ရှမ်းရိုးရာမှာစားရင်း ရှမ်းအငွေ့အသက်တွေခံစားလို့ရတယ်နော်…..

အစားအစာကိုချစ်မြတ်နိုးသူတွေအတွက် ကိုယ့်ချစ်တဲ့မိသားစုတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေအပေါင်းသင်းတွေ၊ အဖွဲအစည်းတွေနဲ့ Eat Out ထွက်စားစာရာအရမ်းကိုကောင်းတဲ့ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ရှမ်းရိုးရာအစားအစာစစ်စစ်ကို ရှမ်းရိုးရာအငွေ့အသက်တွေကြားမှာစားသောက်ချင်တယ်ဆိုရင်ရှမ်းရိုးရာ” (Shan Yoe Yar Restaurant) ဆိုတဲ့ရှမ်းအစားအစာကောင်းတွေရနိုင်တဲ့ဆိုင်လေးမှာသွားရောက်သုံးဆောင်နိုင်ပါတယ်။ရှမ်းရိုးရာ” (Shan Yoe Yar Restaurant) ဆိုင်ကို No.169, War Dan Street, Lanmadaw Township Yangon တွင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ နောက်ထပ်ဆိုင်ခွဲကို Sule Square မှာဖွင့်လှစ်ထားပါတယ်။ လောလောဆယ်ဆိုင်ခွဲနှစ်ခွဲဖွင့်ထားပြီးထပ်မံဖွင့်လှစ်ဖို့ပြင်ဆင်နေတယ်လို့သိရတာကြောင့်ရှမ်းအစားအစာအသစ်အဆန်းလေးတွေကိုနီးစပ်ရာဆိုင်ခွဲမှာသွားရောက်သုံးဆောင်ဖို့သတင်းကောင်းပေးလိုက်ပါတယ်။

ဝန်ဆောင်မှုအနေနဲ့ breakfast, lunch, dinner, coffee and drinks တို့ကိုရရှိနိုင်ပြီး မြန်မာနိုင်ငံတွင်ပထမဆုံး “Shan-Style Fine Dining Restaurant” ပဲဖြစ်ပါတယ်။ ရှမ်းအစားအစာကိုမှကြိုက်နှစ်သက်သူတွေအတွက်ရော၊ ရှမ်းအစားအစာမစားဖူးသေးတဲ့သူတွေရော သတင်းကောင်းပါးချင်တာကတော့ရှမ်းရိုးရာ” (Shan Yoe Yar Restaurant) မှာဆိုအရသာရှိလှတဲ့ ရှမ်းအစားအစာမျိုးစုံကိုစျေးနှုန်းချိုသာစွာဖြင့်၊ ငွေပေးရတာနဲ့တန်အောင် ပြိုင်ဘက်ကင်းစွာရှမ်းအစားအစာမျိုးစုံကို ရရှိနိုင်တဲ့အတွက်ဆူးလေဘက်ရောက်ရင်ပဲဖြစ်ဖြစ်၊ လသာဘက်ရောက်ရင်ပဲဖြစ်ဖြစ်ဝန်ရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။

 

Menu တွေကိုကြည့်ရင်လည်း အရသာရှိလှတဲ့ ရှမ်းအစားအစာတွေကိုအခုပဲသွားရောက်ပြီးစားသောက်ချင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။ရှမ်းရိုးရာ” (Shan Yoe Yar Restaurant) ဆိုင်လေးအကြောင်း၊ ဘယ်လိုအစားအစာတွေရရှိနိုင်သလဲ၊ ဘယ်လိုဝန်ဆောင်မှုတွေပေးနေသလဲဆိုတာပြည့်ပြည့်စုံစုံသိချင်ရင်တော့အောက်မှာရှမ်းရိုးရာ” (Shan Yoe Yar Restaurant) ဆိုင်ရဲ့ Facebook Page Link မှာ Click နှိပ်ပြီးဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Shan Yoe Yar Restaurant Facebook Page : www.facebook.com/ShanYoeYar

Leave A Comment

Your email address will not be published. Required fields are marked *