ရှမ်းပြည်အရသာစစ်စစ် ရှမ်းခေါက်ဆွဲကိုမှစားချင်တယ်ဆိုရင်တော့ ရှမ်းပြည်မြခင်ကိုသာလှမ်းခဲ့ပါ……….

ရှမ်းခေါက်ဆွဲကိုမှ တအားကြိုက်လှပါတယ်ဆိုတဲ့ ? ? ?   အစားတစ်လိုင်းတို့အတွက် Foodies Navi ကနေရှမ်းအစားအစာကောင်းကောင်းရနိုင်တဲ့  ? ? ? ? ? ?   ရှမ်းပြည်မြခင်ဆိုတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ရှမ်းခေါက်ဆွဲဆို ရှမ်းပြည်နယ်က အရသာကိုမှသဘောကျပါတယ်ဆိုတဲ့သူတွေအတွက်  ? ? ?   ရှမ်းပြည်နယ်မှာသွားစားနေရသလို  ? ? ?   ရှမ်းပြည်အရသာစစ်စစ်တွေကို ခံစားရရှိနိုင်မယ့်ဆိုင်လေးဖြစ်ပါတယ်။  ? ? ?   ရှမ်းခေါက်ဆွဲကြိုက်နှစ်သက်သူတွေ  ? ? ?   နှုတ်ဖျားမှာတသသစွဲကျန်နေလို့ Review ကောင်းတွေအများကြီးရရှိထားတဲ့ဆိုင်လေးပါနော်။  ?? ?? ??   ဆိုင်ရဲ့လိပ်စာကတော့ အမှတ်(၂၀၀) ၊ အနော်ရထာလမ်း ၊ (၁၃)လမ်းအနီး ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန် ဖြစ်ပါတယ်။  ? ? ? ? ?

ရှမ်းပြည်မြခင်မှာရရှိနိုင်တဲ့ အစားအစာတွေကတော့  ? ? ? ? ? ? ? ?   ရှမ်းခေါက်ဆွဲ ၊ ဆန်စေး ၊ ဆန်ပြား ၊ မြီးရှည် ၊ မြေအိုးမြီးရှည် ၊ ဂျုံဆီချက် ၊ တို့ဟူးနွေး ၊ တို့ဟူးကြော် ၊ ရှမ်းတို့ဟူးသုပ် ၊ ဆန်တို့ဟူးသုပ် ၊ ငါးထမင်းနယ် ၊ ကောက်ညင်းပေါင်း ၊ ကြက်ဥကဇော် ၊ ဆယ်လွှာပေါက်စီ ၊ ဆန်ချိုအေး ၊ ပဲနို့အပူ/အအေး ၊ ပုဇွန်တန်ပူရာ ၊ ဖက်ထုပ်ကြော် ၊ မာလာဟင်း ၊ ချဉ်စော်ကားသီးကြက်ပေါင်း ၊ ကြက်ခြေထောက်ပေါင်း ၊ ဝက်စတူး ၊ ဝက်နံရိုးပေါင်း ၊ ဝက်ခေါင်းသုပ် ၊ ပန်းပွင့်စိမ်းကြော် ၊ ငါးသံပုရာပေါင်းစတဲ့ အစားအစာတွေကို ရှမ်းရိုးရာအရသာနဲ့အတူတွဲဖက်ခံစားနိုင်မှာဖြစ်ပါတယ်။ ? ? ?

စျေးနှုန်းသင့်တင့်ပြီးသွားလာရလွယ်ကူချောမွေ့တဲ့နေရာမှာ  ? ? ?   တည်ရှိတဲ့အတွက်အရမ်းရှာဖွေနေစရာမလိုတဲ့ ဆိုင်လေးဖြစ်ပါတယ်။  ? ? ?   ရှမ်းရိုးရာအရသာစစ်စစ်ကိုစားချင်လွန်းလို့ ရန်ကုန်မြို့အနှံ့လိုက်ရှာနေမယ်ဆိုရင်တော့ ရှမ်းပြည်မြခင်ဆိုင်ကိုသာ ရွေးချယ်လိုက်ပါ။  ? ? ?   ရှမ်းခေါက်ဆွဲရဲ့အရသာဟာ တစ်ခါစားဖူးရုံနဲ့တစ်သက်စွဲငြိသွားစေသလို ဂျုံဆီချက်ကလည်းနူးညံ့ပြီး စီးစီးပိုင်ပိုင်လေးနဲ့ သူမတူအောင်စားလို့ကောင်းလွန်းပါတယ်။ ? ? ?   တကယ်လို့များအစားတစ်လိုင်းတို့အနေနဲ့ ရှမ်းပြည်မြခင်ကိုသွားရောက်သုံးဆောင်မယ်ဆိုရင် ရှမ်းခေါက်ဆွဲနဲ့ဂျုံဆီချက်ကို  မဖြစ်မနေစားကြည့်စေချင်ပါတယ်နော်။  ? ? ?   ဆိုင်ဖွင့်ချိန်ကတော့    မနက်()နာရီကနေ ည()နာရီအထိ  ? ? ?   ဆိုတော့ မနက်စာပူပူနွေးနွေးလေးကိုစားမလား ?? နေ့လည်စာထမင်းစားနေရတာ ရိုးအီနေလို့ရှမ်းအစားအစာလေးတွေပြောင်းစားမလား ??? နေ့ခင်းဘက်အဆာပြေအနေနဲ့ သုံးဆောင်မလား?? ညဘက်ညစာအနေနဲ့သုံးဆောင်ဦးမလား??  ? ? ?   တကယ့်ကိုအရသာရှိရှိနဲ့ အစားတစ်လိုင်းတို့ကိုစိတ်တိုင်းကျစေနိုင်မှာ အသေအချာပါပဲနော်။ ? ? ?

 

 

 Image source: www.facebook.com/spmk

Leave A Comment

Your email address will not be published. Required fields are marked *