မြန်မာအစားအစားနှင့်နိုင်ငံခြားအစားအစာများရရှိနိုင်တဲ့ Sharky..

Sharky ဆိုင်သည် ၁၉၉၆ ခုနှစ်ကတည်းက  the Founder and Chief Artisan, Ye Htut Win ကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ Myanmar’s Legendary Artisan Restaurant and Deli ဆိုတဲ့အတိုင်း မြန်မာနိုင်ငံအတွင်းထွက်ရှိသောလတ်ဆတ်တဲ့အသစ်အရွက်နှင့်သစ်သီးဝလံတွေပြုလုပ်ထားတဲ့အစားအစာတွေနဲ့ ဥရောပအစားအစားတွေကို ရရှိနိုင်ပါတယ်။

လတ်ဆတ်ပြီးအရသာရှိတဲ့ Sharky ဟင်းလျားတွေကိုစားသောက်ချင်ရင်တော့ ရန်ကုန်တွင် Pansodan Street မှာတစ်ဆိုင်ပြီးတော့ Dhammazedi Street မှာတစ်ဆိုင်ဖွင့်လှစ်ထားပါတယ်။ နောက်ဝမ်းသာစရာတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ရှေးဟောင်းမြို့တော် ပုဂံမြို့တော်ကြီးကို ဘုးရားဖူးသွားတဲ့အခါမှာလည်း အရသာရှိလှတဲ့အစားအစားတွေကိုသုံးဆောင်နိုင်ဖို့အတွက် Bagan မှာလည်းဆိုင်ခွဲဖွင့်လှစ်ထားပါတယ်။ ဆယ်စုနှစ်နှစ်ခုကိုဖြတ်ကျော်လာတဲ့အထိကိုအောင်မြင်ပြီး စားသုံးသူတွေနှစ်သက်သဘောကြတဲ့ဆိုင်လေးဖြစ်ပါတယ်။ ရန်ကုန်ဆိုင်ခွဲနှစ်ခုရဲ့လိပ်စာကတော့

Sharky’s Pansodan – 81 Pansodan road, Kyauktada Township, Yangon, Myanmar

Sharky’s Dhamazedi – 117, Dhamazedi road, Kamayut Township, Yangon, Myanmar

ငယ်သူငယ်ချင်းတွေနဲ့ပြန်လည်တွေ့ဆုံပွဲလေးပဲလုပ်လုပ်၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့မိတ်ဆုံစားပွဲပဲလုပ်လုပ်၊ မိသားစုညစာစားပွဲလေးပဲလုပ်လုပ် အစားအသောက်ကောင်းနှင့် ဟင်းလျာကောင်းတွေကိုရရှိနိုင်တဲ့နေရာလေးပဲဖြစ်ပါတယ်။ Sharky’s Pansodan တွင်အဓိကထားတဲ့အစားအစာတွေကတော့ Perfect steaks meats, grilled meats & rotisserie meats တို့ပဲဖြစ်ပါတယ်။ မူလလက်ဟောင်းဆိုင်ဖြစ်တဲ့ Sharky’s Dhamazedi တွင် နိုင်ငံခြားအစားအစာများကို မြန်မာနိုင်ငံထွက်ကုန်ပစ္စည်းအမျိုးတစ်ရာနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဥပမာအနေနဲ့– Artisan Products တွေဖြစ်တဲ့ Cheese, hummus and sausages လိုအရာတွေတီထွင်ဖန်တီးထားတာဖြစ်ပါတယ်။ လတ်ဆတ်သောအသုပ်မျိုးစုံ၊အသားမျိုးစုံ စတဲ့အစားသောက်ကောင်းတွေရရှိနိုင်တဲ့ နေရာပဲဖြစ်ပါတယ်။

 

ဝန်ဆောင်မှုအပိုင်းအနေနဲ့ နေ့လည်စာ၊ညစာ၊ ကော်ဖီနှင့်သောက်စရာမျိုးစုံရရှိနိုင်ပါတယ်။ စားသုံးများတကယ့်ကိုစိတ်ကျေနပ်မှုရရှိနိုင်တဲ့ Sharky ဆိုင်လေးကိုရန်ကုန်မှာအပြင် ပုဂံကိုဘုရားဖူးသွားတဲ့အခါမှာလည်း ဘုရားလည်းဖူးရင်အာဟာရရှိတဲ့အစားသောက်ကောင်းတွေစားရင်း ပျော်ရွှင်ဖွယ်ရာခရီးလေးတစ်ခုဖန်တီးလို့ရတာပေါ့။ အစားအစာကိုချစ်မြတ်နိုးတဲ့သူတွေအကြိုက်တွေ့စေမယ့် လို့ထင်ပါတယ်။ အစားအစာကောင်းတွေစားပြီးသာယာလှပတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Sharky Websit Link : www.sharkys.com.mm

Sharky Facebook Page : www.facebook.com/sharkys.restaurants

 

 

Leave A Comment

Your email address will not be published. Required fields are marked *