ရှမ်းရိုးရာအရသာစစ်စစ်ကို အပြည့်အဝခံစားရရှိစေနိုင်မယ့် ရွှေအိမ်သူ……………

ရှမ်းအစားအစာတွေဆိုတာ အဆာပြေစားရင်အဆာခံစေနိုင်သလို အဝစားမယ်ဆိုရင်လည်း ဝမ်းဗိုက်ကိုတင်းတိမ်စေနိုင်ပါတယ်။ ရှမ်းအစားအစာဆိုရင် ဘယ်လောက်စားစားရိုးအီမသွားနိုင်ဘဲ ရှမ်းပြည်နယ်ဒေသထွက်အစားအစာတွေကိုမှ အသည်းစွဲကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ Foodies တို့အတွက် ရှမ်းအစားအစာအစုံအလင်ကို ရှမ်းအရသာစစ်စစ်နဲ့အတူ တွဲဖက်ခံစားသုံးဆောင်နိုင်စေဖို့အတွက် ရွှေအိမ်သူဆိုတဲ့ ရှမ်းအစားအစာဆိုင်လေးကို ညွှန်းပေးချင်ပါတယ်။ ဒီဆိုင်လေးရဲ့လိပ်စာကတော့အမှတ်(၇) ၊ညောင်တုန်းလမ်း၊ကျွန်းတောလမ်းနှင့်ဗဟိုလမ်းကြား ၊စမ်းချောင်းမြို့နယ်၊ရန်ကုန်ဖြစ်ပါတယ်။

 

ရွှေအိမ်သူမှာဆိုရင်တော့ နူးအိနေအောင်ချက်ထားတဲ့ ကြက်ခြေထောက် ၊ ချဉ်ချဉ်စပ်စပ်အရသာဖန်တီးထားတဲ့ အသားနဲ့အသီးအရွက်ပေါင်းစုံရောပြွမ်းထားတဲ့ မာလာဟင်း ၊ တစ်ပွဲစားရုံနဲ့ဝမ်းဗိုက်ကို တင်းတိမ်သွားစေနိုင်မယ့် ငါးထမင်းနယ်နဲ့ရှမ်းထမင်းဝါ ၊ ချိုချဉ်အရသာလေးကို အသားအသီးအရွက်တွေထဲစိမ့်ဝင်နေအောင် ချက်ပြုတ်ထားတဲ့ကြက်ချိုချဉ် ၊ ဖက်ထုပ်အိအိလေးတွေထဲ အရသာအပြည့်ရှိတဲ့အသားလေးတွေထည့်ထားတဲ့ ဖက်ထုပ်ကြော် ၊ ဖက်ထုပ်ပြုတ် ၊ အစပ်အအဟပ်ထည့်တဲ့ပါဝင်ပစ္စည်းတွေကို ရောစပ်ဖန်တီးထားပြီး နူးညံ့တဲ့ခေါက်ဆွဲသားနဲ့တွဲဖက်သုံးဆောင်နိုင်မယ့် ရှမ်းခေါက်ဆွဲ ၊ ဆန်ပြား ၊  ချိုချိုအေးအေးလေးသောက်သုံးနိုင်မယ့် ရိုးရာဆန်ချိုအေး ၊ အအီပြေစေဖို့အတွက် သကြားနဲ့ရောထန်းလျက်နဲ့ပါ သုံးဆောင်နိုင်မယ့်ဒိန်ချဉ်စတဲ့ အစားအစာတွေကိုတဝကြီးသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ဂျုံခေါက်ဆွဲနဲ့ဖက်ထုပ်အတွက် အသုံးပြုတဲ့ဂျုံကိုလည်း ကိုယ်တိုင်ကြိတ်ထားတာကြောင့် လတ်ဆတ်ကောင်းမွန်ပြီး ကျန်းမာရေးအတွက် အထူးစိတ်ချနိုင်မှာပဲဖြစ်ပါတယ်။

 

သန့်ရှင်းလတ်ဆတ်တဲ့ဟင်းသီးဟင်းရွက် အသားငါးများနဲ့ပါဝင်ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုထားတာကြောင့် ကျန်းမာရေးအတွက်စိတ်ချယုံကြည်နိုင်ပါတယ်။ အရသာကလည်း ရှမ်းပြည်နယ်မှာသုံးဆောင်နေရသလိုမျိုး ရှမ်းရိုးရာအရသာစစ်စစ်ကို ခံတွင်းတွေ့စွာသုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၉)နာရီကနေ ည()နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source: www.facebook.com/shweeainthu

Leave A Comment

Your email address will not be published. Required fields are marked *