Dori Fish အပါအဝင်အသားအစုံကို Hot Pot, BBQ ,Dimsum တွေအနေနဲ့သုံးဆောင်နိုင်မယ့် Seoul Kitchen…..

အစားအသောက်နန်းတော်ကြီးလို့  ? ?  မှတ်ချက်ပြုလို့ရတဲ့မန္တလေးမြို့တော်ကြီးမှာ  ? ?  BBQ Buffet တွေအပြိုင်အဆိုင်ရှိတဲ့အထဲက ဘူဖေးဟင်းလက်ရာကောင်းကောင်း ၊ အကင်လက်ရာကောင်းကောင်းကို အဝစားနိုင်ပြီးအရသာရှိတဲ့ ဒင်းဆမ်းတွေပါရရှိနိုင်မယ့်  ? ?  Seoul Kitchen ဆိုတဲ့ဆိုင်လေးကိုလမ်းညွှန်ပေးချင်ပါတယ်။  ?? ??  ဆိုင်ရဲ့လိပ်စာကတော့ အမှတ်(၆၅၄) ၊ လမ်း(၈၀) (၃၈)လမ်းနှင့်(၃၉)လမ်းကြား ၊ မန္တလေးဖြစ်ပါတယ်။  ? ? ?  Seoul Kitchen ရဲ့တခြားဆိုင်တွေနဲ့ မတူတဲ့ထူးခြားချက်ကတော့ ဗီယက်နမ်နိုင်ငံကတင်သွင်းပြီး အရိုးနဲ့အဆူးလွတ်ကာ  ?‍♀️ ?‍♀️ အဆီဓာတ်နည်းပါးပြီးပရိုတင်းတင်းဓာတ်များပြားတဲ့ Dori Fish တွေကိုရရှိနိုင်တာပဲဖြစ်ပါတယ်။  ? ?  Dori Fish တွေဟာဥရောပနိုင်ငံတွေမှာအစားများလာပြီး ဝိတ်ချနေသူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ ? ?

 

Seoul Kitchen မှာရရှိနိုင်တဲ့ Buffet ဟင်းလျာတွေကတော့  ?  ဂဏန်းချဉ်စပ် ၊  ? သုံးထပ်သားဘူဂိုလ်ဂီ ၊  ?  နံရိုးကြော် ၊  ?  ကင်းမွန်သုပ် ၊ စင်းကော(ကြက် ၊ ဝက် ၊ အမဲ ) ၊ ကြက်ကုန်းဘောင် ၊ Shishamo ငါးကြော်(ဂျပန်စတိုင်ငါးဥပါတဲ့ငါးကြော်) ၊ ကြက်တောင်ပံမရောနိစ်ကြော် ၊ ပြောင်းဖူးစအုကြော် ၊ ထမင်းကြော် ၊ ခေါက်ဆွဲကြော် ၊ ကိုက်လန်ကြော် ၊ ကြက်သွန်ကွင်းကြော် ၊  ? ဆူရှီ ၊ ကြာဇံသုပ် ၊ ကော်ပြန့်ကြော်တွေကိုအဝစားနိုင်မှာပဲဖြစ်ပါတယ်။ အကင်တွေအနေနဲ့ကတော့ ဝက်သုံးထပ်သား ၊ ဝက်ဂုတ်သား ၊  ?  အမဲလိုင်းသား ၊ ကြက်သား ၊  ? ဆိတ်သား ၊ ?  ပုဇွန် ၊ ?  ပြည်ကြီးငါး ၊  ? ကင်းမွန် ၊ ဝက်အူမ ၊  ? ဆာဘားငါးစတာတွေအပြင် ဟော့ပေါ့အတွက်ကိုတော့ ဂုံး ၊ ခရု ၊ ဝက်ဦးနှောက် ၊  ?  ဂဏန်း ၊ ဆိတ်သွေးခဲ ၊ ဝက်သွေးအစာသွပ် ၊ ရွှေအပ်မှို ၊ တာချီဆိုင် ၊ ငုံးဥ ၊ ?  ကြက်ဥစတာတွေကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။

အမျိုးအမည်စုံလင်လှပြီး  ? ?  နူးနူးအိအိအသားပေါင်းဒင်းဆမ်းတွေကိုလည်း အိအိစက်စက်လေးသုံးဆောင်နိုင်သလို  ? ?  အီလည်တာတွေမရှိဘဲ  ?  ချိုစပ်ကွက်တိဖြစ်တဲ့နံရိုးပေါင်း ၊ နူးနေအောင်အချိန်ယူပေါင်းထားတဲ့  ?  ကြက်ခြေထောက်ပေါင်း ၊ လတ်ဆတ်ပြီးအသားကောင်းတဲ့ ပုဇွန်ကျစ်ကျစ်လျစ်လျစ်လေးတွေနဲ့ပြုလုပ်ထားတဲ့ ပုဇွန်အပေါင်းများ ၊ ဒင်းဆမ်းနဲ့အထူးလိုက်ဖက်မယ့်    မေမြို့ကော်ဖီနှပ်တွေကို သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ဒင်းဆမ်းကိုတော့    မနက်()နာရီခွဲကနေ နေ့လည်()နာရီအထိရရှိနိုင်ပြီး Hot Pot နဲ့ BBQ ကိုတော့  ? ?  နေ့လည်(၁၂)နာရီကနေ ည(၁၀)နာရီအထိရရှိနိုင်မှာပဲဖြစ်ပါတယ်။ ? ?

 

 

Image Source : www.facebook.com/seoulkitchen

Leave A Comment

Your email address will not be published. Required fields are marked *