အချိုမှုန့်လုံးဝမသုံးထားဘဲ စွန်းသန့်တဲ့ဝက်သားဒုတ်ထိုးကိုမှ မျှော်လင့်တောင့်တနေတယ်ဆိုရင်တော့…

အရင်ခေတ်တွေတုန်းက ဝက်သားဒုတ်ထိုးဆိုလမ်းဘေးမှာပဲရောင်းခဲ့ပေမယ့် ခေတ်မီတိုးတက်လာတာနဲ့အမျှ ကျန်းမာရေးကိုပိုအလေးထားလာကြလို့ထင်တယ်။ ဝက်သားဒုတ်ထိုးကို ဆိုင်တွေသီးခြားဖွင့်ပြီး ရောင်းချလာကြတာကိုတွေ့ရတယ်။ ဝက်သားဒုတ်ထိုးဆိုင်တွေထဲမှာတော့ နာမည်နဲ့လိုက်အောင် ရှယ်သန့်တာတော့ ” စွန်းသန့်” ဆိုတဲ့ဝက်သားဒုတ်ထိုးဆိုင်ပဲ။ ဒီဆိုင်လေးကတော့ လတ်တလောမှာလည်း အရမ်းသန့်တယ်ဆိုပြီး Review ကောင်းတွေအများကြီး ရရှိထားလို့ အစားတစ်လိုင်းမသိလိုက်ရမဖြစ်ရလေအောင် လက်တို့ပေးလိုက်တယ်နော်။

ဒီဆိုင်လေးရဲ့ထူးခြားချက်ကတော့ အချိုမှုန့်လုံးဝမသုံးဘဲ အစားထိုးပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဆား ၊ သကြား ၊ ပျားရည် ၊ ထန်းလျက်တွေကိုအသုံးပြုပြီး သဘာဝအသားအချိုဓာတ်ရရှိအောင် ဖန်တီးချက်ပြုတ်ထားတာမို့ ချွဲကြပ်တာရေငတ်တာတွေလုံးဝမဖြစ်ပေါ်နိုင်ပါဘူး ။ လက်အိတ်လေးအသုံးပြုပြီး အသားတွေကိုလှီးဖြတ်ပေးတာမို့ မြင်ရစားရတာလည်းစိတ်ချမ်းသာချက်ပဲ။ ဝက်သားအသည်းစွဲတွေအတွက် နို့အိုသား ၊ အူပိတ် ၊ အူချို ၊ လျှာ ၊ အသား ၊ အခေါက် ၊ အရိုးနုစတဲ့ အစိတ်အပိုင်းတွေကို စုံစုံလင်လင်လေးရနိုင်မှာဖြစ်ပါတယ်။  ဝက်သားဒုတ်ထိုးအရသာလေးက နူးအိပြီးတထုပ်ထုပ်လေးနဲ့စားလို့ကောင်းသလို ဝက်သားဒုတ်ထိုးရဲ့အသက်ဖြစ်တဲ့ ဟင်းရည်နဲ့အချဉ်ရည်လေးကရှယ်ပဲ။ နောက်ထပ်ထူးခြားတာကတော့ ဝက်သားဒုတ်ထိုးကြော်ရနိုင်တာပါ။ အနည်းဆုံး(၁၀)ချောင်းကနေစပြီး ဝက်သားဒုတ်ထိုးကြော်မှာလို့ရပါတယ်။

ဝက်သားဒုတ်ထိုး(၁)ချောင်းကို (၂၀၀)ကျပ်  ၊ အူမကြီးသုပ် ၊ ဝက်ခေါင်းသုပ် ၊ ဝက်အစုံသုပ်တွေဆို (၂၀၀၀)ကျပ်ဆိုတော့ဈေးနှုန်းလေးလည်းမဆိုးဘူးရယ်။ ဆိုင်မှာသွားမစားချင်ဘူးဆိုရင်လည်း Pre-order မှာလို့ရသေးတယ်။

ဒုတ်ထိုးအချောင်း(၂၅၀)+အပို(၂၅)ချောင်း+ကြာဇံကြော်(၅)ပွဲ+ဝက်လက်ပေါင်းနူးအိဟင်းရည်= (၅)သောင်းကျပ်

ဒုတ်ထိုးအချောင်း(၃၀၀)+အပို(၃၀)ချောင်း+ကြာဇံကြော်(၆)ပွဲ+ဝက်လက်ပေါင်းနူးအိဟင်းရည်=(၆)သောင်းကျပ်

ဒုတ်ထိုးအချောင်း(၅၀၀)+အပို(၅၅)ချောင်း+ကြာဇံကြော်(၁၀)ပွဲ+ဝက်လက်ပေါင်းနူးအိဟင်းရည်=(၁)သိန်းကျပ်ဆိုပြီး ကြိုက်နှစ်သက်ရာကို 09254374273 ကိုတစ်ရက်ကြိုတင်ဖုန်းဆက်မှာယူလို့ရသေးတယ်နော်။ စွန်းသန့်ဆိုင်ရဲ့လိပ်စာကတော့-အမှတ်(၄၆) ၊ သတိပဌာန်လမ်း ၊ ကျောက်မြောင်းဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည်(၁)နာရီကနေ ည(၉)နာရီအထိဖြစ်ပါတယ်။

 

Image Source: www.facebook.com/စွန်းသန့်ဝက်သားဒုတ်ထိုး

 

Leave A Comment

Your email address will not be published. Required fields are marked *