၆၀၀၀ကျပ်တည်းနဲ့ မာလာရှမ်းကောအဝစားနိုင်မယ့် Savory

စီချွမ်းစတိုင်မာလာရှမ်းကောစားမယ်ဆိုရင် အနည်းဆုံး (၁)သောင်းကျပ်လောက်ပေးရပေမယ့် စားလို့လည်းမဝဘူးရယ်။ အဲ့ဒီတော့ လကုန်ခါနီး ဘတ်ဂျတ်အခြေအနေကြည့်ရတဲ့အချိန်မျိုးဆိုရင် မာလာရှမ်းကောစားဖို့ သိပ်အဆင်မပြေလှဘူးနော်။ ဒါကြောင့် မာလာရှမ်းကောကို ဘတ်ဂျတ်အခြေအနေကြည့်စရာမလိုဘဲ အဝစားနိုင်မယ့် Savory ဆိုတဲ့ဆိုင်လေးကို Foodies Navi ကနေလမ်းညွှန်ပေးချင်ပါတယ်။

မာလာရှမ်းကောအဝစားကိုမှ တစ်ယောက်ကို (၆)ထောင်ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်။ စျေးတန်တယ်ဆိုပြီး ဟင်းအမယ်တွေကိုတော့ လျှော့မတွက်လိုက်နဲ့နော်။ ပါဝင်ပစ္စည်းပေါင်း (၃၈)မျိုးကို စိတ်ကြိုက်ရွေးချယ်ပြီး ချက်ပြုတ်ခိုင်းလို့ရတယ်ဆိုတော့ Gram နဲ့တွက်ဆနေစရာမလိုဘဲ အဝဆွဲဖို့သာပြင်ထားလိုက်တော့နော်။ ဒါ့အပြင် Special Ingredients တွေကိုလည်း သင့်တင့်တဲ့စျေးနှုန်းတွေနဲ့ ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ အချိန်ကလည်း (၁)နာရီခွဲတောင်ရတယ်ဆိုတော့ (၁)ပွဲကုန်သွားလို့ နောက်ထပ်ထပ်စားချင်တယ်ဆိုရင်လည်း ထပ်ချက်ခိုင်းလို့ရသေးတယ်နော်။ ထူးခြားတာကတော့ မာလာရှမ်းကောတင်မကသေးဘဲ ထမင်း ၊ ရေ ၊ အအေး ၊ အသီးတွေကို Free Flow ရဦးမှာဆိုတော့ စွန်းဖိုင်းတယ်နော်။ ဒါပေမယ့် စိတ်ကြိုက်ရွေးချယ်ပြီး Waste ဖြစ်တာတွေကိုတော့ 1Gram= 2000 kyats ပြန်လည်ပေးဆောင်ရမှာကိုတော့ အစားတစ်လိုင်းတို့သတိချပ်ဖို့လိုပါတယ်နော်။

Savory မှာတော့ မာလာရှမ်းကောအပြင် ပန်းသီးကြော် ၊ လက်ဖက်သုပ် ၊ ကြက်ကြွပ်ကြော် ၊ ကြက်ရေခွံကြွပ်ကြော် ၊ ဂဏန်းမဆလာချက် ၊ ဝက်ဂုတ်သားကင် ၊ ကြက်/ဝက်ချိုချဉ် ၊ ပုဇွန်ကလချက် ၊ ကြက်ချဉ်စပ်ကြော် ၊ ပြည်ကြီးငါးချဉ်စပ် ၊ ပြည်ကြီးငါးသုပ် ၊ ငါးရှန်ဟဲကုန်းဘောင် ၊ ဂုံးချဉ်စပ် ၊ ပြည်ကြီးငါးကင် ၊ ဝက်နံရိုးကြော် ငါးခဲပတ်ကင် ၊ ပုဇွန်အစိမ်းသုပ်တွေကိုလည်း အရသာရှိစွာ မှာယူစားသုံးနိုင်ဦးမှာပဲဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့လိပ်စာကတော့ Asia Business Center, Corner of 48th Street & Maha Bandula Road, Room No. (60), Ground Floor, Botahtaung Township Yangon ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

Image Source : www.facebook.com/savory

Leave A Comment

Your email address will not be published. Required fields are marked *