ယိုးဒယားအရသာစစ်စစ်ကိုအပြည့်အဝရရှိနိုင်ပြီး Set Menu တွေမှာစားရင်ရှယ်တန်တဲ့ စိန်ပန်းနီနီ

ဒီတစ်ခေါက်မှာတော့ ယိုးဒယားအရသာစစ်စစ်ကိုမှ မြည်းစမ်းခံစားချင်တဲ့  အစားတစ်လိုင်းတို့အတွက် Foodies Navi ကနေမြန်မာတွေခံတွင်းနဲ့အလိုက်ဖက်ဆုံး ယိုးဒယားအစားအစာတွေကိုရရှိနိုင်မယ့် စိန်ပန်းနီနီဆိုတဲ့ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဈေးနှုန်းသင့်တော်ပြီး လူကြိုက်များလှတာကြောင့် ဆိုင်ခွဲတော်တော်များများဖွင့်လှစ်ထားတဲ့ စိန်ပန်းနီနီရဲ့ရန်ကုန်ဆိုင်လိပ်စာကတော့ အမှတ်(၂) ၊ အခန်း(၁) ၊ ရှမ်းကုန်းလမ်းနှင့်သီရိမင်္ဂလာလမ်းထောင့် ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။

စိန်းပန်းနီနီမှာနာမည်ကြီးပြီး ရရှိနိုင်တဲ့အစားအစာတွေကတော့ ကြက်သားအဆီအနှစ်အရသာအပြည့်ပါဝင်နေတဲ့ ရှမ်းဆန်စီးစီးလေးနဲ့  အသားမွမွလေးတွေကိုဝါးကြည့်လိုက်တိုင်း အရသာတွေလျှာပေါ်စိမ့်စိမ့်ထွက်လာတဲ့ ကြက်သားကင်ကိုတွဲဖက်စားရမယ့် ယိုးဒယားကြက်ဆီထမင်း ၊ သင်္ဘောသီးအနေတော်အရွယ်လေးတွေကို အစာပလာစုံစုံလင်လင်နဲ့ ချိုချဉ်ငံစပ်လေးထောင်းထားတာကြောင့် ရှူးရှူးရှဲရှဲအရသာတွေ့ဦးမယ့် ယိုးဒယားသင်္ဘောသီးထောင်း ၊ အသားတစ်မျှင်ချင်းစီအထိ အရသာစိမ့်ဝင်အောင်နှပ်ထားပြီး ကြွပ်ကြွပ်ရွရွလေးကြော်ထားတဲ့ ကြက်ကြောကြော် ၊ ဖာလူဒါဖတ်အိအိလေးတွေ ဂျယ်လီဖတ်တုံတုံလေးတွေ နို့အရသာပြည့်ဝတဲ့ရေခဲမုန့်လေးတွေ ၊ ပူတင်းလေးတွေကို မချိုမပေါ့လေးဖျော်စပ်ထားတာကြောင့် အစပ်ပြေသွားစေနိုင်မယ့် ယိုးဒယားဖာလူဒါ ၊ အအီကြောက်သူတွေအတွက် ချိုချိုချဉ်ချဉ်လေးဖျော်စပ်ထားတဲ့ စတော်ဘယ်ရီဖာလူဒါ ၊ ဂျယ်လီ ပုလဲသီး ကျောက်ကျော သာကူ ယိုအစုံအလင်တို့ကို အုန့်နို့နဲ့ရောပြီး ချိုချိုအေးအေးလေးဖန်တီးထားတဲ့ ယိုးဒယားရွှေရင်အေးစတဲ့ အရသာရှယ်ကောင်းတဲ့ အစားအသောက်တွေကို ယိုးဒယားအရသာစစ်စစ်နဲ့စားသုံးနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းတွေကလည်း ၁၅၀၀ ~ ၃၀၀၀ကျပ်တွေဆိုတော့ ဘတ်ဂျတ်တက်နေစရာမလိုဘဲ အပြတ်ဆွဲလို့ရပြီနော် ။ Set Menu တွေမှာစားမယ်ဆိုရင်လည်း ကြက်ကင် ၊ ယိုးဒယားသင်္ဘောသီးထောင်း ၊ ကောက်ညင်းတွေအပါမှ ၅၀၀၀ကျပ်ပဲကျမှာဆိုတော့ ရှယ်တန်တဲ့ဈေးနှုန်းတွေနဲ့ ရှယ်အရသာတွေကို ခံစားရရှိနိုင်မှာပဲဖြစ်ပါတယ်။ အလှူပွဲတွေ ၊ မင်္ဂလာဆောင်တွေအတွက်လည်း ရှယ်အော်ဒါမှာယူလို့ရသေးတယ်နော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၉)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

Image Source : www.facebook.com/seinpannini

 

 

 

Leave A Comment

Your email address will not be published. Required fields are marked *