လွယ်ကူသက်သာပြီးအာဟာရပြည့်ဝတဲ့ ဆီချက်ခေါက်ဆွဲပြုလုပ်နည်း

ထမင်းအစားထိုးစားသုံးကြတဲ့ ဂျုံနဲ့ပြုလုပ်တဲ့အစားအစာတွေထဲမှာတော့ ခေါက်ဆွဲကိုလူကြိုက်များကြပါတယ်။ အဆာခံသလို အာဟာရလည်းပြည့်ဝတာကြောင့် ခေါက်ဆွဲကိုပုံစံအမျိုးမျိုးနဲ့ လုပ်စားတတ်ကြပါတယ်။ ဒီလိုပုံစံအမျိုးမျိုး ပြုလုပ်ကြတဲ့အထဲက ဆီချက်ခေါက်ဆွဲပြုလုပ်ပုံလေးကို Foodies Navi ကနေပြောပြပေးချင်ပါတယ်။

ဆီချက်ခေါက်ဆွဲပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ –

  • -ခေါက်ဆွဲခြောက် (၂၀)ကျပ်သား
  • -ကြက်သား (၂၀)ကျပ်သား
  • -ပဲငံပြာရည်အကြည် ဇွန်းခွက်ကြီး(၁)ဇွန်း
  • -ကြက်သားမှုန့်
  • -ပဲဆီ (၁၀)ကျပ်သား
  • -ကြက်သွန်ဖြူ (၅)မွှာ
  • -ကြက်သွန်မြိတ်

ပထမဦးဆုံး ဆန်(၄)လုံးဝင်အိုးနဲ့ ရေနွေးတစ်အိုးတည်ထားပါ။ ကြက်သားကို ဆားတနွင်းနယ်ပြီး ရေခမ်းပြုတ်ပါ။ ကျက်သွားရင်တော့အအေးခံပြီး အသားနွှင်ထားပါ။ ကြက်သွန်ဖြူကိုပါးပါးလှီးပြီး ဆီချက်ပြုလုပ်ထားပါ။ ကြက်သွန်မြိတ်တွေကို ပါးပါးလှီးထားပါ။

ပြုလုပ်ပုံကတော့ ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲကို  ခေါက်ဆွဲခြောက်တွေထည့်ပြုတ်ပါ။ ခေါက်ဆွဲအပျော့အမာ စိတ်ကြိုက်အနေအထားရပြီဆိုရင်တော့ ခေါက်ဆွဲဖတ်တွေကိုဆယ်ယူပြီး ဆီချက်ခေါက်ဆွဲပြုလုပ်မယ့် ဇလုံကျယ်ကျယ်လေးကိုထည့်ပါ။ ပြီးရင်တော့ ကြက်သွန်ဖြူဆီချက် ၊ ပဲငံပြာရည်အကြည် ၊  ကြက်သားမှုန့် ၊ မွှထားတဲ့ကြက်သားတွေကိုရောထည့်ပြီး နှံ့အောင်သမပြီးမွှေပေးပါ။ အပေါ်ယံကနေ ကြက်သွန်မြိတ်လေးတွေတင်လိုက်ရင်တော့ အဆင်သင့်စားလို့ရတဲ့ ဆီချက်ခေါက်ဆွဲလေးကို ရရှိပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *