ငွေတစ်ထောင်ရှိရုံနဲ့ အခေါက်အသားထမင်းပေါင်းလေးစားပြီး ဗိုက်ဖြည့်လို့ရတယ်နော်

ထမင်းနဲ့ဟင်းတွဲစားရတာထက် ထမင်း၊ အသား ၊ အရွက်အသီးတွေပေါင်းစုံရောထားတဲ့ ထမင်းပေါင်းကိုမှ ပိုကြိုက်တတ်ပါတယ်ဆိုတဲ့ အစားတစ်လိုင်းတွေအတွက် ဈေးသက်သက်သာသာနဲ့ ထမင်းပေါင်းကောင်းကောင်းလေးစားလို့ရနိုင်မယ့် ဆိုင်လေးအကြောင်းပြောပြပေးမယ်နော်။ ယူတို့တော့မသိဘူး အက်မင်ကတော့ ထမင်းပေါင်းဆိုရင် မှာတော့မှအသားအရွက်အစုံထည့်ပြီးပေါင်းတဲ့ ထမင်းပေါင်းထက် အသင့်ပြင်ဆင်ထားပြီးသား ကော်ရည်လေးဆမ်း ၊ အခေါက်အသားကင်တွေ ဝန်းရံထားတဲ့ ထမင်းပေါင်းကိုပိုကြိုက်မိလို့ ဒီလိုထမင်းပေါင်းဆိုင်လေးပဲ လမ်းညွှန်ပေးမယ်နော်။

ဒီဆိုင်လေးကတော့ စားသောက်ဆိုင်တွေအသေအလဲပေါတဲ့ တောင်ဥက္ကလာထဲမှာပါ။ ဆိုင်နာမည်လေးကတော့ “ရွှေလမင်း” ။သရုပ်ဆောင်နေဆန်းဖွင့်ထားတဲ့ ချစ်တီးထမင်းဆိုင်ဘေးကပ်ရပ်မှာပါ။ ထမင်းပေါင်း(၁)ပွဲ(၁)ထောင်ကတော့ ရှယ်တန်ချက်ပဲ။ အခေါက်အသားကင်တွေ ပေါပေါလောလောထည့်ပေးထားတော့ အခေါက်အသားကင်ဖိုးနဲ့တင် စားရတာတန်တယ်ရယ်။ ကော်ရည်ကလည်း ချိုချိုကြီးဖြစ်မနေဘဲ ချိုဆိမ့်ဆိမ့်လေးဆိုတော့ စားလို့တော်တော်အံဝင်ဂွင်ကျဖြစ်တယ်။ တစ်ပွဲစားရုံနဲ့ ဗိုက်အင့်သွားတော့ ဘတ်ဂျတ်အတွက် တော်တော်တွက်ချေကိုက်တဲ့ဆိုင်လေးပါ။

အခေါက်ကင်ထားတာရှယ်ကောင်းတော့ ဒါတစ်မျိုးတည်းနဲ့တင် ဆွဲဆောင်ထားနိုင်တဲ့ဆိုင်လေးပါ။ အခေါက်ကင်ကြီးသီးသန့်စားမယ်ဆိုလည်းရတယ်။ အခေါက်ကင်သုပ်လည်းရတယ်။ သူကတော့(၁)ပွဲ(၂)ထောင်။ ဆိုင်သေးလေးဖြစ်ပေမယ့်  အရသာနဲ့လတ်ဆတ်မှုလေးက သန့်သန့်ပြန့်ပြန့်လေးနဲ့ မဆိုးဘူးပြောရမယ်။ ဆိုင်လိပ်စာအတိအကျလေးကတော့ သုမင်္ဂလာလမ်း ၊ ပဒေသာလမ်းဆုံအနီး ၊ တောင်ဥက္ကလာပမြို့နယ်ဖြစ်ပါတယ်။

 

Image Source: www.facebook.com/deliciousfoodsplaces

Leave A Comment

Your email address will not be published. Required fields are marked *