ဒီတစ်ခါမှာတော့ Foodies Navi ကနေရှူးရှူးရှဲရှဲနဲ့ အခိုးပွင့်ထွက်သွားအောင်ကောင်းတဲ့ ရှူးရှဲထိုင်းရိုးရာစားသောက်ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဆိုင်နာမည်လေးကိုက ရှူးရှဲဆိုတော့ချဉ်ချဉ်စပ်စပ်စားပြီး ရှူးရှူးရှဲရှဲခံစားလိုတဲ့ Foodies တိုင်းအကြိုက်တွေ့စေမယ့်ဆိုင်လေးပါနော်။ ထိုင်းရိုးရာအရသာအတိုင်း ချိုချဉ်ငံစပ်ထုံအရသာကို ပြည့်ပြည့်ဝဝကြီးခံစားရရှိနိုင်စေဖို့အတွက် ဆိုင်ရဲ့လိပ်စာကတော့– (၂၄)လမ်း ၊ (၆၂)လမ်းနှင့်(၆၃)လမ်းကြား၊နန်းတော်ရှေ့၊မန္တလေးမြို့ဖြစ်ပါတယ်။
ရှူးရှဲထိုင်းရိုးရာစားသောက်ဆိုင်မှာဆိုရင်တော့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာအစုံအလင်ကို ထိုင်းရိုးရာ Sauce နဲ့လိုက်ဖက်ညီစွာသုံးဆောင်နိုင်မယ့် စကောပင်လယ်စာ၊ အသားအပြည့်ပါတဲ့ဂဏန်းတွေကို ပျစ်ပျစ်နှစ်နှစ်လေးအရသာဝင်အောင်ထောင်းထားတဲ့ ဂဏန်းထောင်း၊ နူးအိနေအောင်ပေါင်းထားတဲ့ကြက်ခြေထောက်တွေကို ချဉ်ချည်စပ်စပ်လေးထောင်းထားတဲ့ကြက်ခြေထောက်ထောင်း၊ မှာယူမှချက်ချင်းကြော်ပေးတဲ့ ချိုချိုမြမြအရသာပေးစွမ်းမယ့် ပလာတူးငါးကြော်၊ ချိုချိုမွှေးမွှေးပြောင်းဖူးလေးတွေကို ချဉ်ချဉ်စပ်စပ်အရည်လေးနဲ့တွဲဖက်စားသုံးနိုင်မယ့် ပြောင်းဖူးထောင်း၊ ဂဏန်းရဲ့သဘာဝအရသာမပျက်သွားဘဲ ချဉ်ချဉ်စပ်စပ်အနှစ်လေးတွေရရှိအောင် ချက်ပြုတ်ပြင်ဆင်ထားတဲ့ ဂဏန်းပေါင်း၊ ချိုချိုအေးအေးလေးအချိုတည်းနိုင်မယ့် ယိုးဒယားရွှေရင်အေးနဲ့ ကောက်ညင်းသရက်စတဲ့ ထိုင်းရိုးရာအစားအစာတွေကို စုံစုံလင်လင်ရရှိနိုင်မှာပဲဖြစ်ပါတယ်။
အရသာရဲ့ထူးကဲသာလွန်မှုကိုတော့ တစ်ခါစားဖူးရုံနဲ့ လက်တွေ့သိမြင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ စိတ်မကြည်လင်ဘဲ ခေါင်းရှုပ်စရာတွေ၊ နေထိုင်မကောင်းချင်တဲ့အချိန်မျိုးမှာ ဒီလိုမျိုးရှူးရှူးရှဲရှဲအရသာလေးတွေကို သုံးဆောင်လိုက်မယ်ဆိုရင် အခိုးပွင့်ပြီးစိတ်ညစ်တာတွေဖြေဖျောက်ပစ်နိုင်မှာ အသေအချာပါပဲနော်။
Image Source : www.facebook.com/shushell