ပင်လယ်ထဲကနေချက်ချင်းယူလာလေသလားထင်မှတ်ရလောက်တဲ့ လတ်လတ်ဆတ်ဆတ်ပင်လယ်စာတွေ သုံးဆောင်နိုင်မယ့်……….

ပင်လယ်စာတွေကိုမှ  ? ? ? ? ?    ရူးသွပ်စွဲလမ်းပါတယ်ဆိုတဲ့ အစားတစ်လိုင်းတို့အတွက် ပင်လယ်စာအစုံကို  ? ? ?    ပုံစံပေါင်းစုံနဲ့ချက်ပြုတ်ပြင်ဆင်ထားတဲ့ ဟင်းလျာအလန်းလေးတွေရနိုင်တဲ့   ? ? ? ? ? ? ? ?   Seafood House ဆိုတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။  ? ? ?   အမယ်စုံပြီးစျေးနှုန်းသင့်တင့်မှုကြောင့် ပင်လယ်စာချစ်သူတို့ရဲ့လျှာဖျားမှာ  ? ? ?   တသသဖြစ်နေတဲ့ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်ရဲ့တည်နေရာကတော့  ? ? ? ? ?   အမှတ်(၂၈၁၂၈၃) ၊ဗိုလ်ချုပ်လမ်းနှင့်ဗိုလ်မြတ်ထွန်းလမ်းထောင့်၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်ဖြစ်ပါတယ်။

 

Seafood House မှာရရှိနိုင်တဲ့အစားအစာတွေကတော့  ? ? ? ? ? ?   အုန်းနို့အနီရောင်ဟင်း ၊ ထိုင်းစတိုင်ပင်စိမ်းဟင်းလျာ ၊ ငရုတ်ကောင်းဟင်းလျာ ၊ ကြက်သွန်ဖြူဆော့စ်ဟင်းလျာ ၊ မန်ကျည်းဆော့စ်အစပ်ဟင်းလျာ ၊ ထိုင်းဖက်ချာဆော့စ်ဟင်းလျာ ၊ ဖီးကန့်ဆော့စ်ဟင်းလျာ ၊ ချိုချဉ်ဟင်းလျာ ၊  ပုဇွန်နှင့်သီးရွက်စုံသုပ်(ဥရောပစတိုင်) ၊ မှိုပုဇွန်အစပ်သုပ် ၊ ယိုးဒယားကြက်ဥဆူးပုပ်ရွက်ကြော် ၊ ပုဇွန်ကြွပ်ကြော် ၊ မြန်မာစတိုင်ရေဘဝဲသုပ် ၊ ထိုင်းကင်းမွန်သုပ် ၊ ထိုင်းစတိုင်ပြည်ကြီးငါးသုပ် ၊ ပြည်ကြီးငါးတန်ပူရာ ၊ ဂဏန်းပျော့ကြက်သွန်မွှေးကြော် ၊ ပင်လယ်စာကိုက်လန်ကြော် ၊ ပင်လယ်စာဂေါ်ရခါးညွန့်ကြော် ၊ ပုဇွန်ဂျပန်မှိုကြော်စတဲ့ပင်လယ်စာတွေကိုရရှိနိုင်တဲ့အပြင် ထူးထူးခြားခြားအနေနဲ့ ဝက်ဂုတ်သားကင်သုပ်နဲ့ ဂဏန်းသင်္ဘောသီးထောင်းတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ? ? ?

ပင်လယ်ထဲကနေ ချက်ချင်းယူလာလေသလား ထင်မှတ်ရလောက်တဲ့  ? ? ?   လတ်လတ်ဆတ်ဆတ်ပင်လယ်စာတွေနဲ့   ? ? ? ? ? ?   ဟင်းသီးဟင်းရွက်တွေကို ?? ? ? ? ? ?   လတ်လတ်ဆတ်ဆတ်ပြင်ဆင်ချက်ပြုတ်ထားတာကြောင့် အစားတစ်လိုင်းတို့ စိတ်ချမ်းချမ်းသာသာနဲ့သုံးဆောင်နိုင်မှာဖြစ်ပါတယ်။  ? ? ?  ဘယ်အသီးအရွက်နဲ့ဘယ်အသားတွေကိုပဲ စားကြည့်ကြည့်အပိုအလိုမရှိ လျှာနဲ့ကွက်တိထွက်နေတဲ့ အရသာစိမ့်ဝင်မှုကတော့ ရွှေငွေရတနာတွေနဲ့မလဲနိုင်လောက်အောင် တန်ဖိုးကြီးမားပါတယ်။  ?? ?? ?? မွေးနေ့ပွဲပဲလုပ်လုပ် ၊  ?‍♀️ ?‍♂️ ?‍♀️   Staff party ပဲလုပ်လုပ်ပြင်ဆင်ကျင်းပပေးတာကြောင့် ချစ်သူခင်သူတွေအချင်းချင်း အရသာကောင်းကောင်းတွေကို အတူတူမျှဝေခံစားလို့ရတယ်နော်။  ❤️ ? ? ? ? ?

 

 

Image Source : www.facebook.com/seafoodhouse

Leave A Comment

Your email address will not be published. Required fields are marked *