ဆီပါဝင်မှုနည်းတဲ့ ဂျပန်စတိုင်ဟင်းလျာတွေကို အစပ်အဟပ်တည့်စွာသုံးဆောင်နိုင်မယ့်…

လတ်တလောမှာတော့ ဆီပါဝင်မှုနည်းပါးတဲ့ ဂျပန်အစားအစာတွေကို အစားတစ်လိုင်းတို့ခံတွင်းတွေ့နေတာကြောင့် Foodies Navi ကနေ ဂျပန်ရိုးရာဆူရှီအပြင် ဂျပန်စတိုင်ဟင်းလျာအစုံအလင်ရရှိနိုင်တဲ့ Smile Curry House နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ရန်ကုန်မြို့ရဲ့စားသောက်ဆိုင်ကောင်းကောင်းလေးတွေ တစ်စုတစ်ဝေးတည်းရှိနေတဲ့ တရုတ်တန်းမှာတည်ရှိပါတယ်။ လိပ်စာအပြည့်အစုံကတော့ အမှတ်(၇၃) (၁၉)လမ်း၊လသာမြို့နယ်၊ရန်ကုန်ဖြစ်ပါတယ်။

 

 

Smile Curry House မှာတော့လတ်လတ်ဆတ်ဆတ်ပင်လယ်စာတွေနဲ့အသီးအရွက်တွေကိုစီးစီးပိုင်ပိုင်ထမင်းတွေကြားထဲမှာညှပ်ပြီးရေညှိထဲထည့်လိပ်ထားတဲ့ထမင်းလိပ်ကိုမယောနိစ်ဆိမ့်ဆိမ့်လေးနဲ့တွဲဖက်စားရတဲ့ဆူရှီမျိုးစုံ၊အသားအပြည့်ပါတဲ့ဂဏန်းကြီးတွေကိုအရသာစိမ့်ဝင်အောင်ထည့်ပြုတ်ထားတဲ့ဂဏန်းဟင်းချို၊ဆိမ့်ဆိမ့်သက်သက်လေးနဲ့နွေးနွေးလေးစားသုံးနိုင်မယ့်ဂျပန်တို့ဟူးကြော်၊သံပုရာသီးလေးညှစ်ကာရနံ့သင်းသင်းလေးရနေတဲ့ငါးအသားချိုချိုလေးကိုသုံးဆောင်နိုင်မယ့်ဆန်းမငါးကင်၊ အစပ်အဟပ်တည့်စွာချဉ်ချဉ်စပ်စပ်လေးသုပ်ထားတဲ့ကင်းမွန်သုပ်၊နူးညံ့တဲ့ဖက်သားလေးတွေထဲမှာအရသာဖော်စပ်ပြီးသားအသားလေးတွေထည့်ထုပ်ထားတဲ့ဖက်ထုပ်ကြော်၊လတ်ဆတ်တဲ့ပြည်ကြီးငါးတွေကိုအကွင်းလေးတွေလှီးပြီးမုန့်နှစ်နဲ့ပေါင်းစပ်ကာကြွပ်ကြွပ်ရွရွလေးကြော်ထားတဲ့ပြည်ကြီးငါးကွင်းကြော်စတာတွေအပြင်ရာသီပေါ်အသီးအနှံတွေကိုဖျော်ရည်အနေနဲ့သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

Smile Curry House ဆိုတဲ့အတိုင်း ဝန်ထမ်းလေးတွေဟာ ချိုသာတဲ့အပြုံးလေးတွေပွင့်လန်းနေတာကြောင့်  ဝန်ဆောင်မှုကောင်းတဲ့ဆိုင်လေးလို့ ပြောလို့ရပါတယ်။ ဂျပန်စတိုင်ဟင်းလျာတွေဖြစ်ပေမယ့် မြန်မာခံတွင်းနဲ့ထပ်တူကျစေမယ့် အရသာအတိုင်း ဖန်တီးပြင်ဆင်ချက်ပြုတ်ထားတာကြောင့် စိတ်တိုင်းကျစေမှာအသေအချာပါပဲ။ စားသုံးဆီကိုလည်း တတ်နိုင်သလောက်အနည်းငယ်ပဲ အသုံးပြုထားတာကြောင့် ကျန်းမာရေးအတွက်လည်း စိတ်ချယုံကြည်နိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source : www.facebook.com/smilecurryhouse

Leave A Comment

Your email address will not be published. Required fields are marked *