ပြင်သစ်စာကောင်းကောင်းစာချင်ရင် Shwe Sa Bwe ကိုလှမ်းခဲ့ပါ…

ပြင်သစ်အစားအစာကောင်းတွေစားချင်သူတွေအတွက် Shwe Sa Bwe စားသောက်ဆိုင်မှာ  အရသာရှိလှတဲ့ပြင်သစ်အစားအစာတွေရရှိနိုင်ပါတယ်။ 20 Malikha Road, Mayangone Township, Yangon မှာဖွင့်လှစ်ထားပြီး ဆိုင်ရဲ့အပြင်အဆင်ကလည်းအရမ်းကိုခမ်းနားတဲ့အတွက်ကြောင့် လတ်ဆတ်ပြီးအရသာရှိလှတဲ့ပြင်သစ်အစားအစာတွေကို ပြင်သစ်နိုင်ငံသို့ရောက်ရှိသွားသလိုမျိုးစိတ်ခံစားမိစေပါတယ်။ အရသာပိုင်းမှာပြောစရာမလိုအောင်ကောင်းတဲ့အချက်ကတော့ Shwe Sa Bwe က own training restaurant ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Cooking ကိုဝါသနာပါတဲ့သူတွေ၊ စိတ်အားထက်သန်တဲ့သူတွေကိုသတင်းကောင်းပါချင်တာက Shwe Sa Bwe မှာအခုလို အခွင့်အရေးပေးနေပါတယ်။ သင်တန်းအတွက်အခကြေးငွေပေးစရာမလိုပဲ ၁နှစ်အတူတူ သင်တန်းသားများကို ချက်ပြုတ်နည်းများကိုသေသေချာချာသင်ပေးပါတယ်။ သင်တန်းသားတွေကို အတွေ့အကြုံရှိဝါရင့် ဆရာများကိုယ်တိုင်ကြည့်ရှု့သင်ကြားပေးတဲ့အတွက်ကြောင့် ၂၀၁၁ခုနှစ်ကတည်းက အချက်အပြုတ်သင်တန်းသားဦးရေ ၁၀၀ကျော်ကို International Food တွေဘယ်လိုချက်ပြုတ်ရမယ်၊ ဘယ်လို Management  လုပ်ရမလဲဆိုတာကိုအကြံပေးသင်ကြားပေးပါတယ်။ ပြီးတော့ Shwe Sa Bwe စားသောက်ဆိုင်က Monday တိုင်းပိတ်ပါတယ်။

 

အရသာရှိတဲ့ဟင်းလျားတွေနဲ့အတူ customer များကိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့စားသောက်ဆိုင်ဖြစ်တဲ့အတွက်ကြောင့် Staff Party, Dinner Party, Birthdy Party & Social Events တွေကိုလည်းကျင်းပလို့ရပါတယ်။ငွေပေးရတာနဲ့တန်အောင်အစားအစာတွေရဲ့အရသာကလည်းကောင်း၊နေရာနဲ့အပြင်အဆင်ကလည်းအရမ်းကိုမိုက်တဲ့အတွက်ကြောင့်စားသုံးသူတွေကိုစိတ်ကျေနပ်မှုပေးစွမ်းနိုင်တဲ့ဆိုင်ဖြစ်ပါတယ်။

Shwe Sa Bwe Restaurant အခုလို services  ကိုပေးစွမ်းပါတယ်…Lunch Set Menu အတွက်ဆို 19000 MMK မှစတင်ပြီးရရှိနိုင်ပြီး Dinner Set Menu အတွက်ဆို 37000 MMK  မှရရှိနိုင်ပါတယ်။ နောက်ထပ်ဝန်ဆောင်မှုအနေနဲ့ကတော့ ၃ပတ်တစ်ခါ Menu အသစ်တွေကိုချိန်းပေးတဲ့အတွက်ကြောင့် အရသာရှိလှတဲ့ပြင်သစ်အစားအစာတွေကိုကြိုက်နှစ်သက်သူတွေကိုအကြံပေးချင်တာကတော့ ငွေပေးရတာနဲ့တန်အောင် Lunch & Dinner ကောင်းကောင်းလေးစားချင်ရင် Shwe Sa Bwe မှာသုံးဆောင်ဖို့အကြုံပြုချင်ပါတယ်။

Shwe Sa Bwe Restaurant Facebook Page : www.facebook.com/ShweSaBwe/

Leave A Comment

Your email address will not be published. Required fields are marked *