ်
  • -ခရမ်းချဉ်သီး (၃)လုံး
  • -ကြက်သွန်နီ(၂)လုံး
  • -ကြက်သွန်ဖြူ(၃)မွှာ
  • -မြေပဲဆံ
  • -ဂျူးမြစ်
  • -ငရုတ်သီးလှော်

ပြုလုပ်ပုံကတော့ ထမင်းပေါင်းအိုးထဲမှာ ရှမ်းဆန်ပျော့ကိုဆန်ဆေးပြီး နနွင်းမှုန့် ၊ ဆီ ၊ ကြက်သားမှုန့် ၊ ဆားတို့ကိုရောထည့်ထားပြီး ထမင်းချက်နေကျအတိုင်း ရေထည့်ပြီးတည်ထားပါ။ ကြက်သွန်ဖြူကို ခပ်ပါးပါးလေးတွေလှီးပြီး ဆီချက်ချက်ထားပေးပါ။ ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီအနည်းငယ်နဲ့ ခရမ်းချဉ်သီး၊ငံပြာရည် ၊ မန်ကျည်းရည်တို့ကိုရောပေါင်းကာ ခရမ်းချဉ်သီးအနှစ်ဖြစ်တဲ့အထိချက်ပေးပါ။ ပေါင်းအိုးထဲကရှမ်းထမင်းကျက်သွားပြီဆိုရင်တော့ ခရမ်းချဉ်သီးအနှစ်နဲ့ရောနယ်ပေးပြီး ဇလုံအသေးတစ်ခုထဲထည့်ကာ ပန်းကန်တစ်ခုပေါ်သွန်ချပြီး အဝိုင်းပုံလေးဖော်ပေးပါ။ ပြီးရင်ထမင်းအပေါ်ကနေ ကြက်သွန်ဖြူဆီချက်ဖတ် ၊ မြေပဲဆံလေးတွေတင်ပြီး ဂျူးမြစ် ၊ ငရုန်သီးလှော်တွေနဲ့ တွဲဖက်စားသုံးလို့ရပါပြီနော်။ တို့ဟူးကြော် ၊ ဝက်ခေါက်ကြော်တွေနဲ့ တွဲဖက်စားသုံးရင်လည်းရှယ်ကောင်းပါတယ်နော်။

Leave A Comment

Your email address will not be published. Required fields are marked *