ပင်လယ်ကျွန်းစုဒေသတွေကတင်သွင်းတဲ့ ရှားပါးပင်လယ်စာအစုံကို တစ်နေရာတည်းမှာရရှိနိုင်မယ့်……

ပင်လယ်စာအသည်းစွဲတွေအတွက်  ? ?  နေ့စဉ်အလွယ်တကူရရှိနိုင်တဲ့ပင်လယ်စာမျိုးစုံကို  ? ? ?  အလွယ်တကူစားသုံးနိုင်ပေမယ့် ရေအောက်နက်နက်မှာ ခက်ခက်ခဲခဲရှာဖွေရတဲ့  ? ? ?  ပင်လယ်စာတွေကိုတော့ စားသုံးနိုင်ဖို့အလွန်ခဲယဉ်းလှပါတယ်။  ? ?  ဒါကြောင့်ပင်လယ်စာချစ်သူတွေအတွက် Foodies Navi ကနေ ပင်လယ်ကျွန်းစုဒေသတွေကတင်သွင်းတဲ့  ? ? ? ?  ပင်လယ်စာအစုံကို တစ်နေရာတည်းမှာသွားရောက်သုံးဆောင်နိုင်စေဖို့အတွက်  ? ?  Siberia Seafood Restaurant လေးအကြောင်းကိုလမ်းညွှန်ပေးချင်ပါတယ်။  ?? ??  ဒီဆိုင်လေးရဲ့လိပ်စာကတော့အမှတ်(၉၇၃) ၊ ရတနာလမ်းမကြီး ၊ ၁၂/ရပ်ကွက် ၊ ၁၄/၁၅လမ်းဆုံအနီး ၊ KIA Car Showroom ရှေ့ ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်ဖြစ်ပါတယ်။ ? ?

 

Siberia ရဲ့ထူးခြားချက်ကတော့  ? ? ? ?  ပင်လယ်စာအစားအစာမျိုးစုံကို ခင်းကျင်းပြသထားပြီး စားသုံးသူတွေကြိုက်နှစ်သက်တဲ့အစားအစာနဲ့  ? ?  အတူသုံးဆောင်လိုတဲ့အရသာအတိုင်း စိတ်ကြိုက်ရွေးချယ်မှုတွေကို  ? ?  စားဖိုမှူးကြီးတွေကစိတ်တိုင်းကျချက်ပြုတ်ပေးတာပဲဖြစ်ပါတယ်။  ??‍? ??‍?  Siberia မှာနာမည်အကြီးဆုံးနဲ့လူကြိုက်အများဆုံးကတော့ ခွဲဖွင့်လိုက်တာနဲ့ ဖြူဖွေးပြီးနူးညံ့တဲ့အသားအပြည့်ပါဝင်တာကို အားပါးတရတွေ့မြင်နိုင်မယ့်စားချင်စဖွယ်  ? ?  Spanner Crab ပဲဖြစ်ပါတယ်။ အသားများသလို ကျစ်ကျစ်လစ်လစ်လေးလဲဖြစ်တာကြောင့် ဂဏန်းရဲ့လတ်ဆတ်တဲ့အရသာကို အပြည့်အဝခံစားစေနိုင်မှာဖြစ်ပါတယ်။  ? ?  လတ်ဆတ်တဲ့ပင်လယ်စာအစုံနဲ့  ? ? ? ?  ဟင်းသီးဟင်းရွက်တွေကို ရောပြွမ်းထားပြီးထိမိတဲ့အရသာတွေဖော်စပ်ထားတဲ့  ? ?  ပင်လယ်စာဟော့ပေါ့ကိုလည်း တဝကြီးသုံးဆောင်နိုင်မှာဖြစ်ပါတယ်။  ? ?

? ? ? ?  ဂုံးယောက်မ ၊ ငါးလင်ဗန်း ၊ ပုဇွန်ကျား ၊ ကယုကမာ ၊ သွေးဂုံး ၊ ဥပြည့်ဂဏန်း ၊ ငါးရှဉ့် ၊ ကကတစ် ၊ ငါးဝက် ၊ ကဘလူး ၊ ကျောက်ငါး(ငတောက်တူ)စတဲ့ရှားပါးပင်လယ်စာတွေအပြင် ? ?   တောင်ဝက်သား ၊ တောကြောင်သားတွေကိုလည်း လတ်လတ်ဆတ်ဆတ်ရရှိနိုင်မှာဖြစ်ပါတယ်။  ? ?  ဆိုင်ကိုသွားရောက်မသုံးဆောင်ချင်ဘဲ  ?‍♀️ ?‍♀️  အိမ်မှာပဲပင်လယ်စာအစိမ်းတွေကို  ? ?  ကိုယ်တိုင်ချက်ပြုတ်စားသောက်လိုသူတွေအတွက်လည်း အိမ်အရောက် Delivery Service တွေရှိတယ်ဆိုတော့  ? ?  ပင်လယ်စာကိုခုံမင်နှစ်သက်သူတွေအတွက် လုံးဝကွက်တိပဲနော်။  ?? ??  ဆိုင်ဖွင့်ချိန်ကတော့    မနက်(၁၀)နာရီကနေ ည(၁၁)နာရီခွဲအထိပဲဖြစ်ပါတယ်။

 

 

Image Source : www.facebook.com/siberiaseafoodrestaurant

Leave A Comment

Your email address will not be published. Required fields are marked *