ကမ်းခြေမှာအပန်းဖြေရင်း ပင်လယ်စာအဝစားနိုင်ဖို့ Seafood City ရှိတယ်နော်

အရပ်ဒေသတစ်ခုကို သွားရောက်လည်ပတ်တိုင်း အစားအသောက်မကောင်းလို့ ၊ ကိုယ့်လျှာနဲ့ခံတွင်းမတွေ့လို့ ဆိုပြီး အပျော်တစ်ဝက်လျော့နည်းနေရတဲ့သူတွေအတွက် Foodie Navi  ကနေ ချောင်းသာကမ်းခြေကို အပန်းသွားဖြေရင်း အစားအသောက်ဒုက္ခကို ကူညီဖြေရှင်းပေးဖို့အတွက် ချောင်းသာမှာတည်ရှိနေတဲ့ Seafood City ဆိုတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ BBQ & Hot Pot ကို Buffet သုံးဆောင်နိုင်မယ့်အပြင် ပင်လယ်စာအမျိုးမျိုး ၊ တရုတ်အစားအစာမျိုးစုံနဲ့ မြန်မာထမင်းဟင်းပါ တစ်ဆိုင်ထဲမှာရရှိနိုင်တယ်ဆိုတော့ သူ့အကြိုက် ကိုယ့်အကြိုက်ညှိနေစရာမလိုဘဲ တစ်ဆိုင်တည်းမှာပေါင်းစားလို့ရတယ်နော်။ Seafood City ရဲ့ လိပ်စာအပြည့်အစုံလေးကတော့

No. 2/40, Kyant Khaing Yae Street,Chawngtha, Ayeyarwady.

Seafood City ဆိုင်မှာရနိုင်တဲ့ ဟင်းလျာတွေကတော့ အဝစား BBQ & Hot Pot အပြင် ငါးကောင်လုံးကြွပ်ကြော်မရောနစ် ၊ ကြက်တုံးကြွပ်ကြော် ၊ ပန်းပွင့်စိမ်းကြော် ၊ ဆီချက်ခေါက်ဆွဲ ၊ ပုဇွန်မဆလာ ၊ ထမင်းကြော်(ငါးကြော်) ၊ ပုဇွန်ခြောက်စပ်ကြော် ၊ ပုဇွန်ထမင်းကြော် ၊ ငါးကောင်လုံးချဉ်စပ် ၊ ပြည်ကြီးငါးချဉ်စပ် ၊ ယိုးဒယားငါးဖယ်သုပ် ၊ ယိုးဒယားကြက်ကြောလုံးသုပ် ၊ လက်ဖက်ထမင်း(ငါးကြော်) ၊ မုန့်ဟင်းခါး ၊Dimsum ၊ ကြက်ဥချောင်းကြော် ၊ ငါးသံပုရာပေါင်း ၊ ကြက်သားကော်ရည်ခေါက်ဆွဲ ၊ပုဇွန်တန်ပူရာကြော် ၊ ငါးကောင်လုံးချိုချဉ် ၊ ပြည်လုံးချမ်းသာ ၊ ပုဇွန်ငရုတ်ကောင်းချက် ၊ ကျောက်ပုဇွန်ကင် စတဲ့ပင်လယ်ကမ်းခြေရဲ့လတ်ဆတ်သန့်ရှင်းတဲ့ ရှယ်ပင်လယ်စာတွေကို အပြတ်ဝါးနိုင်မှာနော်။ မြန်မာထမင်းဟင်းကလည်း အဝစားမှ ၁၅၀၀ ဆိုတော့စွန်းတန်တယ်နော်။

ဆိုင်ထိသွားမစားချင်တဲ့သူတွေအတွက်လည်း 09 42177 7997 ကိုဖုန်းဆက်မှာယူရုံနဲ့ Seafood City ကနေ Hotel ထိပို့ဆောင်ခအခမဲ့နဲ့ ပို့ဆောင်ပေးမှာဆိုတော့ ဝန်ဆောင်မှုကဂွတ်ရှယ်ပဲနော်။ ဟင်းအမည်တွေများသလို အရသာကလည်းထိပ်တန်းဆိုတော့ လျှာတွေဂျွမ်းပြန်ထွက်သွားစေဖို့ သိပ်ပြီးတွေဝေမနေပါနဲ့။ ချောင်းသာကိုသွားဖို့ Plan ရှိတဲ့သူတိုင်း မဖြစ်မနေ Plan ထည့်ဆွဲထားသင့်တဲ့ဆိုင်လေးဆိုတာ လုံးဝအသေအချာပါပဲနော်။

Image Source : www.facebook.com/seafoodcitybbq&hotpot

Leave A Comment

Your email address will not be published. Required fields are marked *