Hot Pot နဲ့မာလာရှမ်းကောကို တစ်နေရာတည်းမှာစားနိုင်ဖို့……….

ထုံထုံစပ်စပ်အရသာမာလာရှမ်းကောနဲ့ ပူပူနွေးနွေး Hot Pot လေးကို တစ်ပြိုင်တည်းစားသုံးချင်တဲ့ အစားအသောက် Crazy လေးတွေအတွက် Fooddies Navi ကနေ Shwe Pan Htike Hot Pot ဆိုင်လေးအကြောင်းကို သတင်းကောင်းပါးချင်ပါတယ်။ ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့နေရာမှာ တည်ရှိတာကြောင့်သွားလာရလွယ်ကူအဆင်ပြေစေပါတယ်။ Shwe Pan Htike Hot Pot ဆိုင်လေးမှာ Set Menu တွေကို မိသားစု ၊ အပေါင်းအသင်းတွေ ၊ ချစ်သူတွေနဲ့တွဲဖက်စားနိုင်သလို တစ်ပွဲချင်း Menu တွေကိုလည်း မှာယူစားသုံးနိုင်ပါတယ်။

Shwe Pan Htike Hot Pot ဆိုင်ရဲ့လိပ်စာကတော့

-No.27 , 14 Street (Lower Block) , Lanmadaw Township , Yangon. ပဲဖြစ်ပါတယ်။

သစ်ဥသစ်ဖုတွေကိုဟင်းရည်ထဲပျော်ဝင်တဲ့အထိ ()နာရီကြာအောင်ပြုတ်ထားတဲ့ ဟင်းရည်ပူပူလေးထဲက အရသာစိမ့်ဝင်မှုကြောင့် နူးအိတဲ့အသားငါးနဲ့ဟင်းသီးဟင်းရွက်တွေကို အားပါးတရသုံးဆောင်နိုင်ပြီး ရရှိနိုင်တဲ့ Menu တွေကတော့ Pork , Chicken , Bacon , Mutton , Prawn , Mushroom pork ball , Assorted-fish fillet , Chicken sausage , Mixed meat balls set , Enoki mushroom , King oyster mushroom , Cabbage , Chinese Cabbage , Chinese mustard , Water spinach , Baby corn , Dried Tofu , Broccoli , Potato , Lotus , Yum Yum Noodles စတာတွေကို တစ်ပွဲချင်းစီစိတ်တိုင်းကျမှာယူသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

သားငါးဟင်းသီးဟင်းရွက်တွေကို လတ်လတ်ဆတ်ဆတ်သန့်သန့်ရှင်းရှင်းစားသုံးနိုင်ဖို့အတွက် မနက်(၁၁)နာရိကနေ ည (၁၁)နာရီအထိပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါတယ်။ ဟော့ပေါ့ကိုတောင့်တနေပမယ့် အပြင်မထွက်ချင်တဲ့သူတွေအတွက် Shwe Pan Htike Hot Pot ကနေ Professional Food Delivery Service ‘Deliverlink’ နဲ့ချိတ်ဆက်ထားတာကြောင့် တိုက်ရိုက်ဆက်သွယ်မှာယူပြီး အိမ်မှာတင်စားသုံးနိုင်တဲ့ အစီအစဉ်တွေလည်းရှိတာကြောင့် လုံးဝအဆင်ပြေတယ်နော်။

 

Image Source: www.facebook.com/shwepanhtikehotpot

Leave A Comment

Your email address will not be published. Required fields are marked *