European Food ကောင်းကောင်းစားချင်ရင်တော့ Signature Fine Dining & the Garden Bistro

Signature Fine Dining & the Garden Bistro တော့ European Restaurant  တစ်ခုဖြစ်ပါတယ်။ တိတိကျကျပြောရမယ်ဆိုရင်တော့ Modern European Restaurant ဆိုင်လေးဖြစ်ပါတယ်။ အစားအစာအားလုံးက ပုံထဲမှာမြင်ရရုံနဲ့ သွားရေတောင်ယိုစေပါတယ်။ Specialties အနေနဲ့ Serves breakfast, lunch, dinner, drinks and coffee အစုံအလင်ရရှိပါတယ်။  ဒီ Restaurant လေးရဲ့နေရာအခင်းအကျင်းလေးကသေသပ်ပြီး စားသုံးသူတွေကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ ကျေနပ်နှစ်သက်စေပါတယ်။ Services ပိုင်းမှာလည်း ဝန်ထမ်းတွေအရမ်းကိုဝန်ဆောင်မှုကောင်းတဲ့ဆိုင်လေးပါ။ ဒီ Restaurant လေးကအခုလိုဝန်ဆောင်မှုအပြည့်အဝပေးပါတယ်။

  • Good For Groups
  • Good For Kids
  • Outdoor Seating
  • Takes Reservations
  • Waiter Service
  • Walk-Ins Welcome

ဒီဆိုင်လေးရဲ့ Location လေးရယ်၊ ဘယ်အချိန်ဖွင့်တယ်ဆိုတာလေးကိုပြောပြပေးမယ်နော်။ Signature Fine Dining & the Garden Bistro Modern European Restaurant ရဲ့တည်နေရာက Corner of Kaba Aye Pagoda Road & Kan Yeik Thar Street Yangon မှာဖြစ်ပြီး မနက် 7:00 am ကနေည 10:00 pm အထိဖွင့်ပါတယ်။ စားသုံးသူတွေကျေနပ်အားရစေပြီး တကယ်ကို Europe ရောက်နေသလားအောက်မေ့ရလောက်အောင် အစားအစားရော၊ ဆိုင်ပုံစံလေးကပါတော်တော်မိုက်ပါတယ်။ ဒီဆိုင်မှာရရှိနိုင် Menu လေးတွေကိုစားသုံးသူများအဆင်ပြေစေဖို့အတွက် သိသလောက် Share ပေးချင်ပါတယ်။ သူငယ်ချင်းတွေနဲ့တွေ့ဆုံပွဲလုပ်လုပ်၊ ရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့ dinner,staff party ပဲလုပ်လုပ်၊ မိသားစုတွေအပျော်ရွှင်ဖွယ်ရာညစာစားပွဲလေးပဲဖန်တီး ဆိုင်လေးရဲ့အပြင်အဆင်လေးနဲ့စားသောက်ဖွယ်ရာတွေက စားသောက်သူတွေကိုစိတ်ကျေနပ်ဖွယ်ရာအပြည့်ပေးစွမ်းနိုင်မှာအသေချာပဲဖြစ်ပါတယ်။

Menu  တွေကိုကြည့်ရင် Europe Food ကိုကြိုက်နှစ်သက်တဲ့သူတွေသဘောကျလိမ့်မယ်လို့ထင်ပါတယ်။ ကမ္ဘာအေးဘက်လမ်းကြုံရင်ပဲဖြစ်ဖြစ်၊ အစားအသောက်ကောင်းကောင်းစားချင်ရင်ပဲဖြစ်ဖြစ် Signature Fine Dining & the Garden Bistro Modern European Restaurant သို့လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ နာမည်ကြီးစားသောက်ဆိုင်တွေကိုသိချင်တဲ့ အစားအသောက်ချစ်မြတ်နိုးတဲ့သူတွေကို နောက်ထပ်ဘယ်လိုစားသောက်ဆိုင်တွေမှာ ဘယ်လိုအစားအစာတွေရနိုင်သလဲဆိုတာကိုသိချင်ရင် ညီမတို့ Site ထဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်။ အာဟာရရှိသောအစားစားတွေစားသောက်ရင်း ကျန်းမာပျော်ရွှင်သောဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Signature Fine Dining & the Garden Bistro Facebook Page : www.facebook.com/SignatureFineDining

 

Leave A Comment

Your email address will not be published. Required fields are marked *