မြေပဲဆုံဆီမွှေးမွှေးလေးနဲ့သုပ်ထားတဲ့ အညာလက်သုပ်ကောင်းကောင်းစားချင်ရင်တော့

ဘယ်နိုင်ငံကအစားအစာတွေဘယ်လိုပဲကောင်းကောင်း ဘယ်လောက်ပဲအရသာရှိရှိ အချိန်တန်ရင်တော့ မြန်မာ့ရိုးရာလက်သုပ်တွေရဲ့အရသာကို တမ်းတမိတာအမှန်ပါပဲ။ လက်သုပ်တွေကိုမှ အညာဒေသကပေါက်ပေါက်ရှာရှာ အရွက်လေးတွေကို တစ်မျိုးတစ်ဖုံ ဆန်းသစ်တီထွင်ပြီးသုပ်စားကြတဲ့ အညာသုပ်လေးတွေဆိုရင် ရန်ကုန်မှာရဖို့ခဲယဉ်းလှသလို  အညာလက်ရာစစ်စစ်ကနေရနိုင်တဲ့ လက်သုပ်အရသာကိုမီနိုင်ဖို့ကတော့မလွယ်ပေါင်။ ဒီလိုရန်ကုန်မှာထိုင်နေရင်း အညာလက်သုပ်စစ်စစ်ကို ချဉ်ခြင်းတက်မိနေတတ်တဲ့ အက်မင်တို့လို အစားတစ်လိုင်းတွေအတွက် အညာလက်သုပ်လက်ရာကောင်းကောင်းတွေကို ကားနဲ့လှည့်ရောင်းတဲ့ “စားမား”ဆိုတဲ့ လက်သုပ်ဆိုင်ကားလေးအကြောင်းပြောပြပေးချင်ပါတယ်။

စားမားအညာလက်သုပ်ကားလေးမှာရောင်းချပေးတဲ့ လက်သုပ်တွေကိုအညာဒေသက မြေပဲဆုံဆီစစ်စစ်နဲ့သုပ်ပေးထားတာမို့ ပဲဆီနံ့မွှေးမွှေးလေးနဲ့ ဆီသန့်သန့်လေးကိုစားနိုင်မှာဖြစ်ပါတယ်။ စားမားမှာရနိုင်တဲ့အညာလက်သုပ်တွေကတော့ အညာဒေသရဲ့ဝါတွင်းကာလမှာ ဥပုသ်သည်တွေကိုသုပ်ကျွေးလေ့ရှိတဲ့ ချဉ်ပေါင်ဖူးခွံခြောက်သုပ် ၊ ရေနွေးကြမ်းလေးနဲ့တွဲဖက်စားရင် အရမ်းကိုလိုက်ဖက်တဲ့ သခွပ်ပွင့်သုပ် ၊ ရန်ကုန်မြို့မှာရနိုင်ဖို့ ခဲယဉ်းလှတဲ့ ကျိုက္ကမီဒေသထွက် ကျောက်ပွင့်ထောင်း ၊ သွေးအားနည်းရောဂါကိုကာကွယ်ပေးပြီး သွေးတိုးကျစေတဲ့ ငှက်ပျောဖူးသုပ် ၊ အမြင်အာရုံကောင်းမွန်စေတဲ့ ဟင်းနုနွယ်ရွက်သုပ်  ၊ ဆေးဘက်ဝင်ပြီးရှားပါးတဲ့ မြူရွက်သုပ် ၊ ကနဖော့ရွက်သုပ် ၊ ကြောင်လျှာရွက်သုပ်စတဲ့ အညာလက်ရာလက်သုပ်ကောင်းကောင်းလေးတွေကို ရနိုင်မှာဖြစ်ပါတယ်။

စားမားအညာလက်သုပ်ကားလေးကတော့ သင်္ဃန်းကျွန်းမြို့နယ် ၊ ရတနာလမ်းမ ၊ မလိခအိမ်ရာ ၊ တိုက်(၅)ရှေ့မှာရောင်းတတ်သလို ၊ညနေ(၆)နာရီနောက်ပိုင်းဆိုရင်တော့ သုဝဏ္ဏပေါ်ဆန်းမွှေးမီးပွိုင့်နားမှာ ရောင်းတတ်ပါတယ်။ (၁၀)ပွဲနဲ့အထက်ဆိုရင်လည်း အိမ်အရောက်ပို့ပေးပါတယ်။ မှာယူဖို့နဲ့အသေးစိတ်သိချင်ရင်တော့ 09782157210 ကိုဆက်သွယ်လို့ရပါတယ်နော်။

Image Source : www.facebook.com/စားမား

 

Leave A Comment

Your email address will not be published. Required fields are marked *